အုန်းမြင့်၊ သခင်

မြန်မာသတင်းစာဆရာနှင့် နိုင်ငံရေးသမား From Wikipedia, the free encyclopedia

Remove ads

သခင်အုန်းမြင့် သည် မြန်မာနိုင်ငံသား နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။[]

အချက်တိုများ သခင် အုန်းမြင့်, မွေးဖွား ...

သခင်အုန်းမြင့်ကို (၁၉၁၈) ခုနှစ် ဧပြီလ (၂၈) ရက်နေ့က အဘ ဦးမိုးကောင်း၊ အမိ ဒေါ်အေးတင်တို့က ပဲခူးတိုင်း လက်ပံတန်းမြို့နယ်တွင် မွေးဖွား ခဲ့သည်။ (၁၉၃၃) ခုနှစ်တွင် ဒို့ဗမာ အစည်းအရုံး၌ တက်တက်ကြွကြွ ပါဝင် ဆောင်ရွက်ရင်း နိုင်ငံရေး လောကထဲသို့ ရောက်ရှိလာခဲ့သည်။

(၁၉၃၄) ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းလာပြီး ဂျာနယ်ကျော် ဦးချစ်မောင်နှင့် အတူ နေထိုင်ရင်း သတင်းစာများတွင် ဆောင်းပါးနှင့် အခန်းဆက် ဝတ္ထုရှည်များ ရေးသားခဲ့သည်။ ဆယ့်နှစ်ရာသီ ပြုံး မြင့်အုန်းဆီမီးခွက် စသော ကလောင်အမည်များကို အသုံးပြုခဲ့သည်။ တိုးတက်ရေး သတင်းစာ၏ သတင်း အယ်ဒီတာအဖြစ်လည်း လုပ်ကိုင်ခဲ့သည်။ ဒို့ဗမာ အစည်းအရုံးဝင် ဖြစ်ပြီး ဖက်ဆစ် ဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သည်။

အိမ်စောင့် အစိုးရ လက်ထက်တွင် နိုင်ငံရေး ပုဒ်မများဖြင့် ကိုကိုးကျွန်းသို့ အပို့ ခံခဲ့သည်။[][] (၁၉၈၉) နှင့် (၁၉၉၆) ခုနှစ်များတွင်လည်း စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။[] သူသည် ထင်ပေါ်လိုသူ မဟုတ်သော်လည်း နိုင်ငံရေး လောက စာပေ လောကတို့တွင် လူအများ လေးစားခြင်း ခံခဲ့ရသည်။

၂၀၁၀ ခုနှစ် စက်တင်ဘာ ၁၇ တွင် ကွယ်လွန်ခဲ့ပြီး ရေဝေးသုသာန်တွင် သင်္ဂြိုဟ် ခဲ့သည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads