ဝန်းသိုမြို့

From Wikipedia, the free encyclopedia

Remove ads

ဝန်းသိုမြို့သည် စစ်ကိုင်းတိုင်းဒေသကြီးကသာခရိုင်ဝန်းသိုမြို့နယ်၏ မြို့နယ်ရုံးစိုက်ရာ မြို့ဖြစ်သည်။ မန္တလေး-မြစ်ကြီးနား မီးရထားလမ်းပေါ်တွင်တည်ရှိပြီးမီးရထားရပ်နားရာ မြို့တစ်မြို့ဖြစ်သည်။ မီးရထားကောင်းများမရပ်နားသော်လည်း အမှတ်၅၅ ၅၆ ၅၇ ၅၈ မန္တလေး-မြစ်ကြီးနား မီးရထားများကိုသာအဓိကအားထားရသည်။ မော်တော်ကားဖြင်သွားမည်ဆိုပါက မန္တလေး- ရွှေဘို - မြစ်ကြီးနား ပြည်ထောင်စု ကားလမ်းမကြီးမှ သွားလာနိုင်သည်။ မီးရထားဖြင့် သွားမည်ဆိုပါက ၈ နာရီခန့် ကြာမြင့်ပြီး မော်တော်ကားဖြင့် သွားမည်ဆိုပါက ၆နာရီခန့် အချိန်တိုအတွင်း ရောက်ရှိနိုင်သည်။

အချက်တိုများ ဝန်းသိုမြို့, နိုင်ငံ ...
Remove ads

သမိုင်းကြောင်း

မြန်မာသက္ကရာဇ် (၃၀၃)ခုနှစ်တွင် သင်တိုင်းတောင်နှင့် ဒေါင်းမြူးချောင်း ဆုံရာ ဖိုခနောက်နေရာတွင် ရှမ်းအခေါ် ကြိုင်းဆေးမြို့ကို တည်ထောင်ခဲ့သည်။ မြန်မာဘာသာဖြင့် ကျားခနောက်မြို့ဟု အမည်ခေါ်သည်။ မြို့အမည်ကို အဆင့်ဆင့် ပြောင်းလဲခဲ့ရာ ၃၀၃ ခုနှစ် သိုဟုန်ဘွားလက်ထက်တွင် "ကြိုင်းဆေး"၊ ၇၀၅ ခုနှစ် ဟော်မိုဟန်လက်ထက်တွင် "ကြိုင်းဆို"၊ ၇၅၀ ခုနှစ် ခွန်ဆိုင်လက်ထက်တွင် "မိန်းဆို"၊ ၈၀၀ ခုနှစ် စောခန်းကြည်လက်ထက်တွင် "ကြိုင်းကောင်း"၊ ၉၀၀ ခုနှစ် စောညီလက်ထက်တွင် "သင်းလဲစင်လဲ"၊ ၁၀၀၀ ခုနှစ် ငရသူလက်ထက်တွင် "ဗျဂ္ဃပူရ"၊ နှင့် ၁၁၂၅ ခုနှစ် စော်ဘွားငအောင်ညိုလက်ထက်တွင် "ဝန်းသို" ဟူ၍ ဖြစ်သည်။

ဝန်းသိုမြို့နယ်တွင် စော်ဘွား(၂၆၄)ဆက်၊ စစ်ကဲ(၃)ဆက်၊ စော်ဘွားကြီး(၄)ဆက်၊ မြို့သူကြီး(၈) ဆက်ရှိခဲ့ပြီး နောက်ဆုံး စော်ဘွားမှ စော်ဘွားကြီး ဦးအောင်မြတ် ဖြစ်သည်။

Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads