သီလက္ခန္ဓဝဂ္ဂ
From Wikipedia, the free encyclopedia
Remove ads
သီလက္ခန္ဓဝဂ္ဂ(မြန်မာအခေါ် သုတ်သီလက္ခန်)ပါဠိတော်တွင် သုတ်ပေါင်း ၁၃ သုတ်ပါရှိသည်။ ထို ၁၃ သုတ်တို့အနက် ဗြဟ္မဇာလသုတ်၌ ဒိဋ္ဌိ ၆၂ ပါးတို့ကို ဖဿာယတန၊ ဒွါရ ခြောက်ပါး စသည်တို့ဖြင် ဝေဘန်၍ ထိုမိစ္ဆာအယူရှိသူ တစ်စုံတစ်ယောက်မျှ မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်တည်းဟူသော ဒေသနာကွန်ယက်မှ လွတ်ထွက်၍ မသွားနိုင်ကြောင်း ဟောတော်မူသည်။ ဘုရားရှင်နှင့် စင်ပြိုင်ဝါဒထူထောင်ခဲ့သော တိတ္ထိဂိုဏ်း ဆရာကြီး ၆ ဦးတို့၏ ဝါဒတို့နှင့်တကွ ရဟန်းဖြစ်ကျိုး အဆင့်ဆင့်တို့ကို ပြဆိုရာ သာမညဖလသုတ်လည်း သီလက္ခန္ဓဝဂ်တွင် ပါဝင်သည်။
ထို့ပြင် ဗြာဟ္မဏဇာတ်သာ အမြင့်မြတ်ဆုံးဟု အယူရှိကြသော ပုဏ္ဏားတို့၏ ဝါဒနှင့် ဇာတ်ဝါဒမှန်သမျှကို သဘာဝကျကျ ရှင်းလင်းချက်များပါသော အမ္ဗဋ္ဌသုတ်နှင့် သောဏဒန္တသုတ် စသည်တို့လည်း ဤပါဠိတော်၌ ပါဝင်ပေသည်။
အထူးအားဖြင့် သတ္တဝါတို့ကို သတ်ဖြတ် ညှဉ်းဆဲ၍ ယဇ်ပွဲကြီးများ ဖန်တီးခဲ့သော ဝါဒကို ချေမှုန်း၍ ယဇ်ဟူသည် လယ်ယာလုပ်ကိုင်သူတို့အား မျိုးရိက္ခာပေးခြင်း စသည်သာ ဖြစ်ကြောင်း ဘုရားရှင်ကိုယ်တိုင် ရှင်းလင်းတင်ပြခဲ့သည့် ကူဋဒန္တသုတ်တော်ကြီးလည်း ဤပါဠိတော်၌ ပါဝင်ပေသည်။ ဤသုတ်တော်ကြီး၌ တိုင်းပြည်ပြု ပုဂ္ဂိုလ်များ ဖတ်ရှုမှတ်သားဖွယ် အများအပြား ပါဝင်သဖြင့် အမြဲ ခေတ်မှီနေသော သုတ်တော်ကြီးပင် ဖြစ်ပေသည်။
ထိုမှတပါး သီလ သမာဓိ ပညာ စခန်းတို့ကို ခွဲခြမ်း ဝေဘန်ပြရာဖြစ်သော မဟာလိသုတ်စသည်တို့အပြင် နောက်ဆုံးပါဠိတော်၌ ပါဝင်သော တေဝိဇ္ဇသုတ်၌ကား ဗေဒင်သုံးပုံဆောင် ပုဏ္ဏားတို့၏ စကားများ အခြေအမြစ်မရှိပုံနှင့် ဗြဟ္မာပြည်သို့ သွားရာလမ်းကြောင်း အစစ်ကို ဟောကြားတော်မူပုံစသည်တို့ကို ပါဝင်သည်။[၁]
Remove ads
ပါဝင်သော သုတ်များ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads