ဝအမျိုးသားတပ်မတော်

From Wikipedia, the free encyclopedia

ဝအမျိုးသားတပ်မတော်
Remove ads

ဝအမျိုးသားတပ်မတော် (အင်္ဂလိပ်: Wa National Army; အတိုကောက် WNA) သည် မြန်မာ နှင့် ထိုင်းနယ်စပ်အနီး ရှမ်းပြည်နယ်အတွင်းတွင် လှုပ်ရှားနေသော လက်နက်ကိုင်အဖွဲ့ ဖြစ်ပြီး[] ဝအမျိုးသားအဖွဲ့ချုပ် (WNO) ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။[]

အချက်တိုများ ဝအမျိုးသားတပ်မတော်, ခေါင်းဆောင်များ ...
Remove ads

သမိုင်း

WNA ကို ၁၉၇၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့တွင် မူလအဖွဲ့ဖြစ်သည့် SSA ရှမ်းပြည်တပ်မတော် (SSA) နှင့် လော်စစ်ဟန် တို့ ပူးပေါင်းပြီး တည်ထောင်ခဲ့သည်။ ထိုအဖွဲ့ကို ကကွယ်ရဲ ဟု ခေါ်ကာ ဝိန်ငင်း နောက်ဆုံး စော်ဘွား၏သား စဝ်မဟာဆန်းက ဦးဆောင်ခဲ့သည်။

၁၉၇၇ ခုနှစ်တွင် WNO သည် SSA နှင့် အဆက်အသွယ်ဖြတ်ခဲ့ပြီး ဗိုလ်ချုပ်ကြီး Li Wenhuan ဦးဆောင်သော မြန်မာ - တရုတ်နယ်စပ်အနီး တွင် လှုပ်ရှားနေသော ကူမင်တန် တပ်ရင်း ၃ နှင့် မဟာမိတ်ဖွဲ့ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် WNO သည် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) သို့ တရားဝင် ဝင်ရောက်ခဲ့သည်။

၁၉၈၀ ဆယ်စုနှစ်များတွင် WNA သည် မြန်မာ - ထိုင်းနယ်စပ် အနီး ရှမ်းပြည်မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သော်လည်း ၁၉၈၉ ခုနှစ်အထိ ဗမာပြည်ကွန်မြူနစ်ပါတီ ၏ ထိန်းချုပ်မှုအောက်ရှိ တောင်တန်းဒေသများတွင် မဟုတ်ပေ။

ဝအမျိုးသားတပ်မတော်သည် ၁၉၉၇ ဩဂုတ်လတွင် နဝတ အစိုးရနှင့် ငြိမ်းချမ်းရေး သဘောတူစာချုပ် ချုပ်ဆို ခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads