သင်္ချာသန့်သန့်

From Wikipedia, the free encyclopedia

Remove ads

သင်္ချာသန့်သန့် (pure mathematics) သည် သင်္ချာကို သင်္ချာအတွက် (mathematics for the sake of mathematics) လေ့လာခြင်း၊ တနည်းအားဖြင့် ဆိုသော် အသုံးချရန် အဓိကရည်ရွယ်၍ မဟုတ်ဘဲ သင်္ချာ အသိပညာတိုးတက်ရန် သက်သက်အတွက် သဘောတရားများကို ခြုံငုံစေ့စပ်စွာ လေ့လာခြင်းဟု အကြမ်းအားဖြင့် ဆိုနိုင်သည်။

သင်္ချာတွင် ပညာရပ်နယ်ပယ်များခွဲခြားရာ၌ မိရိုးဖလာ ခွဲခြားပုံခွဲခြားနည်းတစ်မျိုးမှာ သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာ (applied mathematics) ဟူ၍ ခွဲခြားခြင်းဖြစ်သည်။ ဤခွဲခြားပုံအရ ဆိုလျှင် သင်္ချာသန့်သန့် ဆိုသည်မှာ အသုံးချသင်္ချာ မဟုတ်သည့် သင်္ချာဟု ဆိုနိုင်သည်။ ဤသို့ခွဲခြားရာတွင် သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာကြားရှိ နယ်နိမိတ်မှာ ရှင်းလင်းပြတ်သားခြင်းမရှိကြောင်း သတိပြုသင့်၏။ သင်္ချာသန့်သန့်ကိစ္စအနေဖြင့် သုတေသနပြု တွေ့ရှိထားသည့် ရလဒ်များသည် နောင်တွင် (တခါတရံ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ပြီးနောက်) လက်တွေ့ကမ္ဘာတွင် လွန်စွာအသုံးကျလာခြင်းများ ရှိသကဲ့သို့၊ လက်တွေ့အသုံးချရန် အသုံးချသင်္ချာအနေဖြင့် စတင်စူးစမ်းသော ကိစ္စအချို့တွင် လုံလောက်သော သဘောတရားအခြေခံ မရှိသေးကြောင်း တွေ့ရှိရ၍ သင်္ချာသန့်သန့်ကိစ္စရပ်အဖြစ် ပြောင်းလဲသုတေသနပြုရသည်များလည်း ရှိလေသည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads