အလျား

From Wikipedia, the free encyclopedia

Remove ads

အကွာအဝေး (အင်္ဂလိပ်: distance) သည်လည်းကောင်း၊ အလျား (အင်္ဂလိပ်: length) သည်လည်းကောင်း - နေရာရပ်ဝန်း (အာကာသ) အတွင်း ၁ တိုင်းကြောင်းတည်းအဖြစ် ရှိနေသော တာဝန်းပမာဏ ဖြစ်လောရာ၊ ဂျီဩမေတြီသဘောအားဖြင့် အမှတ် ၂ခုကို (၎င်း ဆိုင်ရာရပ်ဝန်း၏ သဏ္ဌာန်ရင်းသရုပ်အတိုင်း) အတိုဆုံးအားဖြင့် ဆက်ဆွဲထားသော မျဉ်းဖြောင့်သဘော ဖြစ်ပေမည်။ အရပ်စကားရှိ အရာဝတ္ထု တခုခု၏ အလျားအတိုင်းအတာ (length of an object) ဟူသည်မှာကား အရာဝတ္တု၏ အရှည်လျားဆုံး ဖြစ်သော အတိုင်းအတာဖြစ်သည်၊ [] တနည်းအားဖြင့် ထိုအရာ၏ အစွန်ဆုံး နေရာအမှတ် ၂ခုကြား အကွာအဝေး ဖြစ်သည်။
ရူပဗေဒအားဖြင့်၊ အလျား (သို့) အကွာအဝေး သည် တည်နေရာ ဗှတ္တာ (positon vector) ၏ ပမာဏသဘော ဖြစ်လေ၏။
သို့ဖြင့် ကမ္ဘာသုံး စံယူနစ်မှာ မီတာ ဖြစ်၏။

အလျားကို အမြင့်(ထောင့်လိုက်ရှိသော အတိုင်းအတာပမာဏ)၊ အကျယ်၊ အနံ(အလျားနှင့် ထောင့်မှန်ကျစွာ အရာဝတ္တု၏ အစွန်းတဖက်မှ တဖက်သို့ တိုင်းတာသော အကွားအဝေး)တို့နှင့် ခွဲခြားသိမြင်ရန် လိုအပ်ပါသည်။ အလျားသည် dimension တစ်ခုကို တိုင်းတာပြီး ဧရိယာသည် dimensions နှစ်ခု (အလျား နှစ်ထပ်) နှင့် ထုထည်သည် dimension သုံးခု (အလျား သုံးထပ်) ကိုတိုင်းတာသည်။ အတိုင်းအတာစနစ်တွင် အလျား၏ ယူနစ်သည် အခြေခံယူနစ်ဖြစ်ပြီး ထိုမှအခြားယူနစ်များအား သတ်မှတ်ထားသည်။

The metric length of one kilometre is equivalent to the imperial measurement of 0.62137 miles.
Remove ads

သမိုင်းကြောင်း

တိုင်းတာခြင်းသည် လူတို့ ရွေ့ပြောင်းနေထိုင်သော လူမှုပုံစံမှသည် အခြေချနေထိုင်မှုများ စတင်ပြုလုပ်လာကြသည့်အခါမှစ၍ အရေးကြီးသော အကြောင်းအရာဖြစ်လာသည်။ တိုင်းတာမှုများကို ဆောက်လုပ်ရေးပစ္စည်းများတွင်လည်းကောင်း၊ နယ်မြေများသိမ်းပိုက်ရာတွင်လည်းကောင်း၊ အိမ်နီးချင်းတို့နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင်လည်းကောင်း စတင်အသုံးပြုလာကြသည်။ လူမှုအဖွဲ့အစည်းတွင် နည်းပညာဆိုင်ရာတို့ ပိုမိုတိုးတက်လာသောအခါ မိုက်ခရိုအီလက်ထရောနစ်မှသည် ဂြိုဟ်တစ်ခုနှင့် တစ်ခုအကွာအဝေးတိုင်အောင် အတိုင်းအတာတို့၌ ပိုမိုတိကျမှုသည် တိုး၍တိုး၍လာသော မတူကွဲပြား နယ်ပယ်တို့ ၌ လိုအပ်၍လာသည်။[]


အိုင်းစတိုင်းအထူးနှိုင်းရသီအိုရီ ဖော်ထုတ်ပြီးနောက် အလျားကို reference frame အားလုံး၌ တသမတ်တည်း စဉ်းစားဖို့ရန် မဖြစ်နိုင်တော့ချေ။ ပေတံတစ်ခုသည် reference frame တစ်ခု၌ တစ်မီတာရှည်သော်လည်း နောက် reference frame တွင် ထို ဒုတိယ reference frame သည် ပထမ reference frame နှင့်ဆက်နွယ်သော အလျင်အတိုင်းရွေ့လျားသွားမည်ဆိုပါက ထို ဒုတိယ reference frame တွင် ပေတံအရှည်သည် တစ်မီတာမဟုတ်နိုင်တော့ပေ။ ဆိုလိုသည်မှာ အရာဝတ္ထုတို့၏ အလျားသည် လေ့လာစောင်ကြည့်သူပေါ်မူတည်၍ ပြောင်းလဲနိုင်သည်။

Remove ads

ယူနစ်များ

ရုပ်ဝတ္ထုသိပ္ပံ (physical sciences) နှင့် အင်ဂျင်နီယာပညာရပ်တို့တွင်  "အလျား၏ ယူနစ်"ကို ရည်ညွှန်းလိုသောအခါ "အလျား" သည် "အကွာအဝေး"နှင့် အနက်တူနေသည်။ အလျားအား တိုင်းတာရန်အတွက် များလှစွာသော အတိုင်းအတာ ယူနစ်များစွာ ရှိကြသည်။ သမိုင်းအရ အလျား၏ ယူနစ်များသည် လူခန္ဓာကိုယ်အစိတ်အပိုင်းတို့၏ အရှည်၊ သွားခဲ့သော အကွာအဝေးကို ခြေလှမ်းဖြင့်၊ ကမ္ဘာကြီး၏ တနေရာ တနေရာသို့ အကွားအဝေး (သို့) တိကျသော အချို့သော အရာဝတ္ထုတို့၏ အရှည်တို့မှ ဆင်းသက်လာနိုင်သည်။

အပြည်ပြည်ဆိုင်ရာယူနစ်စနစ် (SI) တွင် အလျား၏ အခြေခံယူနစ်မှာ မီတာ ဖြစ်ပြီး ယခုအခါတွင် အလင်းအလျင်အရ အဓိပ္ပာယ်သတ်မှတ်လာကြသည်။ စင်တီမီတာနှင့် ကီလိုမီတာတို့သည် မီတာမှ ဆင်းသက်လာကြခြင်းဖြစ်ပြီး ယူနစ်များအဖြစ် များသောအားဖြင့် အသုံးပြုကြသည်။  U.S. customary unitsနှင့် Imperial system of units တို့တွင် အသုံးပြုကြသော အလျား၏ ယူနစ်များမှာ လက်မပေ ကိုက်နှင့် မိုင်တို့ ဖြစ်ကြသည်။

နက္ခတ္တဗေကဲ့သို့သော ကမ္ဘာမြေပေါ်တွင် အသုံးပြုသည်ထက် ပိုမိုရှည်လျားသည့် ကျယ်ပြောသော အာကသဟင်းလင်းပြင်၏ အကွားအဝေးများအား တိုင်းတာရန်အတွက်တွင်မူ ယူနစ်များကို သီးခြားအသုံးပြုသည်။ ထိုယူနစ်များထဲတွင် astronomical unitအလင်းနှစ်နှင့် parsec တို့ပါဝင်သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads