ဟာရာ့ရီမြို့

ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် From Wikipedia, the free encyclopedia

ဟာရာ့ရီမြို့
Remove ads

ဟာရာ့ရီမြို့[](၁၉၈၂ ခုနှစ်အထိ တရားဝင်အမည်သည် ဆာ့စ်ဘူရီမြို့)[] သည် ဇင်ဘာဘွေနိုင်ငံ၏ မြို့တော် ဖြစ်ပြီး လူဦးရေ အများဆုံး မြို့လည်း ဖြစ်သည်။ မြို့တော်နယ်နိမိတ်သည် ၉၆၀.၆ စတုရန်း ကီလိုမီတာရှိပြီး ၂၀၀၉ ခုနှစ်တွင် ခန့်မှန်းခြေ လူဦးရေမှာ ၁,၆၀၆,၀၀၀ ဦး ရှိပြီး [] မက်ထရိုပိုလစ်တန်ဒေသတွင် နေထိုင်သော လူဦးရေမှာ ၂၀၀၆ တွင် ၂,၈၀၀,၀၀၀ ဦး ရှိသည်။ ဇင်ဘာဘွေနိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိပြီး မာရှိုနာလန်း ဒေသ တွင် တည်ရှိသည်။ ဟာရာ့ရီသည် မက်ထရိုပိုလစ်တန် ခရိုင်တစ်ခု ဖြစ်ပြီး ချီတွန်းဝီဇာ နှင့် အက်ပ်ဝေ့ါသ် စည်ပင်သာယာနယ်နိမိတ် နှစ်ခုလည်း ပါဝင်သည်။[] မြို့တော်သည် ပင်လယ်ရေမျက်နှာပြင်ထက် ၁,၄၈၃ မီတာ (၄,၈၆၅ ပေ) မြင့်သော ကုန်းမြေမြင့်ပေါ်တွင် တည်ရှိပြီး ၎င်း၏ ရာသီဥတုသည် အပူပိုင်းဆန်သော ကုန်းမြင့် အမျိုးအစားတွင် ပါဝင်သည်။

အချက်တိုများ ဟာရာ့ရီ Harare, နိုင်ငံ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads