သင်တောင်းကြီးရွာ
From Wikipedia, the free encyclopedia
Remove ads
သင်တောင်းကြီးရွာသည် မြန်မာနိုင်ငံ၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၏ မြောက်ဘက် နှစ်မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယခုလက်ရှိ သင်တောင်းကြီးရွာကား အနော်ရထာမင်းကြီး တည်ဆောက်စဉ်က သင်တောင်းကြီးရွာ မဟုတ်ပါ။ မင်းကြီးတည်ဆောက်ခဲ့သော သင်တောင်းကြီးရွာ၏ အနောက်ဘက် မိုင်ဝက်ခန့်ဝေးသော ရေလွတ်ရာဒေသတွင် တည်ရှိ၍ ရွှေသိမ်တော်မြတ်စွာဘုရား ခြေတော်ရင်းသို့ ပိုမိုနီးကပ်လာပါသည်။
ယခင် သင်တောင်းကြီးရွာမှာ သင်တောင်းအင်းအတွင်း တည်ရှိ၍ ရွာပတ်လည်တွင် အင်းရေများ ဝိုင်းနေပါသည်။ ကျုံးတူးစရာမလိုအောင် ရေဝိုင်းနေသော ကုန်းမြေပေါ်ရှိ ရွာပျက်နှင့် မဝေးသော အရပ်မှာ ရှိသည်။ ရှေးအခါက ရွာဟောင်းနှင့် ယခုရွာသစ်မှာ လှေနှင့်ကူး၍၎င်း၊ လက်ပစ်ကူး၍၎င်း သွားကြရသည်ဟု ဆိုသည်။ အင်္ဂလိပ်အစိုးရ လက်ထက်ရောက်မှ အင်းကို လယ်များအဖြစ်တည်ကာ အင်းကို ဖျက်ပစ်သောအခါ ရွာဟောင်းနှင့် ရွာသစ်တို့မှာ ရေမကူးရတော့ပဲ သွားလာနိုင်သည်။
ကျောက်ဆည်မြို့နယ်တွင် သင်တောင်းကြီးရွာ ရှိသကဲ့သို့ စဉ့်ကိုင်မြို့နယ်တွင် သင်တောင်းငယ်ရွာလည်း ရှိသေးသည်။ သင်တောင်းငယ်ရွာမှာ သင်တောင်းကြီးရွာ၏ အနောက်မြောက် ယွန်းယွန်း သုံးမိုင်ခန့် အကွာတွင် တည်ရှိသည်။ (Crow fly (or) Cross Section ခေါ် ထောင့်ဖြတ်မျဉ်းအားဖြင့် သုံးမိုင်ခန့် ကွာဝေးသည်။) ပထမတည်သောရွာကို ကြီးထည့်၍ နောက်တည်သောရွာကို ငယ် ထည့်ခေါ်ကြသည်။ ထို့ကြောင့် အနော်ရထာမင်း တည်သော သင်တောင်းရွာကို သင်တောင်းကြီးဟု ခေါ်ကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads