သိန်းညွန့် (ဝန်ကြီး)
From Wikipedia, the free encyclopedia
Remove ads
ဦးသိန်းညွန့် သည် မြန်မာနိုင်ငံ ပြည်ထောင်စုအစိုးရအဖွဲ့၊ နိုင်ငံတော်သမ္မတရုံး၏ ဝန်ကြီး ခြောက်ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၁၁ မတ်လ ၃၀ ရက်နေ့မှ ၂၀၁၆ မတ်လ ၃၀ ရက်နေ့အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌလည်း ဖြစ်သည်။ ယခင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင် နယ်စပ်ဒေသ တိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စည်ပင်သာယာရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။[၁] ဦးသိန်းညွန့်သည် နေပြည်တော်၏ ခေတ္တမြို့တော်ဝန်အဖြစ် ၂၀၀၆ ခုနှစ် မတ်လ ၁ ရက်နေ့တွင် ခန့်အပ်ခံရပြီး မကြာမီ နေပြည်တော်ကောင်စီ၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသည်။ သူသည် တပ်မတော်မှ ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့သည်။
ဦးသိန်းညွန့်သည် ၂၀၂၄ခုနှစ် မတ်လ (၁၇)ရက်နေ့တွင် နေပြည်တော်ရှိ စစ်ဆေးရုံ၌ ကွယ်လွန်ခဲ့သည်။[၂][၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads