လွိုင်လင်မြို့
From Wikipedia, the free encyclopedia
Remove ads
လွိုင်လင်မြို့သည် ယခင် လဲချားနယ်၏ တောင်ပိုင်း ပင်လုံမြို့၏ တောင်ဘက်တွင် တည်ရှိ၍ ၊ လွိုင်လင်ခရိုင်၏ ရုံးစိုက်မြို့ဖြစ် သည်။ လွိုင်လင်ခရိုင်တွင် လွိုင်လင်မြို့နယ်၊ ပင်လုံမြို့နယ်(ခွဲ)၊ မိုင်းပွန်မြို့နယ်(ခွဲ)၊နမ့်စန်မြို့နယ်၊ခိုလန်မြို့နယ်(ခွဲ)၊ ကွန်ဟိန်းမြို့နယ် မိုင်းကိုင်မြို့နယ်၊ မိုင်းနောင်မြို့နယ်၊ မိုင်းရှူးမြို့နယ်၊ ကျေးသီးမြို့နယ်နှင့် လဲချားမြို့နယ်စသည်တို့ပါဝင်၍၊ ထိုခရိုင်သည် ရှမ်းပြည်တောင်ပိုင်းတိုင်းတွင် ပါဝင်၏။ လွိုင်လင်ခရိုင်၏ အကျယ်အဝန်းမှာ ၁၄၇၁၄ စတုရန်းမိုင် ဖြစ် သည်။ လူဦးရေမှာ ၁၂၇၈၃၁ (၂၀၁၉-၂၀၂၀) ဖြစ်၏။
လွိုင်လင်မြို့သည် ခရိုင်ရုံးစိုက်မြို့ ဖြစ်သည်နှင့်အညီ မြို့ပေါ်တွင် ခရိုင်ဝန်ရုံး၊ ခရိုင်ရဲဝန်ရုံး၊ ခရိုင်အင်ဂျင်နီယာရုံး၊ ဆေးရုံ၊ အထက်တန်း ကျောင်း စသည်တို့ရှိသည်။ လွိုင်လင်မြို့သည် ပေ ၅ဝဝဝ ကျော် မြင့်သော တောင်ကုန်းဒေသတွင် တည်ရှိ၍ ရာသီဥတုညီညွတ်မျှတသည်။ လွိုင်လင်မြို့ ၏လူဦးရေမှာ ၁၆၆၆ (၁၉၅၆) ဖြစ်၏။
တောင်ကြီးမြို့မှ ကျိုင်းတုံ၊ ယိုးဒယားနယ်စပ်ရှိ တာချီလိတ်သို့ ပေါက်သော ကားလမ်းသည် လွိုင်လင်မြို့ကိုဖြတ်သန်းသွားသည်။ လွိုင်လင် မှ လဲချား၊ မိုင်းကိုင်၊ သီပေါ တို့ကို ဖြတ်သန်း၍ လားရှိုးအရောက် ၁၈၅ မိုင် ရှည်လျားသောကားလမ်းတစ်လမ်းနှင့် လွိုင်လင်မှ လဲချား၊ မိုင်းနောင်၊ ကျေးသီးမန်စံ၊ မိုင်းရယ်တို့ကို ဖြတ်သန်း၍ လားရှိုးအရောက် ၂ဝ၂ မိုင် ရှည်လျားသော ကားလမ်းတစ်လမ်းတို့လည်းရှိသည်။ ထို့ပြင် တောင်ဘက် တွင် မိုးနဲနယ်၊ မိုင်းပန်နယ်တို့နှင့်လည်းကောင်း၊ မိုင်းပွန်နယ်၊ ဘန်းယဉ် နယ်၊ သထုံနယ်၊ ကယားပြည်နယ်တို့နှင့်လည်းကောင်း ကားလမ်းအဆက် အသွယ်များရှိလေသည်။ ထိုသို့ လမ်းပန်းအဆက်အသွယ်ကောင်းမွန်သည့်အ လျောက် အရှေ့ဘက်ယိုးဒယားနိုင်ငံမှလာသော ကုန်ပစ္စည်းများနှင့် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများ ဖလှယ်ရောင်းဝယ် တင်ပို့ရာဖြစ်၍စည်ကားလေသည်။ [၂]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads