သိဒ္ဓတ္ထဘုရား (နှစ်ကျိပ်ရှစ်ဆူ)

From Wikipedia, the free encyclopedia

သိဒ္ဓတ္ထဘုရား (နှစ်ကျိပ်ရှစ်ဆူ)
Remove ads

ဓမ္မဒဿီမြတ်စွာဘုရား ပရိနိဗ္ဗာန်ဝင်စံတော်မူပြီးသည့်နောက်၊ ဗုဒ္ဓသာသနာ ကွယ်ပတော်မူသည်။ (ပိ, , )ဘုရားသုံးဆူပွင့်တော်မူရာ ဝရကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားတစ်ဆူမျှ မပွင့်သော ဘုရားရှင်များဆိတ်သုဉ်းသော သုညကမ္ဘာပေါင်း(၁၇၀၆)ကမ္ဘာလုံးလုံး ကုန်ဆုံးဖြစ်ပျက်ခဲ့သည်။

ဖြစ်တော်စဉ်

ထိုမှနောက်၌ ယခုအခါ ဤဘဒ္ဒကမ္ဘာမှ ပြန်ရေတွက်သော် (၄၉) မြောက် ဖြစ်သောကမ္ဘာ၌ လူတို့၏သက်တမ်း ဆုတ်ယုတ်ခြင်း၊ ပြန်တက်ခြင်းမှ တဖန် အသင်္ချေယျတမ်းပြန် ဆုတ် ခဲ့သော အနှစ်(၁၀၀, ဝဝဝ) တစ်သိန်းတမ်းသို့ရောက်သော အခါသိဒ္ဓတ္ထဘုရားအလောင်းသည် ကျင့်ပွားပါရမီ ပြည့်စုံပြီဖြစ်သောကြောင့် တုသိတာနတ်ပြည်မှ လူ့ပြည်သို့သက်ဆင်းကာ ဝေဘာရမြို့တော် ဥဒေနမင်းကြီး၏ အဂ္ဂမဟေသီ သုဖဿာဒေဝီ မိဖုရားကြီးမှ ဝီရိယမည်သောဥယျာဉ်တော်တွင်း၌ ဖွားမြင်တော်မူခဲ့သည် အလောင်းမင်းသားဖွားစဉ် ခတ်သိမ်းသောသူတို့၏ လုပ်ကိုင်ဆောင်ရွက် ကိစ္စအဝဝတို့သည် အလိုရှိတိုင်း အောင်မြင် ပြီးမြောက်မှုကို အကြောင်းပြုကာ သိဒ္ဓတ္ထမင်းသား ဟုမှည့်ခေါ်ကြသည်။

အလောင်းတော်မင်းသားအရွယ်ရောက်လျှင် သောမနဿာဒေဝီ မိဖုရားအမှူးပြုသော မောင်းမပေါင်းခြံရံလျှက် ကောက၊ သုပ္ပလ၊ ပဒုမ (ကောကနဒ-အချို)ရွှေနန်းသုံးဆောင်တို့၌ သောမနဿာဒေဝီမိဖုရားမှ သားတော် အနူပမ ဖွားသည်အထိ နှစ်ပေါင်း(၁၀, ဝဝဝ) တစ်သောင်း ကာလပတ်လုံးထီးနန်းစည်းစိမ်ကိုခံစား စံစား တော်မူသည်။ ထိုသို့ထီးနန်းစည်းစိမ်ကို စံစားနေတော်မူစဉ် နိမိတ်ကြီးလေးပါးကို တွေ့မြင်လျှင် ထိတ်လန့်ခြင်းသံဝေဂထင်၍ ရွှေထမ်းစဉ် (ဝေါယာဉ်) စီးကာ ဝီရိယဥယျာဉ်သို့ တောထွက်ခဲ့ပြီး ဒုက္ကရစရိယာအကျင့်ကို (၁၀) လကြာ ကျင့်ကြံ ပွားများတော်မူ၍ ကဏိကာရဗောဓိ-မဟာလှေကားဗောဓိပင်ကို အမှီ ပြုကာ သဗ္ဗညုတဉာဏ်တော်ကို ရ၍ သမ္မာသမ္ဗုဒ္ဓဘုရား စင်စစ်ဖြစ်တော်မူသည်။

Remove ads

ဂေါတမဘုရားအလောင်းတော်

ဂေါတမဗုဒ္ဓအလောင်းလျာကား သိဒ္ဓတ္ထ ဘုရားရှင်လက်ထက်တွင် ဈာန်အဘိညာဉ်ရသော မင်္ဂလရသေ့ဖြစ်၍ ဇမ္ဗူသပြေသီကြီးကို ဘုရားရှင်အား ကပ်လှူပြီးလျှင် မြတ်ဘုရားက နိယတဗျာဒိတ်မိန့်ကြားတော်မူ၏။

တပည့်သာဝကများ

  • အဂ္ဂသာဝကကြီး ယာ+ဝဲ (၂)ပါး-အရှင်သမ္ဗလထေရ်၊ သုမိတ္တထေရ်တို့တည်း။
  • အနီးနေ အလုပ်ကျွေးရဟန်းတော် ကား-အရှင်ရေဝတ ထေရ်တည်း။
  • အဂ္ဂသာဝိကာမကြီး ယာ+ဝဲ (၂)ပါး-အရှင်မ သီဝလာထေရီ၊ အရှင်မ သုရာမာထေရီ တို့တည်း။
  • အဂ္ဂ ဒါယကာကြီး(၂) ဦး-သုပ္ပယ သူဌေး၊ သမုဒ္ဒသူဋ္ဌေးတို့တည်း။
  • အဂ္ဂဒါယိကာမကြီ(၂) ဦး-ရမ္မာဥပါသိကာမ၊ သုရမ္မာဥပါသိကာမတို့တည်း။

သိဒ္ဓတ္ထဘုရားရှင်၏အရပ်(ဉာဏ်)တော်မှာ အမြင့် အတောင်(၆၀)ရှိသည် ရောင်ခြည်တော်ကား တစ်ယူဇနာအရပ်တိုင်ပျံနှံ့ကွန့်မြူး၏။ သိဒ္ဓတ္ထ မြတ်စွာဘုရားသည် ဝေနေယျများစွာ သတ္တဝါတို့အား တရားရေအေး အမြိုက်ဆေး တိုက်ကျွေးခြင်းစသော ဗုဒ္ဓကိစ္စငါးပါးတို့ကို ပြီးပြည့်စုံအောင်ဆောင်ရွက်တော်မူပြီးနောက် သက်တော်(၈၀, ဝဝဝ)နှစ်သောင်းရှိသောအခါ ကဉ္စနဝေဠုမြို့အနီး အနောမဥယျာဉ်တော်ကြီး၌ ပရိနိဗ္ဗာန်ဝင်စံတော်မူပါသတည်း။ . . .

၁၉။ သိဒ္ဓတ္ထ-ဘုရားရှိခိုး+ဆုတောင်းဂါထာ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads