အသုံးချသင်္ချာ

From Wikipedia, the free encyclopedia

Remove ads

သင်္ချာလောက၏ ပြင်ပဖြစ်သော သိပ္ပံပညာရပ်များအင်ဂျင်နီယာ ပညာရပ်များ၊ စီးပွားရေးလောက၊ ကွန်ပျူတာသိပ္ပံနှင့် စက်မှုကုန်ထုတ်လုပ်ငန်းများ အစရှိသည့် နယ်ပယ်များတွင် အသုံးချရန်၊ ၎င်း နယ်ပယ်တို့ရှိ မေးခွန်းပြဿနာများကို အဖြေထုတ်ရန် အဓိက ရည်ရွယ်၍ သုတေသနပြုသည့် သင်္ချာဘာသာရပ်ကို အသုံးချသင်္ချာ (applied mathematics) ဟု ခေါ်သည်။

သင်္ချာတွင် ပညာရပ်နယ်ပယ်များခွဲခြားရာ၌ မိရိုးဖလာ ခွဲခြားပုံခွဲခြားနည်းတစ်မျိုးမှာ သင်္ချာသန့်သန့် (pure mathematics) နှင့် အသုံးချသင်္ချာ ဟူ၍ ခွဲခြားခြင်းဖြစ်သည်။ ဤသို့ခွဲခြားရာတွင် သင်္ချာသန့်သန့်နှင့် အသုံးချသင်္ချာကြားရှိ နယ်နိမိတ်မှာ ရှင်းလင်းပြတ်သားခြင်းမရှိကြောင်း သတိပြုသင့်၏။ သင်္ချာသန့်သန့်ကိစ္စအနေဖြင့် သုတေသနပြု တွေ့ရှိထားသည့် ရလဒ်များသည် နောင်တွင် (တခါတရံ ရာစုနှစ်နှင့်ချီ၍ ကြာမြင့်ပြီးနောက်) လက်တွေ့ကမ္ဘာတွင် လွန်စွာအသုံးကျလာခြင်းများ ရှိသကဲ့သို့၊ လက်တွေ့အသုံးချရန် အသုံးချသင်္ချာအနေဖြင့် စတင်စူးစမ်းသော ကိစ္စအချို့တွင် လုံလောက်သော သဘောတရားအခြေခံ မရှိသေးကြောင်း တွေ့ရှိရ၍ သင်္ချာသန့်သန့်ကိစ္စရပ်အဖြစ် ပြောင်းလဲသုတေသနပြုရသည်များလည်း ရှိလေသည်။


Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads