ဟန်ကောင်မြို့

From Wikipedia, the free encyclopedia

ဟန်ကောင်မြို့
Remove ads

ဟန်ကောင်မြို့ (တရုတ်အသံထွက် 黄冈 ဟွမ်ကန်းဟုဖတ်)သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟူပေ့ပြည်နယ် အတွင်း ပင်လယ်ကမ်းခြေမှ မိုင် ၆ဝဝ အကွာတွင် တည်ရှိ၏။ ထိုမျှ ပင်လယ်နှင့် ဝေးကွာသော်လည်း အပြည်ပြည်မှ သင်္ဘော များသည် ရှန်ဟဲမြို့ကို ကျော်ဖြတ်ကာ ယန်စီမြစ်တစ်လျှောက်တွင် ခုတ်မောင်းပြီးလျှင် ဟန်ကောင်မြို့ သို့ သွားနိုင်ကြလေသည်။

အချက်တိုများ Huanggang 黄冈市, နိုင်ငံ ...

ဟန်ကောင်မြို့သည် ယန်စီမြစ်နှင့် ဟန်မြစ်တို့ ဆုံရာတွင် တည်ရှိ၏။ ဟန်မြစ်၏ တဘက်ကမ်း တွင် ဟန်ယန်မြို့ တည်ရှိ၍ ယန်စီမြစ်၏ တောင်ဘက်ကမ်း တွင် ဝူချန်မြို့ တည်ရှိသည်။ ထိုဟန်ကောင်၊ ဟန်ယန်နှင့် ဝူချန်မြို့ သုံးမြို့ကို စုပေါင်း၍ ဝူဟန်မြို့ဟု ခေါ်သည်။ ထိုသုံးမြွှာပူးမြို့သည် တရုတ်နိုင်ငံ အလယ်ပိုင်း၏ စက်မှုနှင့် ကူးသန်းရောင်းဝယ်မှုဆိုင်ရာ မြို့ကြီးတစ်မြို့ ဖြစ်လေသည်။ ရှန်ဟဲမြို့မှ ရေစူးပေ ၃ဝ ရှိသော သင်္ဘောများသည် ဟန်ကောင်မြို့အထိ သွားနိုင်ကြသည်။ ကန်တုန်မြို့နှင့် ပီကင်း မြို့သွား မီးရထားလမ်း၏ အလယ်လောက်တွင် ဟန်ကောင်မြို့ တည်ရှိ၍ ထိုမြို့မှ ယန်စီလွင်ပြင် တစ်လျှောက်လုံးသို့ ကုန်း လမ်းနှင့် ရေလမ်းများ ဆက်သွယ်လျက် ရှိသည်။ ဟန်ကောင် မြို့ရှိ စက်ရုံများသို့ သားရေဂျုံ၊ ဆေးရွက်၊ ဝါ၊ ပိုးမျှင်၊ ဆန် စပါး၊ ပဲ၊ လက်ဖက်ခြောက်၊ သံရိုင်း၊ ကျောက်မီးသွေးနှင့် ခနောက်စိမ်း(အင်တီမိုနီ)များ ရောက်လာကြသည်။

ထိုသို့ မြို့သုံးမြွှာပူး ရှိသည့်အနက် အရေးအကြီးဆုံးသော မြို့မှာ ဟန်ကောင်မြို့ ဖြစ်သည်။ ထိုမြို့၌ နိုင်ငံခြားနှင့် ကူးသန်းရောင်းဝယ်ခြင်းကို ၁၈၅၈ ခုနှစ်တွင် ဖွင့်လှစ်ခဲ့လေ သည်။ အဓိကလုပ်ငန်းမှာ ပြည်ပသို့ ကုန်များကို တင်ပို့ပေး ခြင်း ဖြစ်သည်။ ရှေးမြို့ဟောင်းဖြစ်သော ဝူချန်မြို့မှာ ပြည်တွင်း သို့ ကုန်များကို ဖြန့်ဖြူးပေးရန် ကုန်များကို လက်ခံသောမြို့ ဖြစ်သည်။ ဟန်ယန်မြို့မှာ စက်မှုလက်မှုကို တည်ထောင်သော မြို့ ဖြစ်သည်။ တရုတ်နိုင်ငံ၏ ပထမခေတ်မီ သံရည်ကျိုစက်ကို ထိုဟန်ယန်မြို့တွင် ၁၈၉ဝ ပြည့်နှစ်က တည်ထောင်ခဲ့လေသည်။ ထိုနောက် သံမဏိစက်ရုံတစ်ရုံကို တည်ဆောက်ပြန်သည်။

ထိုနောက် နှစ်အတော်ကလေး ကြာသည်အထိ ထိုမြို့မှ သံနှင့် သံမဏိ အမြောက်အမြားကို ထုတ်လုပ်နိုင်ခဲ့ပြီးလျှင် နောင် တွင်လည်း ထိုထက် ပိုမို၍ ထုတ်လုပ်နိုင်ကြလိမ့်မည်ဟု ထင်မှတ်ခဲ့ကြလေသည်။ သို့သော် ငွေကြေး အခက်အခဲနှင့် တွေ့လာသဖြင့် ထုတ်လုပ်မှုကို ရပ်ဆိုင်းထားလိုက်ရသည်။ ၁၉၃၈ ခုနှစ်တွင် ဂျပန်တို့က ထိုသုံးမြွှာပူးမြို့ကို တိုက်ခိုက်ကြ သောအခါ လူဦးရေ ၁၅ဝဝဝဝဝ ခန့်သည် ထွက်ပြေးသွားကြ ရာ စက်ရုံ အမြောက်အမြားကို ဖျက်ဆီးသွားကြလေသည်။ နန်ကင်းမြို့ကို ဂျပန်တို့က သိမ်းပိုက်လိုက်သောအခါ ဟန်ကောင်မြို့သည် တရုတ်နိုင်ငံ၏ ယာယီမြို့တော် ဖြစ်ခဲ့ သည်။ ၁၉၃၈ ခုနှစ်တွင် ဂျပန်တပ်များသည် ဟန်ကောင်မြို့သို့ ဝင်ရောက်လာကြသောအခါ တရုတ် အစိုးရက ချုန်ကင်းမြို့သို့ ဆုတ်ခွာပေးလိုက်သည်။ ဒုတိယကမ္ဘာစစ်အတွင်း မဟာမိတ် တပ်များက ဟန်ကောင် မြို့ကို လေကြောင်းမှ တိုက်ခိုက်ခဲ့ သည်။ သို့သော် ဂျပန်တို့က ထိုမြို့ကို ၁၉၄၅ ခုနှစ်တိုင်အောင် ထိန်းသိမ်း ထားကြလေသည်။ ဂျပန်တို့ စစ်ရှုံးသောအခါမှ တရုတ်တို့က ထိုမြို့ကို ပြန်လည် သိမ်းပိုက်နိုင်ကြလေသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထက်တွင် ဟန်ကောင်မြို့ အစား သုံးမြွှာပူးမြို့ဖြစ်သည့် ဝူဟန်မြို့ အဖြစ်နှင့် လူသိများ သည်။ ဟန်ကောင်မြို့၏ ၁၉၄၈ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေမှာ ၈ဝဝဝဝဝ ခန့် ရှိလေသည်။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads