သံဃာဒိသိသ်အာပတ်
From Wikipedia, the free encyclopedia
Remove ads
သံဃာဒိသိသ်အာပတ် သည် မြတ်စွာဘရား၏ သားတော် ရဟန်းများအတွက် ပညတ်တော်မူခဲ့သည့် အာပတ် ဖြစ်သည်။[၁]
သံဃာဒိသိသ်အာပတ် သင့်ပြီးသော ရဟန်းအား ယင်းအာပတ်မှ ထမြောက် (စင်ကြယ်) စေရန် အစ၌ ပရိဝါသ်ကို ပေးခြင်း, အလယ်၌ မာနတ်ကိုပေးခြင်း, (မာနတ်ကျင့်နေစဉ်အတွင်း နောက်ထပ် သံဃာဒိသိသ် အာပတ်သင့်လျှင် အရင်းမူလအစသို့ ပြန်၍ မူလာယပဋိကဿနခေါ် ညဉ့်မဖုံးလျှင် မာနတ်ပြန်ပေး၊ ညဉ့်ဖုံးလျှင် ပရိဝါသ်နှင့်တကွ မာနတ်ပါ ပေးရခြင်း) အဆုံး၌ အဗ္ဘာန်သွင်း ပေးခြင်းကို သံဃာကသာ ပေးနိုင်၏၊ ထို့ကြောင့် အစ, အလယ်, အဆုံး ၃-ပါးလုံးတို့၌ သံဃာကို အလိုရှိအပ်သောကြောင့် သံဃာဒိသိသ်အာပတ်ဟု ခေါ်သည်။) [၂]။
(ရဟန်းတော်များ သံဃာဒိသိသ်အာပတ်မှ စင်ကြယ်အောင်ကုစားပုံကို [၃] ကြည့်။
ဘိက္ခုနီမများ သံဃာဒိသိသ်အာပတ်မှ စင်ကြယ်အောင် ကုစားပုံကို [၄] ကြည့်။ [၅]
Remove ads
သံဃာဒိသိသ်အာပတ် (၁၃) ပါး
သုက္ကဝိဿဋ္ဌိသိက္ခာပုဒ်
ကာယသံသဂ္ဂသိက္ခာပုဒ်
ဒုဋ္ဌုလ္လဝါစာသိက္ခာပုဒ်
အတ္တကာမပါရိစရိယသိက္ခာပုဒ်
သဉ္စရိတ္တသိက္ခာပုဒ်
ကုဋိကာရသိက္ခာပုဒ်
ဝိဟာရကာရသိက္ခာပုဒ်
ဒုဋ္ဌဒေါသသိက္ခာပုဒ်
ဒုတိယ ဒုဋ္ဌဒေါသသိက္ခာပုဒ်
သံဃဘေဒသိက္ခာပုဒ်
ဘေဒါနုဝတ္တကသိက္ခာပုဒ်
ဒုဗ္ဗစသိက္ခာပုဒ်
ကုလဒူသကသိက္ခာပုဒ်
Remove ads
အာပတ်ဖြေခြင်း
ဒေသနာကြားခြင်း ဟု သံဃာများက သုံးနှုန်းကြငည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
