မိုးမိုးအေး
From Wikipedia, the free encyclopedia
Remove ads
မိုးမိုးအေး (၁၉၆၃ ဖွား) သည် မြန်မာအမျိုးသမီးတရားသူကြီး ဖြစ်သည်။လက်ရှိတွင် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၏ ပဥ္စမမြောက် တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေပြီး၊ ယင်းမတိုင်မီက အဆိုပါတိုင်းတရားလွှတ်တော်တွင် တရားသူကြီးတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁]
Remove ads
ပညာရေး နှင့် ဝန်ထမ်းဘဝ
ဒေါ်မိုးမိုးအေးကို ၁၉၆၃ ခုနှစ်တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီး၊ ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် မှ ဥပဒေဘွဲ့ကိုရရှိခဲ့သည်။
ဒေါ်မိုးမိုးအေးသည် ၁၉၈၅ ခုနှစ်တွင် တရားရေးအရာရှိအဆင့်(၄)အဖြစ် တရားဌာနတွင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။
၂၀၁၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးအဆင့်နှင့် ညီမျှသော ပြည်နယ်/တိုင်းဦးစီးမှူးအဆင့်အထိ ရာထူးတိုးမြှင့်ခံခဲ့ရသည်။သူသည် ၂၀၂၀ ပြည့်နှစ်၊နိုဝင်ဘာ ၂၆ ရက် တွင် ဧရာဝတီတိုင်းဒေသကြီး၊တရားရေးဌာန၏ တိုင်းဦးစီးမှူး[၂] အဖြစ်မှ တိုင်းတရားလွှတ်တော်တရားသူကြီး အဖြစ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် အရေးပေါ်အစည်းအဝေးတွင် အဆိုပြုခံခဲ့ရသည်။[၃]တရားရေးလုပ်သက် စုစုပေါင်း ၃၅ နှစ် ရှိခဲ့သူ ၎င်းသည် အသက် ၆၀ မပြည့်မီ ၂နှစ်အလို၊ ၅၈ နှစ် ဖြင့် တရားရေးဝန်ထမ်းဘဝကို အငြိမ်းစားယူနှုတ်ထွက်ခဲ့ပြီး၊ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး တစ်ဦး အဖြစ် တာဝန်ပေးအပ်ခံရသည်။[၄]
Remove ads
တရားလွှတ်တော်တရားသူကြီးဘဝ
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ၎င်းအား ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးအဖြစ် တရားဝင်ခန့်အပ်စာ ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ်၊စက်တင်ဘာလတွင် ဧရာဝတီတိုင်းဒေသကြီး တရားသူကြီးချုပ် အဖြစ်တာဝန်ထမ်းဆောင်နေသည့် ဦးဝင်းမြင့် သည် အသက် ၆၅ နှစ်ပြည့်သွားပြီဖြစ်သည့်အတွက် တိုင်းတရားသူကြီးချုပ် အဖြစ်မှ အငြိမ်း စားယူခဲ့သည်။
လစ်လပ်နေရာအတွက် အငြိမ်းစားတိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီး ဒေါ်မိုးမိုးအေး[၅]ကို အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သည် ဧရာဝတီတိုင်းဒေသကြီးတရားလွှတ်တော်၏ ပဥ္စမမြောက် တရားသူကြီးချုပ် အဖြစ် ၂၀၂၅ ခုနှစ်၊အောက်တိုဘာ ၈ ရက် တွင် ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။[၆]
Remove ads
ပုဂ္ဂိုလ်ရေးဘဝ
ဒေါ်မိုးမိုးအေးသည် အိမ်ထောင်ရှိသူတစ်ဦးဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads