သင်းသင်းနွဲ့
လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်သည် From Wikipedia, the free encyclopedia
Remove ads
ဒေါ်သင်းသင်းနွဲ့(၁၉၅၉ ဖွား) သည် လက်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဖြစ်သည်။[၁] [၂] သူမသည် ထိုတာဝန် မယူမီ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဖြစ်ခဲ့သည်။ ဝဏ္ဏကျော်ထင် ဘွဲ့ အပ်နှင်း ခံရသော အမျိုးသမီးတရားသူကြီးလည်းဖြစ်သည်။
Remove ads
ပညာရေး
၁၉၈၁ ခုနှစ်တွင် ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B) ကို ရရှိခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဥပဒေဘွဲ့ (LL.M) ကို ရရှိသည်။
ဝန်ထမ်းဘဝ
၁၉၈၃ ခုနှစ်တွင် တရားရေးဌာနသို့ တရားရေးဝန်ထမ်း အဆင့် (၄) အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး တရားရုံးချုပ် (ရန်ကုန်) ၌ တွဲဖက်ညွှန်ကြားရေးမှူး ရာထူးအထိ တာဝန်ထမ်းဆောင်သည်။ တရားရုံး အဆင့်ဆင့်တွင် တရားရေးလုပ်သက် (၂၈) နှစ်ကျော် ရှိခဲ့သည်။
တရားလွှတ်တော်တရားသူကြီးဘဝ
၂၀၁၁ ခုနှစ်၊ မတ်လ ၃၀ တွင် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်၌ တရားလွှတ်တော် တရားသူကြီးအဖြစ် ခန့်အပ်ခံရသည်။ စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၇) ရက်နေ့တွင် သူမကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် ၌ တရားသူကြီးချုပ်အဖြစ် ခန့်အပ်သည်။[၃]ယင်းနောက်ဒေါ်သင်းသင်းနွဲ့သည် တိုင်းလွှတ်တော်တရားသူကြီးချုပ်အဖြစ်မှ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှစ၍ ထပ်မံ ခန့်အပ်ခဲ့ရသည်။[၄] [၅]
မိသားစုဘဝ
ဒေါ်သင်းသင်းနွဲ့သည် အိမ်ထောင်မရှိသူတစ်ဦး ဖြစ်သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads