ဝင်းအောင် (ဝန်ကြီး)
မြန်မာ နိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဦးဝင်းအောင် သည် မြန်မာနိုင်ငံသား တပ်မတော်အရာရှိနှင့် နိုင်ငံရေးသမားဖြစ်ပြီး ၁၉၉၈ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးဝင်းအောင်ကို ၁၉၄၄ ခုနှစ်တွင် တနင်္သာရီတိုင်း ထားဝယ်မြို့တွင် မွေးဖွားသည်။ သူသည် တပ်မတော်သို့ ဝင်ရောက်ခဲ့ပြီး စစ်ထောက်လှမ်းရေးအရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဦးဝင်းအောင်သည် ဂျာမနီနိုင်ငံနှင့် ယူနိုက်တက်ကင်းဒမ်းသို့ သံအမတ်အဖြစ် ၁၉၉၈ ခုနှစ် နိုဝင်ဘာလအထိ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယင်းလတွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၂၀၀၄ ခုနှစ် စက်တင်ဘာလတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ စစ်ထောက်လှမ်းရေးအဖွဲ့ကို ဖျက်သိမ်းလိုက်ရာတွင် ဦးဝင်းအောင်သည် အခြားသော ဝန်ကြီးများနှင့်အတူ ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။
ဦးဝင်းအောင်သည် ဝန်ကြီးချုပ်ဖြစ်သူ ခင်ညွန့်နှင့် နီးစပ်သူ လူယုံတစ်ဦး ဖြစ်သည်။[၁] ရာထူးမှ ဖယ်ရှားခံရပြီးနောက် ဦးဝင်းအောင်သည် အင်းစိန်ထောင်တွင် အကျဉ်းကျခံခဲ့ရသည်။ ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၄ ရက်နေ့တွင် အသက် ၆၅ နှစ်ရှိပြီဖြစ်သော ဦးဝင်းအောင်သည် အင်းစိန်ထောင်တွင်း၌ ကွယ်လွန်ခဲ့သည်။ သူကွယ်လွန်စဉ်အချိန်တွင် သူသည် ထောင်သွင်းအကျဉ်းကျခံရသော တစ်ဦးတည်းသော ဝန်ကြီး ဖြစ်ခဲ့သည်။[၂]
ဦးဝင်းအောင်၏ သားဖြစ်သူ သောင်းစုငြိမ်းသည် မြန်မာနိုင်ငံရှိ နာမည်ကြီးသတင်းစာတစ်ခုဖြစ်သော ၇ ရက် နေ့စဉ်သတင်းစာ ကို ပိုင်ဆိုင်သူ ဖြစ်သည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads