သမ္မတရုံး ဝန်ကြီးဌာန

မြန်မာနိုင်ငံ ဝန်ကြီးဌာန From Wikipedia, the free encyclopedia

သမ္မတရုံး ဝန်ကြီးဌာန
Remove ads

နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (အင်္ဂလိပ်: Ministry of Office of the President of the Republic of the Union of Myanmar) သည် မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် နိုင်ငံတော် သမ္မတ တာဝန်ထမ်းဆောင်သည့်ရုံး ဖြစ်သည်။

အချက်တိုများ မြန်မာအစိုးရအဖွဲ့အစည်း, အစိုးရအဖွဲ့အစည်း အကျဉ်းချုပ် ...

၂၀၂၁ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီးနောက် သမ္မတရုံးဝန်ကြီးဌာနတွင် ဝန်ကြီးခန့်အပ်ထားခြင်း မရှိခဲ့ပေ။ အာဏာသိမ်းပြီး ၃ နှစ်ခန့်အကြာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန ပေါ်ပေါက်လာခဲ့ပြီး၊ ပြည်ထောင်စုဝန်ကြီး (၃) ဦးကို ခန့်အပ်ခဲ့သည်။ []

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး၊ ဝန်ကြီး (၄) ဦးအထိ ထားရှိခဲ့သည်။[]

  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁): ဦးတင်အောင်စန်း
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂): ဦးကိုကိုလှိုင်
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃): ဦးမောင်မောင်တင့်
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄): ဦးထွန်းအုံ
Remove ads

သမိုင်းကြောင်း

စစ်အစိုးရအုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးသို့ကူးပြောင်းရာ ၂၀၁၁ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။နိုင်ငံတော်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရန်၊ ၂၀၁၃ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို လက်ခံကျင်းပရန်နှင့် ၂၀၁၄အာဆီယံထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပရန်အတွက် ၂၀၁၂ခုနှစ် စက်တင်ဘာလ၄ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကို ဝန်ကြီးဌာန၆ခုအထိတိုးချဲ့ခဲ့သည်။ []၂၀၁၃ခုနှစ် ဇန်နဝါရီလ၉ရက်နေ့တွင် သမ္မတဦးသိန်းစိန်က ထိုစဉ်က ပြန်ကြားရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးရဲထွဋ်ကို နိုင်ငံတော်သမ္မတရုံး၏ ပထမဆုံးသော ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။[]ထို့နောက်တွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆက်လက်ဆောင်ရွက်ခဲ့သည်။သမ္မတဦးထင်ကျော်လက်ထက်တွင် ဝန်ကြီးဌာနတစ်ခုတည်းအဖြစ်လျှော့ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးအဖြစ်ဆောင်ရွက်ခဲ့သည်။

ဦးညိုစောအစိုးရ

၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက် တွင် အမျိုးသားကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုအစိုးရအဖွဲ့အား ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနကိုပါ ထည့်သွင်းဖွဲ့စည်းခဲ့ပြီး၊ ဝန်ကြီး (၄) ဦးအထိ ထားရှိခဲ့သည်။[]

  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁): ဦးတင်အောင်စန်း
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၂): ဦးကိုကိုလှိုင်
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၃): ဦးမောင်မောင်တင့်
  • နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၄): ဦးထွန်းအုံ
Remove ads

ဖွဲ့စည်းပုံ

  • ပြည်ထောင်စုဝန်ကြီးရုံးအဖွဲ့
  • သမ္မတဦးစီးရုံး
  • ဒုတိယသမ္မတ (၁) ဦးစီးရုံး
  • ဒုတိယသမ္မတ (၂) ဦးစီးရုံး
  • နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီး
  • စီးပွားရေးရာဌာနကြီး
  • လူမှုရေးနှင့် ယဉ်ကျေးမှုဌာနကြီး
  • စီမံရေးနှင့် ဘဏ္ဍာရေးဌာနကြီး
  • အိမ်တော်များဌာနကြီး
  • လုံခြုံရေးအရာရှိချုပ်ဌာနကြီး
  • သုတေသန၊ သတင်းပြန်ကြားရေးနှင့် တိုင်ကြားစာများဌာနကြီး[]

ဌာနချုပ်

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများရုံးထိုင်သည့် နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်သမ္မတအိမ်တော်တွင် ထားရှိထားသည်။ထိုရုံးကို တာဝန်ခံသည့် နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနအား နေပြည်တော်ရှိ ရုံးအမှတ် (၁၈)တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် တွဲ၍ ဖွင့်လှစ်ထားသည်။[]၂၀၂၀ ပြည့်နှစ်တွင် ပြည်ထောင်စုတရားလွှတ်တော်အနီးတွင် ဝန်ကြီးရုံးအသစ် တည်ဆောက်လျက်ရှိသည်။[]ရုံးအမှတ် (၁၈)သည် ယခင် နအဖအစိုးရလက်ထက်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီရုံးနှင့် ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတို့ ဖွင့်လှစ်ခဲ့သည့် ရုံးအဆောက်အဦးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီးများ

နောက်ထပ် အချက်အလက်များ №, ပုံ ...


Remove ads

သမ္မတအကြံပေးပုဂ္ဂိုလ်များ (၂၀၁၁-၂၀၁၆)

ဦးသိန်းစိန်လက်ထက်

သမ္မတဦးသိန်းစိန်လက်ထက်တွင် စီးပွားရေး၊ သာသနာရေး၊ဥပဒေ၊ ပညာရေးဆိုင်ရာသမ္မတအကြံပေးပုဂ္ဂိုလ်များ ခန့်အပ်ခဲ့သည်။ သမ္မတအကြံပေးအဖွဲ့ဝင်၉ဦး[]ကို ၂၀၁၁ခုနှစ် ဧပြီ၁၉ရက်နေ့တွင် ခန့်အပ်ခဲ့သည်။[]၂၀၁၄ခုနှစ် ဇွန်လ၁၈ရက်နေ့တွင် ဦးမြင့်မောင်နှင့် ဦးစိန်ဝင်းအောင်ကို သာသနာရေးဆိုင်ရာ အကြံပေးအဖြစ် ထပ်မံခန့်အပ်ခဲ့သည်။[၁၀][၁၁][၁၂]

၂၀၁၄ခုနှစ်အထိ သမ္မတအကြံပေးအချို့မှာ အောက်ပါအတိုင်းဖြစ်သည်။

Remove ads

စစ်ပြိုင်အစိုးရ

၂၀၂၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီအစိုးရ၏ စစ်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရတစ်ရပ် ပေါ်ပေါက်လာခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်​တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဦးလွင်ကိုလတ်အား ပြည်ထောင်စုဝန်ကြီး တာဝန်များကို ထမ်းဆောင်ရန် ခေတ္တပြည်​ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ထားသည်။[၁၄]

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads