လွင်လွင်အေးကျော်
မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဒေါ်လွင်လွင်အေးကျော် (၁၉၆၂ ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီးဖြစ်သည်။သူမသည် လက်ရှိတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည်။[၁]
Remove ads
ပညာရေး
ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကို ၁၉၈၃ ခုနှစ်တွင် ရရှိသည်။၂၀၀၄ ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ ဥပဒေဒီပလိုမာ အပြင် ၂၀၀၇ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဖွံ့ဖြိုးရေးပညာမဟာဘွဲ့ ရရှိသည်။
ဝန်ထမ်းဘဝ
၁၉၈၄ ခုနှစ်တွင် တရားရေးဌာနသို့ဝင်ရောက်ခဲ့ပြီး တရားရေးဝန်ထမ်းအဆင့်(၄)အဖြစ် စတင်တာဝန် ထမ်းဆောင်ခဲ့သည်။ သူမသည် ကလေးသူငယ်တရားသူကြီး ရာထူး အပါအဝင် တရားရုံးများတွင် အဆင့်ဆင့် ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရသည်။ ထို့နောက် တရားရုံးချုပ်(ရန်ကုန်)တွင် တွဲဖက်ညွှန်ကြားရေးမှူး ၊ ရန်ကုန်တိုင်း ဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး ၊ ရှမ်းပြည်နယ်တရားလွှတ်တော်၊ ပြည်နယ်တရားရေးဦးစီးမှူးအဖြစ် လည်းကောင်း အသီးသီး တာဝန်ထမ်းဆောင်ခဲ့သည်။[၂]
Remove ads
တရားလွှတ်တော်တရားသူကြီးဘဝ
ဒေါ်လွင်လွင်အေးကျော်သည် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ မေလ ၂၆ ရက်နေ့တွင် စတင်တာဝန်ပေးအပ်ခံရသည်။[၃] ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဖြစ်လာသည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads