အလင်္ကာကျော်စွာဘွဲ့

From Wikipedia, the free encyclopedia

အလင်္ကာကျော်စွာဘွဲ့
Remove ads

ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အချုပ်အခြာအာဏာပိုင် လွတ်လပ်သောနိုင်ငံအဖြစ်သို့ရောက်ရှိကာ ပြည်ထောင်စုနိုင်ငံကို တည်ထောင်သည့်အချိန်မှစ၍ နိုင်ငံတော်အစိုးရက ဂုဏ်ထူး၊ ဘွဲ့ထူးများ ပေးအပ်ခြင်း နည်းစနစ်သစ် တီထွင်၍ နိုင်ငံတော်သမ္မတက နှစ်စဉ် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ဖြင့် ချီးမြှင့်သည်။

အချက်တိုများ အလင်္ကာကျော်စွာဘွဲ့, အမျိုးအစား ...

ဂုဏ်ထူးဘွဲ့ထူးများကို သင်္ဂဟ၊ ဘွဲ့၊ တံဆိပ်၊ ဟူ၍ ၃ မျိုးခွဲခြားရာ၌ သင်္ဂဟပြီးလျှင် ဘွဲ့၊ ဘွဲ့၏အောက် တံဆိပ်ဟူ၍ ဖြစ်သည်။ ဘွဲ့များတွင် သီရိပျံချီ၊ ဝဏ္ဏကျော်ထင်၊ အလင်္ကာကျော်စွာ၊ သိပ္ပံကျော်စွာ၊ ဇေယျကျော်ထင်ဟူ၍ ၅ မျိုးရှိသည်။

  • သီရိပျံချီဘွဲ့ကို ပြည်ထောင်စုမြန်မာနိုင်ငံ၏ ကောင်းရာကောင်းကျိုးကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သူများအား ချီးမြှင့်သည်။
  • ဝဏ္ဏကျော်ထင်ဘွဲ့ကို အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်ခြင်းအတွက် ချီးမြှင့်သည်။
  • အလင်္ကာကျော်စွာဘွဲ့ကို စာပေ ပရိယတ္တိ၊ သုခုမပညာ၊ ကခြင်း၊ သီခြင်း၊ ဂီတပညာအရပ်ရပ်တို့တွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်သည်။
  • သိပ္ပကျော်စွာဘွဲ့ကို သိပ္ပံပညာ၊ ကုန်ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုလက်မှုပညာရပ်များတွင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်သည့်အတွက် ချီးမြှင့်သည်။
  • ဇေယျကျော်ထင်ဘွဲ့ကိုမူ စစ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းခြင်းအတွက် ချီးမြှင့်သည်။[]

အလင်္ကာကျော်စွာဘွဲ့သည် စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာ တတ်မြောက်သူများအား ချီးမြှင့်အပ်နှင်းသော ဘွဲ့ဖြစ်ပေသည်။ လွတ်လပ်ရေးရအပြီး ပါလီမန်ခေတ် အစိုးရများမှ ၂၀၁၁ခုနှစ်နောက်ပိုင်း ပြည်ထောင်စုအစိုးရများ လက်ထက်အထိ အလင်္ကာကျော်စွာဘွဲ့ရရှိသူ (၂၀) ကျော်သာ ရှိသည်။ ၂၀၂၁ခုနှစ်မှစ၍ တပ်မတော်မှဖွဲ့စည်းထားသော အိမ်စောင့်အစိုးရ လက်ထက် ၂၀၂၂ခုနှစ်တွင်မူ မတ်လ၌ (၂၅)ဦး၊ ဧပြီလ၌ (၈)ဦး၊ နိုဝင်ဘာလ၌ (၇)ဦး စုစုပေါင်း (၄၀)ဦးအထိ အမြောက်အမြား ချီးမြှင့်ခဲ့သည်။[][]

ရွှေမန်းတင်မောင်၏သားဖြစ်သူ ညွန့်ဝင်းအား ၂၀၂၂ခုနှစ် မတ်လတွင် အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။ ထို့အပြင် ၂၀၂၂ခုနှစ် ဧပြီလတွင် နန်းတော်ရှေ့ဆရာတင်၏ သားဖြစ်သူ ရွှေနန်းတင်အား အလင်္ကာကျော်စွာဘွဲ့ ချီးမြှင့်ခဲ့သဖြင့် ၎င်းတို့သားအဖသည် ဒုတိယမြောက် အလင်္ကာကျော်စွာဘွဲ့ရ သားအဖဖြစ်လာသည်။[]

Remove ads

အလင်္ကာကျော်စွာဘွဲ့ရရှိခဲ့သော သူများ

နောက်ထပ် အချက်အလက်များ စဉ်, အမည် ...
Remove ads

ဆက်လေ့လာရန်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads