ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်

ပီရူးနိုင်ငံရှိ ကမ္ဘာ့အမွေအနှစ်နေရာနှင့် အမျိုးသားဥယျာဉ် From Wikipedia, the free encyclopedia

ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်map
Remove ads

ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ် သည် ပီရူးနိုင်ငံရှိ အမျိုးသားဥယျာဉ်တစ်ခု ဖြစ်ပြီး အန်ကက်ရှ်ဒေသရှိ အင်န်ဒီးစ် တောင်တန်း အလယ်ပိုင်းဖြစ်သော ကော်ဒီလယ်ရာ ဘလန်ကာ တောင်တန်း (ကမ္ဘာပေါ်ရှိ အမြင့်ဆုံး အပူပိုင်းဒေသ တောင်တန်း) ၏ အစိတ်အပိုင်း အတော်များများ ပါဝင်သည်။[] ဥယျာဉ်၏ အကျယ်အဝန်းမှာ ၃၄၀,၀၀၀ ဟက်တာ (၃,၄၀၀ စတုရန်း ကီလိုမီတာ) မျှ ကျယ်ဝန်းကာ SERNANP ခေါ် ပီရူးနိုင်ငံ ထိန်းသိမ်းထားသော ဒေသများကွန်ယက် မှ စီမံခန့်ခွဲသည်။ [] ၁၉၈၅ တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ စာရင်းတွင် ထည့်သွင်းခဲ့သည်။ [] လူသိများသော တောင်တက်စခန်းလည်း ဖြစ်ပြီး ထူးခြားသော ဇီဝမျိုးကွဲများ တည်ရှိရာ နေရာလည်း ဖြစ်ကာ အင်န်ဒီးစ် ဘုရင်မ ဟုအမည်ရသည့် အပင်အပါအဝင်[]မျက်ကွင်းနက် ဝက်ဝံ၊ ကွန်ဒါလင်းတ၊ ဗီကူနာသမင် နှင့် တာရူကာ သမင် အစရှိသော တိရစ္ဆာန်များ ရှိသည်။

အချက်တိုများ ဝပ်စ်ကာရန်း အမျိုးသားဥယျာဉ်, တည်နေရာ ...


ဥယျာဉ်သည် မြောက်မှတောင်သို့ ၁၅၀ ကီလိုမီတာ (၉၃ မိုင်) ရှည်လျား၍ အနံအားဖြင့် ၂၅ ကီလိုမီတာ (၁၆ မိုင်) မျှ ရှိသည်။ ကော်ဒီလယ်ရာ ဘလန်ကာ တောင်တန်း၏ အနောက်ဘက် တောင်စောင်းသည် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့ ဆန်တာမြစ်မှ တဆင့် စီးဝင်ကာ အရှေ့ဘက် တောင်စောင်းမှာမူ မာရာနွန်မြစ် အတွင်းမှတဆင့် အမေဇုံမြစ် နှင့် အတ္တလန္တိတ်သမုဒ္ဒရာအတွင်း သို့ စီးဝင်သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads