ဟုမ္မလင်းမြို့

မြန်မာနိုင်ငံ၊ စစ်ကိုင်းဒေသကြီးရှိ မြို့ From Wikipedia, the free encyclopedia

Remove ads

ဟုမ္မလင်းမြို့ သည် စစ်ကိုင်းတိုင်းဟုမ္မလင်းခရိုင် အတွင်း ပါဝင်ခဲ့၍ ချင်းတွင်းမြစ်၏ လက်ဝဲဘက် ကမ်းပေါ်တွင် ကင်းတပ်မြို့မှ မိုင် ၁၃ဝ အကွာ၌ တည်ရှိသည်။ မိုးအခါတွင်ချင်းတွင်းမြစ် တစ်လျှောက် မီးသင်္ဘောများသည် ဟုမ္မလင်း အထိ ဆန်တက် နိုင်ပေသည်။ မြစ်လမ်းအားဖြင့် ပခုက္ကူမြို့မှ ၃၉၇ မိုင်ကွာဝေးသည်။ ခန္တီးခရိုင်အတွင်းပါဝင်ခဲ့သည့် ဟုမ္မလင်းတိုင်းခွဲ၏ ရုံးစိုက်မြို့လည်း ဖြစ်ခဲ့သည်။ ယခုအခါ စစ်ကိုင်းတိုင်းအတွင်း၌ ပါဝင်သော ဟုမ္မလင်း မြို့နယ်၏ ရုံးစိုက်မြို့ ဖြစ်သည်။

အချက်တိုများ ဟုမ္မလင်းမြို့, နိုင်ငံ ...

၁၈၉၉ ခုနှစ်တွင် နောင်ပကျစ်ရွာအပါအဝင် ဟုမ္မလင်းရွာကို မြို့အဖြစ် အစိုးရက သတ်မှတ်ကြေညာခဲ့၏။ ဟုမ္မလင်း (ႁုင်းမၢၵ်ႇလၢင်း) ဟူသည် ရှမ်းဘာသာ ဝေါဟာရဖြစ်၍ ဗမာဘာသာဖြင့် ညောင်ပိန္နဲဟု အဓိပ္ပာယ်ရလေသည်။ ဟုမ္မလင်းမြို့တွင် မြို့နယ် အုပ်ချုပ်ရေးဆိုင်ရာ အကြီးအကဲ များ၏ ရုံးများ၊ မြို့နယ် ပညာရေးမှူးရုံး၊ ကုန်သွယ်ရေးရုံး၊ ပြည်သူ့ရဲတပ်ဖွဲ့စခန်း၊ သစ်တောရုံး၊ သမဝါယမမြို့နယ်မှူးရုံး၊ လူဝင်မှုကြီကြပ်ရေးမှူးရုံး စသည်တို့ ရှိသည်။ ဟုမ္မလင်းမြို့နယ်၏ လူဦးရေမှာ ၁၉၇၂ ခုနှစ် ခန့်မှန်းခြေ အရ ၉၁ဝဝဝ ဖြစ်၏။[]နယ်ပိုင်ဝန်ထောက်ရုံးကိုလည်း ဖွင့်လှစ်ကာ အထက်ချင်းတွင်း ခရိုင်မြို့အဖြစ် ရုံးစိုက်ခဲ့သည်။

ပါလီမန်ခေတ် ၁၉၅၇ က ဆရာတော် ပုသိမ် ဦးဝိမလက နာဂတောင်တန်းသို့ သာသနာပြု ကြွရောက်စဉ် ချင်းတွင်း-ဟုမ္မလင်းသွား သင်္ဘောသည် မန္တလေးမှ ထွက်ကာ ပခုက္ကူ၊ မုံရွာ၊ ကနီ၊ မင်းကင်း၊ ကလေးဝ၊ မော်လိုက်၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ တရက်စီ ခုတ်မောင်း၍ ညအိပ်သွားရကြောင်း မိန့်သည်။[]

Remove ads

အထင်ကရပုဂ္ဂိုလ်

  • စာပေဆုရ စာရေးဆရာ နာဂတောင်တန်း မောင်ကြည်ဇင် (မောင်းခမ်းရွာ)

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads