သိပ္ပံမှူးတင်

From Wikipedia, the free encyclopedia

Remove ads

သိပ္ပံမှူးတင် (၂၄ မေ ၁၉၂၄-၉ ဧပြီ ၂၀၁၅)သည် ထင်ရှားသည့် မြန်မာစာရေးဆရာ ဖြစ်သည်။သိပ္ပံစာပေဖန်တီးရှင် အဖြစ်လည်းကောင်း၊ဆေးလိပ်ဆန့်ကျင်ရေးသမားကြီး အဖြစ်လည်းကောင်း လူသိများကာ တစ်သက်တာ အမျိုးသားစာပေဆုရှင် လည်း ဖြစ်သည်။မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ကာလတွင် လက်နက်စွဲကိုင် တိုက်ပွဲ ဝင်ခဲ့ပြီး ဂျပန်နိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တို့တွင် စစ်ပညာသင်ကာ လွတ်လပ်ပြီးခေတ် တပ်မတော် တွင် စစ်အင်ဂျင်နီယာ ဗိုလ်မှူးအဆင့်အထိ တာဝန်ထမ်းခဲ့သူလည်းဖြစ်သည်။သူသည် ၁၉၅၁ ခုနှစ်တွင် ကိုက် ၃၀၀ အကွာအဝေးသို့ ပစ်လွှတ်နိုင်သည့် ဒုံးပျံကို မြန်မာနိုင်ငံတွင် ပထမဆုံး တီထွင်ခဲ့သူ ဖြစ်သည်။

အချက်တိုများ အလင်္ကာကျော်စွာ သိပ္ပံမှူးတင်, ဦးဆောင်ညွှန်ကြားရေးမှူး ပို့ဆောင်ရေး ကိုယ်စားလှယ် ကော်ပိုရေးရှင်း ...
Remove ads

ငယ်ဘဝနှင့်ပညာရေး

ဖခင်ဖြစ်သူ ဦးလေးမောင် နှင့် မိခင်ဖြစ်သူ ဒေါ်စောမေ တို့က ၁၉၂၄ ခုနှစ် မေလ ၂၄ ရက်တွင် မိုးကုတ်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း ၁၀ ယောက် အနက် ဒုတိယမြောက်သား ဖြစ်ပြီး ငယ်နာမည် မှာ မောင်ဘအေး သည်။နောင်တွင် မောင်တင်မောင် အမည်ပြောင်းလိုက်ပြီး ထိုနာမည် နှင့်ပင် ကျောင်းတက်သည်။ငယ်စဉ်က မိုးကုတ်မြို့ လှည်းဝိုင်းရပ်ရှိ ဆရာမှိုင်းကျောင်းတွင် ပညာသင်သည်။ယင်းနောက် ကသာမြို့မန္တလေးမြို့ နှင့် မြစ်ကြီးနားမြို့ များသို့ ပြောင်းရွေ့ ပညာသင်ကြားခဲ့သည်။

Remove ads

နိုင်ငံရေးစိတ်ပြင်းထန်

သူသည် ၁၃၀၀ ပြည့် အရေးတော်ပုံ တွင် မြစ်ကြီးနားမြို့ ကျောင်းသား သမဂ္ဂကော်မတီဝင်အဖြစ် နှင့် ၁၃၀၁ ခုနှစ်တွင် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌအဖြစ် ပါဝင် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဦးရာဇတ်၏ ရဲတပ်ဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး မြေအောက်တော်လှန်ရေးတို့တွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ထိုအချိန်က သူသည် ၁၈နှစ်အရွယ် မန္တလေးမြို့ အမျိုးသားအထက်တန်း ကျောင်းသားသာ ရှိသေးသည်။နိုင်ငံရေးစိတ်တက်ကြွသူ သိပ္ပံမှူးတင် သည် မန္တလေးမြို့တွင် ဖွင့်လှစ်သော ဘီအိုင်အေစစ်ကြောင်း ၏ ဗိုလ်လင်းယုန်တပ်တွင် အမှုထမ်းခဲ့သည်။[] စစ်အတွင်း မြို့ရွာ ငြိမ်းချမ်းရေး အတွက် အုပ်ချုပ်ရေးတွင် အားကြိုးမာန်တက် ပါဝင်ခဲ့သည်။

Remove ads

စစ်ပညာသင်ကြားခြင်း

  • ဂျပန်ကိုလိုနီခေတ် က ဖွင့်လှစ်သော မင်္ဂလာဒုံ ဗိုလ်သင်တန်းကျောင်း ပထမပတ်စဉ်၊
  • မင်္ဂလာဒုံစစ်ဦးစီးတက္ကသိုလ် ဆဋ္ဌမပတ်သင်တန်းဆင်း
  • ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် (၁၉၄၃-၁၉၄၅)
  • ဒုတိယဗိုလ် ဗမာ့တပ်မတော် အမှတ် (၄) သေနတ်ကိုင်တပ်ရင်း(၁၉၄၆)
  • အိန္ဒိယနိုင်ငံ ဘယ်ကလိုမြို့ တွင် စစ်အင်ဂျင်နီယာ တပ်စုမှူးသင်တန်း(၁၉၄၈)
  • အိန္ဒိယနိုင်ငံ ပူးနားမြို့အနီးရှိ ကာကီတက္ကသိုလ် တွင် စစ်အင်ဂျင်နီယာ တပ်ခွဲမှူး(၁၉၅၀)
  • ကာကီတက္ကသိုလ် စစ်အင်ဂျင်နီယာ ဒီဂရီကောလိပ် (၁၉၅၃-၁၉၅၇)။

စစ်မှုထမ်းခြင်း

သူသည် ဘီအိုင်အေ၊ဘီဒီအေ မှစ၍ ဗမာ့တပ်မတော် တို့တွင် စစ်မှုထမ်းသက် ၂၃ နှစ် ရှိခဲ့သည်။၁၉၆၀ပြည့်နှစ်က မေမြို့ ဗဟိုအင်ဂျင်နီယာတပ်၌ တပ်မှူး တာဝန်ထမ်းတောင်စဉ် အမေရိကန်၊ စင်ကာပူ၊ ဟောင်ကောင်နှင့် ဂျပန်နိုင်ငံ များသို့ သွားရောက်ခဲ့သည်။သူသည် စစ်မှုထမ်းနေစဉ် ၁၉၆၂ ခုနှစ်တွင် သမဝါယမ အထူး အရာရှိအဖြစ် ဆောင်ရွက်ခဲ့ပြီး ဥရောပ ကိုးနိုင်ငံသို့ သွားရောက်လေ့လာခဲ့သေးသည်။ ၁၉၆၅ ခုနှစ်တွင် ဗိုလ်မှူးဘဝ ဖြင့် အငြိမ်းစားယူသည်။

ထင်ရှားဖြစ်ရပ်

၁၉၅၁ ခုနှစ်တွင် ကိုက် ၃၀၀ အကွာအဝေးသို့ ပစ်လွှတ်နိုင်သည့် ဒုံးပျံကို မြန်မာနိုင်ငံတွင် ပထမဆုံး တီထွင်ခဲ့သည်။

ဝန်ထမ်းဘဝ

စစ်တပ်မှ အငြိမ်းစားယူပြီးနောက် ပို့ဆောင်ရေး ကိုယ်စားလှယ် ကော်ပိုရေးရှင်းတွင် ဦးဆောင်ညွှန်ကြားရေးမှူးအဖြစ်တာဝန်ပေးအပ်ခံရသည်။ထိုတာဝန်အား ၁၉၆၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ တာဝန်ယူသည်။

စာပေဘဝဖြတ်သန်းမှု

သူသည် ၁၉၈၀ ပြည့်နှစ် အောက်တိုဘာလမှ စတင်ကာ သိပ္ပံထွန်းကားပြည်ကြီးပွား ဆောင်ပုဒ်နှင့်အတူ ၂၆ နှစ်ကြာအောင် သိပ္ပံစာပေဖန်တီးရှင် အဖြစ် လူသိများသည်အထိ သိပ္ပံမဂ္ဂဇင်း၏ ပဲ့ကိုင်ရှင်အဖြစ် စာပေများရေးသားခဲ့သည်။

ထုတ်ဝေခဲ့သောလုံးချင်းစာအုပ်များ

  1. ယနေ့သိပ္ပံ (၁၉၆၇)
  2. ယနေ့သိပ္ပံ-၁ (၁၉၆၉)၊
  3. ယနေ့ သိပ္ပံ-၂ (၁၉၇၁)၊
  4. သိပ္ပံအကြောင်း သိကောင်းစရာ (၁၉၇၄)၊
  5. ယနေ့သိပ္ပံ ပေါင်းချုပ် (၁၉၇၅)၊
  6. ယနေ့သိပ္ပံ-၃ (၁၉၇၅)၊
  7. ယနေ့သိပ္ပံ-၄ (၁၉၇၅)၊
  8. ယနေ့ သိပ္ပံ-၅ (၁၉၇၆)၊
  9. နေနှင့် လူသား (၁၉၇၆)၊
  10. စက်ရုံလုပ်လူသား (၁၉၇၉)၊
  11. ဒိုင်နိုဆော (၁၉၇၉)၊
  12. သိပ္ပံပဒေသာနှင့် တယ်လီဖုန်း ရာပြည့် (၁၉၇၉)၊
  13. အမြော်အမြင်ရှိသူများ ၏ ကျင့်စဉ်၊
  14. အနန္တစကြဝဠာ အာကာသ အချက်အလက် ၁၀၀၀ (၂၀၁၁)၊
  15. ကိုယ်ခံ စွမ်းအားနှင့် ကမ္ဘာ့လူတုပ်ကွေးရောဂါ ဆောင်းပါးပေါင်းချုပ်၊
  16. ကျန်းမာရေးနှင့် ဆေးပညာ။
Remove ads

ရရှိသောဆုများ

နိုင်ငံတော်က လွတ်လပ်ရေးကြိုးပမ်းမှုကာလ တွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် ၎င်းအား ၁၉၆၀ ပြည့်နှစ်တွင် လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့် ချီးမြှင့်ခဲ့သည်။၁၉၈၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်တွင် နိုင်ငံတော်က ချီးမြှင့်သော နိုင်ငံ့ဂုဏ်ရည် ပထမဆင့် ရရှိခဲ့သည်။၂၀၁၂ ခုနှစ်တွင် အမျိုးသားစာပေ တစ်သက်တာဆု၊၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် တွင် အလင်္ကာကျော်စွာဘွဲ့ တို့ရရှိခဲ့သည်။[]

မိသားစုဘဝနှင့်ဘဝနိဂုံး

၁၉၄၉ ခုနှစ်တွင် ဒေါ်ခင်ညွန့်နှင့် လက်ထပ်ပြီး သားသမီး ခြောက်ဦး ထွန်းကားခဲ့သည်။သူသည် ၂၀၁၅ ခုနှစ် ဧပြီ ၉ ရက်တွင် ဘဝနိဂုံးချုပ်ခဲ့သည်။

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads