သိမြင်ခြင်း

From Wikipedia, the free encyclopedia

သိမြင်ခြင်း
Remove ads

ထင်လင်းစွာ သိမြင်တတ်ခြင်း (အင်္ဂလိပ်: cognition) ဟူသည်မှာ - "အခြင်းအရာ အချက်အလက် သစ်များကို မှတ်ဉာဏ်အတွင်းသို့ ယူသွင်းခြင်း နှင့် စဉ်းစားတွေးတောမှုခံစားသိရှိမှု တို့ဖြင့် နားလည်ယူခြင်း စိတ်လုပ်ငန်းများ"[]ပင် ဖြစ်တော့၏။ လှုံ့ဆော်ချက်များကို ခံစားသိမိခြင်း၊ သတိပေးစိုက်မှု (attention) ထားခြင်း၊ စိတ်ကူးပုံဖော်ခြင်း၊ ဆက်စပ်တွက်ချက်ခြင်း၊ မှတ်ဉာဏ်များ ဖြစ်ပေါ်စေခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း၊ တွေးလုံးစီစဉ်ထုတ်ခြင်း၊ စသည့် စိတ်တွေးပိုင်းဆိုင်ရာ လုပ်ငန်းများအားလုံးကို ခြုံငုံ၍ပင် သိမြင်ခြင်း ဟု ညွှန်းဆိုနိုင်၏။

Thumb
ရောဘတ် ဖှလဒ်ဆိုသူက ၁၆၁၉ တွင် ချပြသော သိမြင်ခြင်း စံသရုပ် (cognitive model)[]

ဆဲလ်အများဖွဲ့ သတ္တဝါများတွင် ကိုယ်တွင်းလျှပ်လှိုင်းစနစ်ရှိလျှင် အနည်းဆုံးအားဖြင့် ၎င်းတို့၏ ကိုယ်နှံ့ဖြန့် နျူထရွန်ဆဲလ်များတွင် ကိုယ်တွင်းလျှပ်လှိုင်းစီးကူးမှုကြောင့်

  1. ပတ်ဝန်းကျင်မှ (အလင်း၊ အသံကဲ့သို့သော) လှုံ့ဆော်ချက်များနှင့် သက်ရောက်ထိခတ်ခြင်း (sensation) လုပ်ငန်းများနှင့်
  2. အမှတ်တမဲ့ ရှောင်ရှားမှု၊ ဖမ်းဆီးမှု ကဲ့သို့သော ကိုယ်ထိတုံ့ပြန်ခြင်း (motor) လုပ်ငန်းများ

ဤ၂မျိုး ဆောင်ရွက်နိုင်နေပြီ ဖြစ်လျက်၊ သိမြင်ခြင်း မလိုသေးပေ။
သို့သော် -

စသည့် လုပ်ငန်းများကို လုပ်နိုင်ရန်မှာ အထိုက်အလျောက် လုံလောက်ထွေပြားသော ဗဟို အာရုံကြောစနစ် (Central Nervous System) (နှင့် ဦးနှောက်) တို့ ရှိရန် လိုအပ်၏။ ဤသို့သော နျူရွန်ကွန်ရက်အုံတို့ ရှိသည့် သက်ရှိအမျိုးမျိုး၌ သိမြင်ခြင်း အဆင့်ဆင့် အသွင်သွင် ပေါ်ပေါက်နေမည်ဟု ခန့်မှန်းနိုင်၏။

ထို့နောက် သက်ရှိတဦးချင်း၏ သိမြင်ခြင်းသည်လည်း ၎င်း၏

  1. ပင်ကိုဗီဇသဘာဝနှင့်
  2. ပတ်ဝန်းကျင်၏ အချိန်အခါအလျောက် လွှမ်းမိုးခဲ့မှု၊ လွှမ်းမိုးလာမှု အခြေအနေ

ဤ ၂ရပ်လုံးအပေါ် မူတည်၍ ဖြစ်ပျက်ပြောင်းလဲနေနိုင်၏။
ပတ်ဝန်းကျင်၏ လွှမ်းမိုးပုံ ကွဲပြားမှုကြောင့်လည်း တစ်ဦးနှင့်တစ်ဦး၏ သိမြင်ခြင်းမှာလည်း ပါရှိနေသော မှတ်ဉာဏ်နှင့် ခံစားကျင့်တို့ ကွဲပြားနိုင်၏။ သာဓကအားဖြင့် မိုးရွာခြင်းနှင့် ပတ်သက်သည့် အတွေ့အကြုံတို့ သာယာရွှင်နပ်ဖွယ် ဖြစ်ဖူးသလော၊ ဆင်းရဲခံစားဖွယ် ဖြစ်ဖူးသလော မှတ်ဉာဏ်တို့ကို လိုက်၍ လက်ရှိ ထိကြုံခံစားချက်တို့ ကွဲပြားနိုင်သည်။ ထိုသို့ သက်ရောက်ကြုံတွေ့လာသည့် လှုံ့ဆော်ချက်များနှင့် ပတ်သက်၍ မိမိက မည်သို့ တုံ့ပြန်မြဲ ဖြစ်ပုံ အကျင့်တို့ကလည်း နျူရွန်ကွန်ရက်တို့ ချိတ်ဆက်မှုအား အမြဲ-အပြောင်း၊ အပျော့-အပြင်းကို အထိုက်အလိုက် ဆုံးဖြတ်ပေးနေမည် ဖြစ်ကာ ဤသည်မှာ ပင်ကိုဗီဇသဘာဝနှင့် ဆိုင်လှ၏။ ထို့အတူပင် အချက်သစ် သိယူခြင်း (တနည်းအားဖြင့် "သင်ယူခြင်း") အလုပ်၌ သက်ရှိတဦးချင်းအဖို့ သိယူမှတ်မိရန် မည်မျှ လွယ်ကူသည်၊ ခက်ခဲသည်တို့ ကွဲပြားသည်မှာ

  1. ပင်ကို(ဗီဇ)အားဖြင့် စိတ်ဝင်စားမှု၊
  2. ပတ်ဝန်းကျင်အားဖြင့် အထိအတွေ့ အကြိမ်ရေများမှု

ဤသည်တို့ကြောင့် ဖြစ်ပေါ်သော တဦးချင်းစီ၏ သိမြင်ခြင်းအသွင်ကွဲမှုများကြောင့် ဖြစ်တော့၏။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads