အုန်းဂျော်
မြန်မာနိုင်ငံရေးသမား From Wikipedia, the free encyclopedia
Remove ads
ဦးအုန်းဂျော် (၃ မတ် ၁၉၃၂ မွေးဖွား) သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံ၏ ၁၆ ဦးမြောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၁၉၅၁ ခုနှစ်မှ စတင်ကာ ယူဂိုစလားဗီးယား၊ ဩစတြေးလျ နှင့် ဆိုဗီယက်ယူနီယံများတွင် သံတမန်ရေးရာများ လုပ်ကိုင်ခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ တောင်နှင့် အရှေ့တောင်အာရှ ဌာနခွဲတွင် ညွှန်ကြားရေးမှူးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် နိုင်ငံခြားရေး ဒုတိယဝန်ကြီးနှင့် ၁၉၉၁ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တိုးမြှင့်ခြင်းခံရသည်။[၁] ၁၉၉၈ ခုနှစ်တွင် နိုင်ငံခြားရေး ဝန်ကြီးရာထူးအား ဦးဝင်းအောင်နှင့် အစားထိုး ခန့်အပ်ခဲ့သည်။[၂] နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ဦးအုန်းဂျော် တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း ၁၉၉၆ ခုနှစ် ဇူလိုင်လတွင် မြန်မာနိုင်ငံသည် အာဆီယံအသင်းသို့ လေ့လာသူအဖြစ် ဝင်ရောက်ခွင့်ရရှိခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အသင်းဝင် ဖြစ်လာခဲ့သည်။[၃] မြန်မာနိုင်ငံသည် အာဆီယံတွင် အသင်းဝင်ဖြစ်လာခဲ့ခြင်းနှင့် ၂၀၁၄ ခုနှစ်တွင် ဥက္ကဋ္ဌရာထူး ရယူနိုင်ခဲ့ခြင်းတို့အတွက် ဦးအုန်းဂျော်သည် အဓိကနေရာမှ ပါဝင်ခဲ့သည်။[၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads