သီဟစည်သူ (ဂိုးသမား)

From Wikipedia, the free encyclopedia

Remove ads

သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့မှ လက်ရွေးစင် ဂိုးသမားတစ်ဦးဖြစ်သည်။

အချက်တိုများ ကိုယ်ရေးအချက်အလက်များ, အမည် အပြည့်အစုံ ...
Remove ads

ကစားသမားဘဝ

သီဟစည်သူသည် မြန်မာနေရှင်နယ်လိဂ်မှ အသင်းတစ်သင်းဖြစ်သော ဒယ်တာယူနိုက်တက် ဘောလုံးအသင်းနှင့် ကစားခဲ့ပြီး ထိုအသင်းနှင့်အတူ ၂၀၁၀ အာရှ ဖိတ်ခေါ်ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ သီဟစည်သူသည် ဒယ်တာယူနိုက်တက်အသင်း၏ အသင်းခေါင်းဆောင်လည်းဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင် သူအား ရန်ကုန်ယူနိုက်တက် ဘောလုံးအသင်းမှ အလွန်မြင့်သော လစာကြေးဖြင့် ပြောင်းရွေ့ရန် ဖိတ်ခေါ်ခဲ့သော်လည်း သူသည် ထိုကမ်းလှမ်းချက်အား ငြင်းဆန်ခဲ့ပြီး ဧရာဝတီယူနိုက်တက်အသင်းတွင်သာ ကစားရန်ဆုံးဖြတ်ခဲ့သည်။ သီဟစည်သူသည် ဧရာဝတီယူနိုက်တက်အသင်းဖန်များ၏ အကြိုက်ဆုံးကစားသမားတစ်ဦးလည်း ဖြစ်သည်။ သူအား ကလပ်အသင်းတွင်ဖြစ်စေ၊ နိုင်ငံလက်ရွေးစင်အသင်းတွင်ဖြစ်စေ အမြဲ စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစားကစားနေသည်ကို တွေ့ရသည်။[] သီဟစည်သူသည် ပြောင်းရွေ့ကြေး ဒေါ်လာ ၁ သိန်းလောက်ဖြင့် ဧရာဝတီယူနိုက်တက်အသင်းမှ ရတနာပုံအသင်းသို့ ပြောင်းရွေ့ခဲ့သည်။

Remove ads

နိုင်ငံတကာ အားကစားသမားဘဝ

သီဟစည်သူသည် မြန်မာလက်ရွေးစင်အသင်းတွင် ကစားခဲ့ပြီး[] မြန်မာ ယူ-၂၃ အသင်းအတွက် လက်ရွေးစင်ဂိုးသမားအဖြစ် အချိန်အကြာကြီး ကစားခဲ့သည်။


ဂုဏ်ပြုဆုများ


ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads