အိမ်ပြာတော်

တောင်ကိုရီယား သမ္မတအိမ်တော်​ဟောင်း From Wikipedia, the free encyclopedia

အိမ်ပြာတော်map
Remove ads

အိမ်ပြာတော် (အင်္ဂလိပ်: Blue House; ကိုရီးယား: 청와대; Hanja: 靑瓦臺; ချောင်ဝဒယ်) သည် ကိုရီးယားသမ္မတနိုင်ငံ သမ္မတ ရုံးစိုက်ရာနှင့် အိမ်တော်အဖြစ် အသုံးပြုခဲ့သော နေရာဖြစ်သည်။ မြို့တော် ဆိုးလ်မြို့ တွင် တည်ရှိသည်။ အမှန်တွင် ကိုရီးယားအခေါ် ချောင်ဝဒယ်ဟုခေါ်သော အိမ်ပြာတော်သည် ကိုရီးယားရိုးရာ ဗိသုကာများဖြင့် အဓိက တည်ဆောက်ထားသော အဆောက်အဦ အစုအဝေးကြီးဖြစ်သည်။ အိမ်ပြာတော်သည် အာရှတိုက်၌ လုံခြုံရေးကာကွယ်မှု အတင်းကြပ်ဆုံးသော သမ္မတအိမ်တော်များအနက် တစ်ခုအပါအဝင်ဖြစ်ခဲ့သည်။

အချက်တိုများ အိမ်ပြာတော် Blue House, ယခင်အမည်များ ...

၂၀၂၂ခုနှစ် မတ်လတွင် ရွေးကောက်ပွဲ အနိုင်ရလာသော သမ္မတလောင်း ယွန်းဆော့ယော သည် ၎င်းအနေဖြင့် ပြည်သူများနှင့် အလှမ်းဝေးသော အိမ်ပြာတော်တွင် ရုံးမထိုင်ပဲ ပြည်သူများနှင့် နီးစပ်သော အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန တည်ရှိရာ အဆောက်အဦတွင် ရုံးထိုင်မည်ဟု ပြောကြားခဲ့သည်။ ၂၀၂၂ခုနှစ် မေလ (၁၀) ရက်နေ့တွင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် အိမ်ပြာတော်အား အများပြည်သူ လေ့လာနိုင်မည့် ဥယျာဉ်တစ်ခုအဖြစ် ပြောင်းလဲခဲ့သည်။ ဤသို့ဖြင့် ခေတ်အဆက်ဆက် သမ္မတများ ရုံးစိုက်ရာ အိမ်ပြာတော်သည် ပန်းခြံတစ်ခုအသွင် ပြောင်းလဲခဲ့သည်။

အိမ်ပြာတော်တွင် ဘွန်ဂွမ်ဆိုသော အဓိကဟောခန်းမ၊ သမ္မတအိမ်တော်၊ နိုင်ငံတော်အဆင့် ဧည့်ခန်းမအိမ်တော် (ရော်ဘင်ဂွမ်)၊ စာနယ်ဇင်းခန်းမ (ချွန်ချူခွမ်) နှင့် အတွင်းဝန်ရုံးများ ပါဝင်သည်။ ခြံဝန်းတစ်ခုလုံး ၂၅၀,၀၀၀စတုရန်းမီတာ (၆၂ဧက) ကျယ်သည်။

Remove ads

သမိုင်းကြောင်း

အိမ်ပြာတော်တည်ဆောက်ထားသော မြေနေရာသည် ဂိုလျောမင်းဆက်၏ တောင်ပိုင်းမြို့တော် ဟန်ယန်းမြို့ (လက်ရှိ ဆိုးလ်မြို့နေရာ)ရှိ တော်ဝင်ဥယျာဉ်နေရာ ဖြစ်သည်။ (၁၁၀၄) တွင် Sukjong ဘုရင်မှ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က ဂိုလျော၏ အုပ်ချုပ်ရေးမြို့တော်ကြီးသည် Kaesong မြို့ဖြစ်ကာ ထိုမြို့သည် လက်ရှိတွင် မြောက်ကိုရီးယားတွင် တည်ရှိသည်။ ထို့အပြင် အနောက်ပိုင်းမြို့တော်အဖြစ် လက်ရှိမြောက်ကိုရီးယားမြို့တော် ပြုံယမ်းမြို့၊ အရှေ့ပိုင်းမြို့တော်အဖြစ် လက်ရှိတောင်ကိုရီးယားမှ Gyeongjuမြို့ တို့လည်း တည်ရှိသည်။

၁၃၉၂ခုနှစ်တွင် တည်ထောင်သော ဂျိုဆွန်းမင်းဆက်သည် ဟန်ယန်းသို့ မြို့တော်ကို ပြောင်းရွှေ့ခဲ့သည်။ ထို့နောက် ပထမဆုံးဘုရင် ထယ်ဂျို က ၁၉၃၅ခုနှစ်တွင် ဂျောင်းဘွတ်ကန် နန်းတော်ကို တည်ဆောက်ခဲ့ကာ ပင်မနန်းတော်အဖြစ် စံမြန်းခဲ့သည်။ ထို့နောက် တော်ဝင်ဥယျာဉ်သည် နန်းတော်၏ အနောက်ဥယျာဉ် ဖြစ်လာခဲ့သည်။ ထိုဥယျာဉ်ကို အမှုထမ်းစာမေးပွဲများနှင့် စစ်ရေးလေ့ကျင့်မှုများအတွက် အသုံးပြုခဲ့သည်။

၁၉၁၀ပြည့်နှစ်တွင် ဂျပန်တို့ လက်အောက်ကျရောက်ပြီးနောက် ဂျပန်တို့က ဂျောင်းဘွတ်ကန်နန်းတော်တွင် အစိုးရအဆောက်အဦးတစ်ခု တည်ဆောက်ကာ အုပ်ချုပ်ခဲ့သည်။ ၁၉၃၉ခုနှစ်တွင် ဂျပန်ဘုရင်ခံအတွက် ရုံးနှင့် အိမ်တော်ကို ယခု အိမ်ပြာတော်နေရာတွင် တည်ဆောက်ခဲ့သည်။

၁၉၄၈ခုနှစ်တွင် ကိုရီးယားတို့ လွတ်လပ်ရေး ရရှိပြီး ပထမကိုရီးယားသမ္မတနိုင်ငံခေတ်ကို တည်ထောင်ရာ သမ္မတ ရီဆွန်းမန်းက ထိုအဆောက်အဦးကို ဂျောင်မုဒယ်ဟု အမည်ပေးကာ ဆက်လက် အသုံးပြုခဲ့သည်။ ထိုအမည်မှာ ယခင်အဆောက်အဦးအချို့၏ အမည်ဖြစ်ကာ capital pavilion ဟု အဓိပ္ပါယ်ရသည်။ ၁၉၆၀တွင် တက်လာသော သမ္မတ ယွန်းဘိုဆွန်းက ထိုနေရာကို ချောင်းဝဒယ် ဟု ပြောင်းလဲခဲ့သည်။ ယခင်အမည်သည် အာဏာရှင်အငွေ့အသက် ခံစားရသဖြင့်ဟုဆိုသည်။ ချောင်ဝဒယ်နှင့်အတူ Hwaryeongdae ဟူသော အမည်ကိုလည်း စဉ်းစားခဲ့ကြသေးသည်။ ထို့အပြင် အ​မေရိကန်နှင့် ချစ်ကြည်​ရေးအတွက် ဝါရှင်တန်ဒီစီရှိ အိမ်ဖြူ​တော်ကဲ့သို့ပင် ဆိုးလ်မြို့ရှိ အဖြူ​ရောင် နံရံနှင့် အပြာ​ရောင် အမိုးရှိ​သော သမ္မတအိမ်​တော်အား အိမ်ပြာ​တော် (Blue House) ဟု ​ခေါ်တွင်ခဲ့သည်။[]

၁၉၆၈ခုနှစ် အိမ်ပြာတော် ဝင်ရောက်စီးနှင်းခံရမှု တွင် မြောက်ကိုရီးယားမှ လုပ်ကြံသူများသည် တောင်ကိုရီးယားသမ္မတ ][ပတ်ချုန်ဟီး]]ကို လုပ်ကြံရန် အိမ်ပြာတော်အနီးထိ ရောက်ရှိလာခဲ့သည်။ ထိုကိစ္စတွင် မြောက်ပိုင်းမှ (၂၈)ဦး၊ တောင်ပိုင်းမှ (၂၆)ဦး၊ အမေရိကန် (၄)ဦး သေဆုံးခဲ့သည်။

သမ္မတ ပတ်ချုန်ဟီးချွဲဂယူဟာဂျောန်းဒူးဟွမ်း တို့သည် ထိုအဆောက်အဦးကို အိမ်တော်နှင့် သမ္မတရုံးအဖြစ် အသုံးပြုခဲ့ကြသည်။ သမ္မတ နိုထယ်ဝူ လက်ထက်တွင် ရုံးအဆောက်အဦးအသစ်၊ အိမ်တော်အဆောက်အဦးအသစ်၊ မီဒီယာစင်တာ တို့ကို တည်ဆောက်ခဲ့ကာ ၁၉၉၁ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့သည်။ ဂင်ယောင်ဆမ် လက်ထက် ၁၉၉၃ခုနှစ်တွင် ဂျပန်တို့လက်ထက်က အဆောက်အဦးကို ဖြိုချခဲ့သည်။

၂၀၂၂ခုနှစ် မတ်လတွင် သမ္မတလောင်း ယွန်းဆော့ယောက သူ့အနေဖြင့် အများပြည်သူနှင့် နီးကပ်စေရန်အတွက် ပြည်သူများနှင့် ဝေးကွာသော အိမ်ပြာတော်ကို စွန့်ခွာကာ ပြည်သူများနှင့် နီးစပ်သော နေရာသို့ ပြောင်းရွှေ့ရုံးထိုင်မည်ဟု ပြောကြားခဲ့သည်။[] ၂၀၂၂ခုနှစ် မေလ (၁၀) ရက်နေ့တွင် သမ္မတဖြစ်လာသော ယွန်းဆော့ယော သည် သမ္မတရုံးအား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနတည်ရှိရာ သမ္မတအိမ်တော် (တောင်ကိုရီးယား)အဆောက်အဦးသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုနေ့တွင်ပင် သမ္မတ၏ အမိန့်ဖြင့် အိမ်ပြာတော်အား အများပြည်သူလည်ပတ်ရန် ပန်းခြံအဖြစ် ပြောင်းလဲခဲ့ရာ အိမ်ပြာတော်၏ သမိုင်းကြောင်းတွင် (၇၄)နှစ်အကြာ၌ အများပြည်သူများ ပြန်လည် လည်ပတ်ခွင့် ရရှိခဲ့သည်။ တစ်နေ့လျှင် အများဆုံး လည်ပတ်သူ (၃၉,၀၀၀) လည်ပတ်ခွင့်ပြုသည်။

Remove ads

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads