အမှုန်

From Wikipedia, the free encyclopedia

Remove ads

ရုပ်ပိုင်းဆိုင်ရာ သဘာဝတွင် အမှုန် (အင်္ဂလိပ်: particle) ဆိုသည်မှာ ထုထည်သိပ်သည်းဆဒြပ်ထုစသည့် ရူပဗေဒရုပ်သတ္တိအားဖြင့်သော်လည်းကောင်း၊ သို့မဟုတ် ဓာတုဗေဒ ရုပ်သတ္တိအားဖြင့်သော်လည်းကောင်း အမျိုးမျိုးဖော်ပြနိုင်သည့် သေးငယ်သော အရာဝတ္ထုပစ္စည်းများ ဖြစ်သည်။[][] အမှုန်များသည် အီလက်ထရွန်ကဲ့သို့သော အက်တမ်အောက်အမှုန်များမှ အက်တမ်နှင့် မော်လီကျူးများကဲ့သို့သော မိုက်ခရိုစကုပ်ဖြင့် မြင်နိုင်သော အမှုန်များ စသည်ဖြင့် အရွယ်အစားနှင့် ပမာဏ အမျိုးမျိုး ကွဲပြားသည်။ ဒြပ်သားစုဖွဲ့ဖြစ်တည်မှု၊ အခြေခံ သက်ရောက်မှုကြီးများ ဖြစ်ပေါ်မှုတွင် ပါဝင်နေသော အစိတ်အပိုင်းများ ဖြစ်သည်။

အက်တမ် တစ်ခုချင်းကို ဖြစ်စေ၊ အက်တမ်တွဲများ ဖြစ်သော မော်လီကျူး တစ်ခုချင်းကို ဖြစ်စေ အမှုန် တစ်ခုဟု ခေါ်နိုင်သည်။ ၎င်းတို့ထက် သေးငယ်သော အမှုန်မှာ အက်တမ်အောက်အမှုန်များ ဖြစ်သည်။

Remove ads

အခြေခံအမှုန် အုပ်စုကြီး နှစ်ခု

လူတို့၏ လက်ရှိ အသိသုတအရ ထပ်မံ ခွဲစိတ်မရတော့သော၊ အခြား (ပိုနုပ်မွှားသော) အမှုန်တို့ဖြင့် စုဖွဲ့ဖြစ်ပေါ်ထားမှုဟု မထင်ရသော အခြေခံအမှုန်များကို အုပ်စုကြီး ၂ ခုသို့ ခွဲနိုင်သည်။ တစ်မျိုးမှာ ဖာမီယွန် (fermion) ဖြစ်ပြီး ကွမ်တမ်သဘောယန္တရားအားဖြင့် လည်အင် (spin) ကိန်းဝက်ရှိသော အမှုန်များ ဖြစ်သည်။ အီလက်ထရွန်များနှင့် (ပရိုတွန်နှင့် နယူထရွန်ကို ဖွဲ့စည်းသော) ကွာ့ခ်များမှာ ဤအမှုန် အမျိုးအုပ်စုအတွင်း အကျုံးဝင်သည်။ ကျန်တစ်မျိုးမှာ ဘိုဇွန် (boson) ဖြစ်ပြီး လည်အင် ကိန်းပြည့်ရှိသော အမှုန်များဖြစ်သည်။ အလင်း၏ အစိတ်အပိုင်း ဖြစ်တည်မှု အနုပ်မွှားဆုံး ဖြစ်သည်ဆိုသော ဖိုတွန်တို့မှာ ဤအမှုန် အမျိုးအုပ်စုအတွင်း အကျုံးဝင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads