လျှပ်ဓာတ် သိပ်သည်းမှု

From Wikipedia, the free encyclopedia

လျှပ်ဓာတ် သိပ်သည်းမှု
Remove ads

ရူပဗေဒသုံး လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: charge density) ဆိုသည်မှာ - အလျားတခုခု၊ သို့မဟုတ် ဧရိယာပြင်တခုခု၊ ထုထည်အကျယ်အဝန်းတခုခု၏ တစ်ယူနစ်စာ အလျား၊ အကျယ်၊ ထုထည် အတွင်း လျှပ်ဓာတ်တို့ မည်မျှသော ပမာဏဖြင့် ဖြန့်ကျက်တည်ရှိနေသည်ကို အချိုးချဖော်ပြသည့် တိုင်းဖွယ်တမျိုးမျိုး ဖြစ်၏။

Thumb
လျှပ်ဓာတ်တို့ နေရာအနှံ့ရှိနေသည် ဆိုပါစို့၊ နှင့် တို့အဖြစ် ဤပုံ၌ ပြထား။ လျှပ်ဓာတ်တို့၏ ထုထည်တွင်းဖြန့်ကျက် သိပ်သည်းမှုနှုန်း (volume charge density) ρ သည် ကုဗတုံးထုထည်ပုံ အတွင်း တည်ရှိနေသည့် လျှပ်ဓာတ် တို့၏ စုဝေးနှုန်း အချိုးအစား ကို ဆိုလို၏။ ပြင်ဖြန့် လျှပ်ဓာတ် သိပ်သည်းမှု (surface charge density) σ ဆိုသည်မှာကား စက်ဝိုင်းပုံပြင်ကျယ် အတွင်း လျှပ်ဓာတ် ပမာဏ စုဝေးနှုန်း အချိုးအစား ကို ဆိုလို၏။ ပြင်ပေါ်ထောင့်မတ် စံအလွှားဗှတ္တာ (unit normal) ဆိုသည်မှာ မျက်နှာပြင်ကို ဧရိယာယူနစ် တစ်ယူနစ်စာ ပြင်(plane)တခုပေါ် ထောင့်မှန်ကျနေသည့် အလျားတစ်ယူနစ်စာ ဗှတ္တာ ဖြစ်၏။

ဂရိအက္ခရာ ρ နှင့် ပြရိုးရှိသော ထုထည်တွင် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: volume charge density) တစ်ယူနစ်စာ ထုထည် အတွင်း၌ လျှပ်ဓာတ် (ယူနစ် ကူလုမ်ဘ် - C) ပမာဏမည်မျှ သိပ်သည်းတည်ရှိနေသည်းကို ဖော်ပြသည့် စကေလာ တိုင်းဖွယ် ဖြစ်၏၊ ယူနစ်မှာ C⋅m−2 ဖြစ်မည်။[][][]

σ နှင့် ပြရိုးရှိသော ပြင်ဖြန့် လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: surface charge density) ဆိုသည်မှာ မျက်နှာပြင် အကျယ် တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−2 ဖြစ်၏။

λ နှင့် ပြရိုးရှိသော အလျားတွင်း လျှပ်ဓာတ် သိပ်သည်းမှု (အင်္ဂလိပ်: linear charge density) ဆိုသည်မှာ အလျား တခုခုအတွင်း လျှပ်ဓာတ်တို့ ဖြန့်ကျက်သိပ်သည်းနေမှု အချိုးနှုန်း ဖြစ်၍ စံယူနစ်မှာ C⋅m−1 ဖြစ်၏။

Remove ads

အကိုးအကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads