ဝင်းမြင့် (တရားသူကြီး)
လက်ရှိ ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဦးဝင်းမြင့်(၁၉၆၁ ဖွား) သည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။၎င်းသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ခန့်အပ်ခဲ့ပြီး၊၂၀၂၅ ခုနှစ် စက်တင်ဘာတွင် သက်ပြည့်အငြိမ်းစားယူခဲ့သည်။သူသည် အငြိမ်းစား တပ်မတော်သားဘဝမှ တရားသူကြီး ဖြစ်လာခဲ့သူလည်း ဖြစ်သည်။[၂]
Remove ads
ပညာရေးနှင့်တပ်မတော်သားဘဝ
ဦးဝင်းမြင့်သည် တပ်မတော်တွင် ၁၉၈၁ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ သူသည် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဥပဒေဘွဲ့ကို ၁၉၈၅ ခုနှစ်တွင်ရရှိသည်။ ၁၉၉၉ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့် အငြိမ်းစားယူကာ တရားရေးအရာရှိအဆင့်(၂)အဖြစ် တရားရေးဌာနသို့ ကူးပြောင်းလာသည်။၂၀၁၂ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့သည်။သူသည် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ နေပြည်တော်တွင် ညွှန်ကြားရေးမှူးအဖြစ် နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့သည်။
Remove ads
တရားလွှတ်တော်တရားသူကြီးဘဝ
သူ့ကို သမ္မတဦး သိန်းစိန် က ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် အဆိုပြုခဲ့ပြီး ဧရာဝတီတိုင်းလွှတ်တော် ကလက်ခံသည့်အတွက် ၂၀၁၂ ခုနှစ်၊ ဩဂုတ်လတွင် ဧရာဝတီတိုင်းတရားလွှတ်တော်တရားသူကြီး တစ်ဦး ဖြစ်လာသည်။ တရားလွှတ်တော်တရားသူကြီးအဖြစ် ၁၀နှစ်ကျော် ထမ်းဆောင်ပြီး ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ (၁၁) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ က ၎င်းအား ဧရာဝတီတိုင်းဒေသကြီးတရာလွှတ်တော် တရားသူကြီးချုပ် အဖြစ် ခန့်အပ်ခဲ့သည်။[၃]၂၀၂၅ ခုနှစ်၊စက်တင်ဘာတွင် အသက် ၆၅ နှစ်ပြည့် အငြိမ်းစားယူခဲ့သည်။
Remove ads
မိသားစုဘဝ
သူသည် အိမ်ထောင်သည် တစ်ဦး ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads