နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး
From Wikipedia, the free encyclopedia
Remove ads
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒများနှင့် သံတမန်ကိစ္စရပ်များကို ကိုင်တွယ်သည့် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အကြီးအမှူး ဝန်ကြီးဖြစ်သည်။ တရားဝင်အားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of Foreign Affairs) ဟုအသုံးပြုသည်။ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း ထိပ်ပိုင်းတွင်တည်ရှိကာ နိုင်ငံရေးအရ အရေးပါသောရာထူးတစ်ခုဖြစ်သည်။ လက်ရှိဝန်ကြီးမှာ ဦးသန်းဆွေဖြစ်သည်။
Remove ads
Remove ads
သမိုင်းကြောင်း
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကိုလိုနီခေတ်က တိုင်းပြည်၏ နိုင်ငံခြားရေးရာများကို မြန်မာနိုင်ငံ၏သဘောအလျောက် စီမံခွင့်ရပြီး နိုင်ငံခြားရေးရာဌာန စတင်တည်ထောင်သည့်နေ့ကို နိုင်ငံခြားရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့အဖြစ် သတ်မှတ်ကာ ထိုစဉ်ကဌာနအကြီးအကဲ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံးနိုင်ငံခြားရေးဝန်ကြီးဟု သတ်မှတ်ထားသည်။[၂]
လက်ရှိအချိန်အထိ နိုင်ငံခြားရေးဝန်ကြီး (၂၄)ဦးရှိသည်။ဒေါ်အောင်ဆန်းစုကြည်မှာ ၂၀၁၆ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဖြစ်လာပြီး ပထမဆုံးသော အမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဖြစ်သည်။ နိုင်ငံခြားရေးဝန်ကြီးများသည် အရပ်သားများသာမက နိုင်ငံရေးအခြေအနေကြောင့် တပ်မတော်သားများကပါ ဝန်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။[၃]
Remove ads
ဝန်ကြီးများစာရင်း
Remove ads
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (အင်္ဂလိပ်: Union Minister for the Ministry of International Cooperation) သည် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးနှင့် သက်ဆိုင်သော ဝန်ကြီး (၂)ဦးမှ တစ်ဦးဖြစ်သည်။၂၀၁၇ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကို ပြည်ထောင်စုဝန်ကြီးအဖြစ် စတင်ခန့်အပ်ခဲ့သည်။၎င်း၏တာဝန်မှာ တချို့သော နိုင်ငံခြားရေးရာကိစ္စများတွင် နိုင်ငံခြားရေးဝန်ကြီးကိုယ်စား ဝန်ကြီးအဆင့်ဖြင့် တာဝန်ယူနိုင်ရန်ဖြစ်သည်။[၄]လက်ရှိပြည်ထောင်စုဝန်ကြီးမှာ ဦးကိုကိုလှိုင်ဖြစ်သည်။
ဝန်ကြီးများစာရင်း
စင်ပြိုင်ဝန်ကြီးများ
မြန်မာ့နိုင်ငံရေးတွင် ပြည်ပရောက် စင်ပြိုင်အစိုးရများရှိခဲ့ပြီး ထိုအစိုးရအဖွဲ့များတွင်လည်း နိုင်ငံခြားရေးဝန်ကြီးများရှိခဲ့သည်။
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ
- ဒေါက်တာစိန်ဝင်း (၁၉၉၀ - ၂၀၁၂)
ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ အစိုးရအဖွဲ့ / အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့
- ဒေါ်ဇင်မာအောင် (၂၀၂၁ - လက်ရှိ)
- ဒေါက်တာဆာဆာ (၂၀၂၁ - လက်ရှိ) (အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး)
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads