တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ
ကိုရီးယားသမ္မတနိုင်ငံ အစိုးရအဖွဲ့နှင့် နိုင်ငံတော် အကြီးအကဲ From Wikipedia, the free encyclopedia
Remove ads
တောင်ကိုရီးယားနိုင်ငံ၏ သမ္မတ တရားဝင်အားဖြင့် ကိုရီးယားသမ္မတနိုင်ငံ၏ သမ္မတ (အင်္ဂလိပ်: President of the Republic of Korea; ကိုရီးယား - 대한민국 대통령, RR: Daehanminguk daetongnyeong) သည် ကိုရီးယားသမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီ၏ အကြီးအမှူးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲဖြစ်သကဲ့သို့ အစိုးရအဖွဲ့အကြီးအကဲလည်းဖြစ်သည်။ အမျိုးသားအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးမဏ္ဏိုင်မှ အုပ်ချုပ်ရေးအကြီးအကဲလည်းဖြစ်သည်။ ထို့အပြင် ကိုရီးယားတပ်မတော်၏ ကာကွယ်ရေးဦးစီးချုပ်လည်းဖြစ်သည်။
အခြေခံဥပဒေနှင့် ၁၉၈၇ သမ္မတရွေးချယ်တင်မြှောက်ခြင်း ဥပဒေအရ သမ္မတအား ပြည်သူများမှ တိုက်ရိုက်လျှို့ဝှက်ဆန္ဒမဲပေး၍ ရွေးချယ်ကြသည်။[၃] ထိုဥပဒေမတိုင်မီက သမ္မတကို (၁၆)နှစ်ကြာ တိုက်ရိုက်ရွေးချယ်ခဲ့ခြင်းမရှိပေ။ သမ္မတရာထူး လစ်လပ်သွားပါက ရက်ပေါင်း (၆၀)အတွင်း ပြန်လည်ရွေးချယ်ကြရသည်။ ထိုအချိန်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်က တာဝန်ဝတ္တရားများကို ပူးတွဲထမ်းဆောင်သည်။ ဝန်ကြီးချုပ်က တာဝန်ထမ်းဆောင်နိုင်သည့်အခြေအနေမရှိပါက အစိုးရအဖွဲ့အတွင်း သတ်မှတ်ချက်များအတိုင်း အခြားသူများက အစဉ်လိုက် တာဝန်ယူရသည်။ သမ္မတသည် အစိုးရအိမ်တော်တွင် နေထိုင်ခွင့်ရှိပြီး ထိုအတောအတွင်းတွင် နိုင်ငံတော်ပုန်ကန်မှုမှလွဲ၍ အခြားကိစ္စများအတွက် အရေးယူခံရခြင်း မရှိပေ။
Remove ads
သမိုင်းကြောင်း
ဂျပန်တို့လက်အောက်ရောက်ရှိနေသော ကိုရီးယားနိုင်ငံတွင် ၁၉၁၉ခုနှစ် မတ်လ (၁)ရက် လှုပ်ရှားမှုအပြီး ၁၉၁၉ခုနှစ် စက်တင်ဘာလတွင် တရုတ်ပြည် ရှန်ဟိုင်းမြို့၌ ကိုရီးယားသမ္မတနိုင်ငံယာယီအစိုးရကို ဖွဲ့စည်းခဲ့သည်။ ကိုရီးယားကျွန်းဆွယ်ကို ထိန်းချုပ်ထားသော ဂျပန်တို့ မဟာမိတ်တို့ထံ လက်နက်ချခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်အား ၃၈ဒီဂရီ မျဉ်းပြိုင်ဖြင့် ပိုင်းခြားကာ ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့က ထိန်းချုပ်ခဲ့သည်။ ၁၉၄၅ခုနှစ်မှ ၁၉၄၈ခုနှစ်အထိ တောင်ဘက်ကိုရီးယား၏ အုပ်ချုပ်မှုကိစ္စအဝဝသည် အမေရိကန်ပြည်ထောင်စုမှ ဖွဲ့စည်းသော စစ်အစိုးရလက်အောက်တွင် ရှိခဲ့သည်။ ၁၉၄၈ခုနှစ် မေလ (၁၀) ရက်တွင်မှ တောင်ကိုရီးယားတွင် ရွေးကောက်ပွဲကျင်းပခဲ့ကာ ထိုမှတဆင့် ပေါ်ပေါက်လာသော လွှတ်တော်က ပထမဆုံးသော ဖွဲ့စည်းပုံအခြေခံဥပဒေကို ဇူလိုင်လတွင် ရေးဆွဲအတည်ပြုခဲ့သည်။ ထိုမှစ၍ သမ္မတစနစ်စတင်ပေါ်ပေါက်ခဲ့သည်။
၁၉၄၈ခုနှစ် ဩဂုတ်လ (၁၅)ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၏ ပထမသမ္မတနိုင်ငံကို စတင်တည်ထောင်ခဲ့သည်။ ပထမဆုံးသမ္မတမှာ ရီဆွန်းမန်း ဖြစ်သည်။ ထိုသမ္မတနိုင်ငံသည် ကိုရီးယားကျွန်းဆွယ်နယ်မြေအားလုံးကို ပိုင်ဆိုင်သည်ဟု အခိုင်အမာ ဆိုခဲ့သော်လည်း လက်တွေ့တွင်မူ ၃၈ဒီဂရီမျဉ်းပြိုင်၏ တောင်ဘက်ကိုသာ အုပ်ချုပ်နိုင်ခဲ့သည်။ ထိုအခြေအနေမှာ ၁၉၅၃ခုနှစ်တွင် ကိုရီးယားစစ်ပွဲပြီးဆုံးပြီး နယ်နိမိတ်ပိုင်းခြား သတ်မှတ်အပြီးအထိဖြစ်သည်။
၁၉၈၈ခုနှစ်မှစ၍ သမ္မတတစ်ဦး၏သက်တမ်းသည် (၅)နှစ်အဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၄၈ခုနှစ်မှ ၁၉၇၂ခုနှစ်အထိ (၄)နှစ်သက်တမ်း၊ ၁၉၇၂ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ (၆)နှစ်သက်တမ်း၊ ၁၉၈၁ခုနှစ်မှ ၁၉၈၈ခုနှစ်အထိ (၈)နှစ်သက်တမ်းအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၈၁ခုနှစ်မှစ၍ သမ္မတတစ်ဦးသည် ပြန်လည်ရွေးကောက်ခံပိုင်ခွင့် မရှိပေ။
Remove ads
တာဝန်ဝတ္တရားများနှင့် အခွင့်အာဏာ
ကိုရီးယားသမ္မတနိုင်ငံ အခြေခံဥပဒေ အခန်း (၃)တွင် နိုင်ငံတော်သမ္မတ၏ တာဝန်ဝတ္တရားများနှင့် အခွင့်အာဏာများကို ပြဋ္ဌာန်းထားသည်။ နိုင်ငံတော်သမ္မတသည် အောက်ပါတာဝန်ဝတ္တရားများရှိသည်။
- အခြေခံဥပဒေကို လက်ကိုင်ထားရမည်။
- အမိ တောင်ကိုရီးယားမြေ၏ လုံခြုံရေးနှင့် ပိုင်နက်ကို ကာကွယ်ထိန်းသိမ်းရမည်။
- ကိုရီးယားပြန်လည်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို လုပ်ဆောင်ရမည်။ ပုံမှန်အားဖြင့် အမျိုးသားပြန်လည်ပေါင်းစည်းရေးအကြံပေးကောင်စီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။
နိုင်ငံတော်သမ္မတသည် အောက်ပါအခွင့်အာဏာများရှိသည်။
- အမျိုးသားအစိုးရ အုပ်ချုပ်ရေးအကြီးအကဲ
- တောင်ကိုရီးယားတပ်မတော်၏ ကာကွယ်ရေးဦးစီးချူပ်
- စစ်ပွဲစတင်ကြေညာခွင့်ရှိသည်။
- အမျိုးသားအရေးကိစ္စများနှင့်ပတ်သက်၍ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရန်။
- အမိန့်ပြန်တမ်းများ ထုတ်ပြန်ခြင်း။
- ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များ ချီးမြှင့်ခြင်း။
- လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်း။
- ဥပဒေအားလုံးကို ဆိုင်းငံ့ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေကြေညာပြီး မာရှယလောကို ထုတ်ပြန်ခြင်း။
- ဗီတိုအာဏာ
Remove ads
ရွေးကောက်တင်မြှောက်ခြင်းနှင့် ဖြုတ်ချခြင်း
၁၉၈၇ခုနှစ်မှစ၍ နိုင်ငံတော်သမ္မတအား သမ္မတရွေးကောက်ပွဲမှတဆင့် ပြည်သူမှ တိုက်ရိုက်ရွေးကောက်တင်မြှောက်သည်။ ထိုရွေးကောက်ပွဲတွင် မဲအများဆုံးရရှိသူသည် (၅)နှစ်သက်တမ်းအတွက် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရသည်။ ထိုသူသည် ပြန်လည်ရွေးကောက်ခံခွင့်မရှိပေ။ ၁၉၈၇ သမ္မတရွေးချယ်တင်မြှောက်ခြင်း အက်ဥပဒေမတိုင်မီက သမ္မတကို ပြည်သူမှ တိုက်ရိုက်ရွေးချယ်ခြင်း မဟုတ်ပေ။ ပထမသမ္မတနိုင်ငံ စတင်ထူထောင်သည့် ၁၉၄၈ခုနှစ်မှစ၍ ၁၉၄၈၊ ၁၉၅၂၊ ၁၉၅၆၊ ၁၉၆၀၊ ၁၉၆၃၊ ၁၉၆၇၊ ၁၉၇၁၊ ၁၉၇၂၊ ၁၉၇၈၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၈၁၊ ၁၉၈၇၊ ၁၉၉၂၊ ၁၉၉၇၊ ၂၀၀၂၊ ၂၀၀၇၊ ၂၀၁၂၊ ၂၀၁၇၊ ၂၀၂၂ ခုနှစ်များတွင် ရွေးကောက်ပွဲများ ကျင်းပခဲ့သည်။[၄]
သမ္မတအား စွပ်စွဲပြစ်တင်ခြင်းအား လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေကို ၁၉၈၇ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ထိုဥပဒေတွင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီဝင်များသည် အခြေခံဥပဒေနှင့် အခြားဆိုင်ရာဥပဒေများကို ဖောက်ဖျက်ပါက အမျိုးသားလွှတ်တော်က ၎င်းတို့ကို စွပ်စွဲပြစ်တင်နိုင်သည်။ ထိုစွပ်စွဲပြစ်တင်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်၏ သုံးပုံတစ်ပုံက တင်ပြရမည်ဖြစ်ပြီး လွှတ်တော်အမတ်အများစုမှ ထောက်ခံရမည်ဖြစ်သည်။ နိုင်ငံတော်သမ္မတအတွက်မူ လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံနှင့် အထက်က ထောက်ခံရမည်ဖြစ်သည်။ ထိုသို့စွပ်စွဲပြစ်တင်ခံရသူသည် ၎င်း၏ တာဝန်ဝတ္တရားများမှ ဆိုင်းငံ့ခံရမည်ဖြစ်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးက ဆက်လက်၍ ဆုံးဖြတ်ချက်ချသည်။
သမိုင်းကြောင်းတွင် စွပ်စွဲပြစ်တင်ခံရသူ နှစ်ဦးရှိခဲ့သည်။ ၂၀၀၄ခုနှစ်တွင် သမ္မတ ရိုမူဟွန်းမှာ စွပ်စွဲပြစ်တင်ခံရသော်လည်း ခုံရုံးက ရာထူးမှထုတ်ပယ်ခဲ့ခြင်းမရှိ၍ ၂၀၀၈ခုနှစ်အထိ သက်တမ်းပြည့် ထမ်းဆောင်ခဲ့သည်။ ၂၀၁၇ခုနှစ်တွင် စွပ်စွဲပြစ်တင်ခံရသော ပတ်ဂွန်ဟေး အား ခုံရုံးက ရာထူးမှထုတ်ပယ်ခဲ့သဖြင့် သက်တမ်းမကုန်ဆုံးမီ ရာထူးမှထွက်ခဲ့ရသည်။[၅]
သက်တမ်းအကြာဆုံးသမ္မတ ပတ်ချုန်ဟီးမှာ တာဝန်ထမ်းဆောင်စဉ် လုပ်ကြံခံရပြီး ကွယ်လွန်ခဲ့သည်။
ခံစားခွင့်
၂၀၂၁ခုနှစ်တွင် နိုင်ငံတော်သမ္မတသည် လစာအဖြစ် နှစ်စဉ် ကိုရီးယားဝမ် ၂၄၀,၆၄၈,၀၀၀ ရရှိသည်။ ထို့အပြင် ရာထူးသက်တမ်းအတွင်း ခရီးသွားခြင်း၊ အသုံးအဆောင်များ စသည်တို့အတွက် အခမဲ့ဖြစ်သည်။
ယခင်က ဆိုးလ်မြို့ရှိ ချောင်ဝဒယ် ခေါ် အိမ်ပြာတော်သည် သမ္မတ၏ ရုံးနှင့် အိမ်တော်ဖြစ်သည်။ ၂၀၂၂ခုနှစ် မေလမှစ၍ ဆိုးလ်မြို့ရှိ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနရှိရာ အဆောက်အဦးတွင် ပြောင်း၍ရုံးထိုင်သည်။ တိုင်းပြည်၏ အခြားမြို့တော်ကြီးများတွင်လည်း သမ္မတ၏ ဒေသတွင်းရုံးများလည်းရှိကာ ထိုဒေသများသို့ သမ္မတရောက်ရှိချိန်တွင် အသုံးပြုနိုင်ရန်ဖြစ်သည်။
သမ္မတ၏ စီးတော်ယာဉ်အဖြစ် Hyundai Nexo SUV ကားကို အသုံးပြုသည်။ သမ္မတ၏ လေယာဉ်အဖြစ် ဘိုးရင်း 747-400 ကို အထူးပြုပြင်ကာ အသုံးပြုသည်။ ထိုလေယာဉ်များ၏ ကုတ်အမည်မှာ Code One ဖြစ်သည်။ ရဟတ်ယာဉ်ကို Sikorsky S-92 အား အသုံးပြုသည်။

သမ္မတရာထူးနောက်ပိုင်း
သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် ပင်စင်နှင့် သမ္မတလုံခြုံရေးဝန်ဆောင်မှုကို ရရှိသည်။ ထိုဝန်ဆောင်မှုကို ငြင်းပယ်ခြင်းမပြုရပေ။ သမ္မတ ချန်ဒူးဝမ် မှလွဲ၍ ကျန်သမ္မတများအားလုံး နိုင်ငံတော်ဈာပန ကျင်းပခွင့် ရရှိခဲ့သည်။ ထို့အပြင် ဆိုးလ်အမျိုးသားသုသာန်တွင် မြှုပ်နှံနိုင်သည်။ နောက်ပိုင်းသမ္မတများသည် ရာထူးမှအနားယူပြီးနောက် အကျဉ်းချခံရခြင်းများလည်း ရှိခဲ့သည်။ ထိုသမ္မတများသည် ၎င်းတို့၏ ရပိုင်ခွင့်များကို ရုပ်သိမ်းခံခဲ့ရသည်။
Remove ads
သမ္မတများစာရင်း
ယာယီသမ္မတ
Remove ads
သက်ရှိထင်ရှားသမ္မတဟောင်းများ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads