သမ္မတအိမ်တော် (တောင်ကိုရီးယား)
တောင်ကိုရီးယားသမ္မတ၏ လက်ရှိရုံး From Wikipedia, the free encyclopedia
Remove ads
ကိုရီးယားသမ္မတနိုင်ငံ သမ္မတအိမ်တော် သည် တောင်ကိုရီးယားနိုင်ငံ သမ္မတ ရုံးထိုင်ရာ အဆောက်အဦးဖြစ်သည်။ ယခင်က အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန၏ ရုံးအဆောက်အဦးဖြစ်ကာ ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့မှစ၍ သမ္မတရုံးထိုင်ရာ နေရာဖြစ်လာခဲ့သည်။
Remove ads
တည်နေရာနှင့် သမိုင်းကြောင်း
ဤအဆောက်အဦးသည် မြို့တော်ဆိုးလ်မြို့၊ 22 Itaewon-ro, Yongsan ခရိုင်တွင် တည်ရှိသည်။ ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် ဖွင့်လှစ်ခဲ့ပြီး (၂၇၆,၀၀၀) စတုရန်းမီတာကျယ်ဝန်းကာ အထပ်မြင့်အဆောက်အဦးဖြစ်သည်။[၁][၂]
ယခင်က သမ္မတများရုံးထိုင်ရာ အိမ်ပြာတော်မှာ အများပြည်သူနှင့် အလှမ်းဝေးသည်ဟုဆိုကာ ၂၀၂၂ခုနှစ် မေလ (၁၀)ရက်နေ့တွင် အသစ်တက်လာသော သမ္မတ ယွန်းဆော့ယော က ဤအဆောက်အဦးသို့ နေရာပြောင်းရွှေ့ ရုံးထိုင်ခဲ့သည်။[၃] ထို့ကြောင့် ဤအဆောက်အဦးသည် တောင်ကိုရီးယားနိုင်ငံသမ္မတ၏ ရုံးထိုင်ရာအဆောက်အဦးဖြစ်လာခဲ့သည်။ သမ္မတသည် ပြည်ပမှဧည့်သည်တော်များကိုလည်း ဤအဆောက်အဦး၌ပင် လက်ခံတွေ့ဆုံသည်။[၄]
Remove ads
အမည်နာမ
ပြောင်းလဲရုံးထိုင်သည့် အဆောက်အဦးအတွက် အမည်ပေးရန် သမ္မတယွန်းဆော့ယော၏ အစိုးရက ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့သည်။ လက်ခံရရှိသည့်အမည်ပေါင်း (၃၀,၀၀၀)ကျော်မှ ဇကာတင်အမည်အဖြစ် People's House၊ Gukmin Cheongsa, Mineum Cheongsa၊ Bareunnuri နှင့် Itaewon-ro 22 တို့ကို ရွေးချယ်ခဲ့သည်။
ပြည်သူ့အိမ်တော် (People's House) သည် သမ္မတယွန်း၏ ကနဦးရွေးချယ်ခြင်းခံခဲ့ရသည်ဟုဆိုသည်။ သမ္မတရုံးသည် ပြည်သူအားလုံးအတွက် ဖွင့်လှစ်ထားပြီး ပြည်သူများကသာ ပိုင်ဆိုင်သည်ဟု အဓိပ္ပါယ်ရသည်။Gukmin Cheongsa သည် ပြည်သူ့အစိုးရရုံးဟု အဓိပ္ပါယ်ရသည်။
နောက်ဆုံးတွင် အထက်ပါအမည်များအနက် မည်သည်ကိုမှ အတည်မပြုခဲ့ဘဲ အချိန်အတိုင်းအတာတစ်ခုအထိ သင့်လျော်သောအမည်အသစ်ကို ရှာဖွေရန် ဆုံးဖြတ်ခဲ့ကြသည်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads