အကော်ဒီယံအုန်းကျော်

From Wikipedia, the free encyclopedia

Remove ads

အကော်ဒီယံအုန်းကျော် (၁၉၃၉-၂၅ မေ ၂၀၁၃)သည် မြန်မာနိုင်ငံသား ဂီတာစာဆို တေးသံရှင် အကော်ဒီယံအတီးသမား သရုပ်ဆောင် တစ်ယောက် ဖြစ်သည်။ []

အစောပိုင်းဘဝနှင့် ပညာရေး

ဦးမြမောင်-ဒေါ်သီခ တို့၏သားဖြစ်ပြီး ဟင်္သာတမြို့ တစ်ဖက်ကမ်း ယွန်းသွယ်ရွာ၌ မြန်မာသက္ကရာဇ် ၁၃၀၁ ခုနှစ်၊ ဝါဆိုလ (ခန့်မှန်အားဖြင့် ခရစ်နှစ် ၁၉၃၉) တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါး‌ယောက်တွင် ဒုတိယသားဖြစ်သည်။

ဟင်္သာတမြို့၊ အမှတ်-၂ အထက်တန်းကျောင်းသားဘဝမှာပင် ပါးစပ်မှုတ် ဘာဂျာဖြင့် ကျောင်းသားလောကတွင် ထင်ရှားခဲ့ပြီး၊ အကော်ဒီယံကို ကူးပြောင်းလေ့ကျင့်ခဲ့သူဖြစ်သည်။ ဟင်္သာတမြို့ ဂီတာဦးချစ်တီး တူရိယာအဖွဲ့နှင့် ပူးတွဲ ထားသော တပ်ရင်း ၇ တူရိယာ အဖွဲ့တွင် အပျော်တမ်း တီးခတ်သီဆိုခဲ့သည်။

Remove ads

အနုပညာလုပ်ကိုင်ခြင်း

ရန်ကုန်မြို့သို့ ၁၉၅၉ ခုနှစ်အတွင်း ရောက်ရှိလာပြီးဂီတ ပညာကျော်များ၏ နည်းစံနစ်များကို မှတ်သားနာယူကာ မစ္စတာဝမ်ချိန်းယင်း ထံတွင် ဂီတဗဟုသုတများအနီး ကပ်ဆည်းပူးလေ့လာခဲ့ရသည်။ ဦးစွာပထမ အေဝမ်းဂီတာ ကြည်အေးတူရိယာအဖွဲ့တွင် ပါဝင်ခဲ့ရပြီး ရုပ်ရှင်နောက်ခံနှင့် ဓာတ်ပြားများ အများအပြား သွင်းရသည်။

၁၉၆၀ ခုနှစ်အတွင်း ဆူပါဟိုက်ဓာတ်ပြားကုမ္ပဏီတွင် ကိုယ်တိုင်ရေးဆို တီးသော ခရမ်းရောင်လွင်ပြင် တိမ်ဖုံးပါလို့လမသာ တေးသီချင်းများ ဓာတ်ပြားသွင်းရသည်။ ဆက်လက်ပြီး ဟင်္သာတ ဆန်ရောင်းဝယ်ရေး ဓာတ်ပြားကုမ္ပဏီ တွင် တောကမောင်ကြီး၊ မိုးလုံးပတ်လည်၊ တောသူလေးမို့၊ မောင်ကြီးခေါ်ရာ၊ မြေလတ်သူ၊ အပျော်ဆုံးနေ့၊ ရွှေဝါမြေ ဓာတ်ပြားများဖြင့် ထင်ရှားလာရသည်။

ကိုယ်ပိုင်လုပ်ငန်း

ကိုယ်ပိုင်ဓာတ်ပြားထုတ်လုပ်သောအခါ သျှောင်ပေစူး သီချင်းမှာ အထူးအောင်မြင်ခဲ့ရသည်။ အကော်ဒီယံလက်စွမ်းပြများဖြင့် ပိုမိုထင်ရှားခဲ့ရပြီး ၁၉၇၇-၇၈ ခုနှစ်တွင် ကိုယ်ပိုင်တေးသံသွင်းအသံဖမ်း လုပ်ငန်း လုပ်ကိုင်ကာ ဖြန့်ချိရောင်းချရေးပါ မကျန် လုပ်ဆောင်သည်။

ရုပ်ရှင်

၁၉၆၂ ခုနှစ်တွင် မြေလတ်သူဇာတ်ကား၊ ၁၉၆၅ ခုနှစ်တွင် မိုးချယ်ရီဇာတ်ကားများဖြင့် ခေါင်းဆောင် ရုပ်ရှင်မင်းသားအဖြစ် သရုပ်ဆောင်ပါဝင်ခဲ့သည်။ သို့သော် "ကျွန်တော်ကတော့ ရုပ်ရှင်ထက် ဂီတကို ပိုမို မြတ်နိုးပါတယ်"ဟု ဂီတပညာကို အမြဲတမ်းဂုဏ်ယူ ပြောတတ်သူဖြစ်သည်။

Remove ads

မိသားစု

ဒေါ်စောရီနှင့် အိမ်ထောင်ကျပြီး သားသမီး ၄ ဦး ထွန်းကားသည်။ ပြီးနောက် ရုပ်ရှင်ဒါရိုက်တာသာဓု၏ ဇနီးဟောင်း ရုပ်ရှင်မင်းသမီး အကယ်ဒမီ (ဒေါ်) မြတ်မွန် နှင့် ထပ်မံ အိမ်‌ထောင်ကျပြီး သက်ငုံဖူး၊ ဇာနည်မောင်တို့ကို မွေးဖွားသည်။[]

ထမ်းဆောင်ခဲ့သော တာဝန်များ

ဂီတပညာရှင်များ ရှေ့တန်းရဲဘော်များအား သွားရောက် ဖျော်ဖြေခဲ့ရာတွင် တောကြုံအုံကြားမကျန်အကော်ဒီယံ ဆွဲ၍ ဆိုတီးပါဝင်ခဲ့ရသည်။ ကျောက်တံတားမြို့နယ် ဂီတကောင်စီစည်းရုံး ရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၉၁ မှ ၂၀၀၅ ခုနှစ်အထိ မြန်မာနိုင်ငံဂီတကောင်စီ စည်းရုံးရေး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။

ဘဝနိဂုံး

အသက် ၇၅ နှစ်အရွယ် ၂၀၁၃ ခုနှစ် မေလ ၂၅ ရက်နေ့ မွန်းလွဲ (၂) နာရီအချိန် ရန်ကုန်မြို့ အာရှတော်ဝင်ဆေးရုံတွင် ကွယ်လွန်သည်။ [] မေလ ၂၉ ရက် ရေဝေးသုဿန်တွင် မီးသဂြိုဟ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးနှစ်ဦး သားသမီးခြောက်ဦး ‌ မြေး ဆယ်ဦး ကျန်ရစ်သည်။ []

ဖန်တီးခဲ့သော တေးဂီတများ

  • ကမ္ဘာကြေ သော်လည်းဥဒါန်းမကြေ A (ကိုယ်တိုင်ရေးဆို)
  • ကမ္ဘာကြေ သော်လည်းဥဒါန်းမကြေ B (ကိုယ်တိုင်ရေးဆို)
  • ကာလနဂါး (ကိုယ်တိုင်ရေးဆို)
  • ကျောင်း‌ ‌တော် ဆွေ (ကိုယ်တိုင်ဆို)
  • ခင်ခင်မင်မင် (မေဆွိ နှင့် တွဲဖက်သီဆို)
  • ချစ်တဲ့ည (ကိုယ်တိုင်ရေးဆို)
  • ချစ်ထံတျာ (ကိုယ်တိုင်ဆို)
  • ချစ်လှိုင်းသံ (ကိုယ်တိုင်ရေးဆို)
  • ချစ်အဏ္ဏဝါ (သန်းသန်းဆင့် နှင့်)
  • ချစ်သောတောသူ (ကိုယ်တိုင်ဆို)
  • ချစ်အယူခံ (ကိုယ်တိုင်ဆို)
  • ငွေတောင်သူ (ကိုယ်တိုင်ရေးဆို)
  • စစ်ထွက်သူ (ကိုယ်တိုင်ရေးဆို)
  • စိမ်းဆိုမှစိမ်း (ကိုယ်တိုင်ဆို)
  • စိမ်းလဲ့မြေလွှာ (တဲအိုကလေး) (ကိုယ်တိုင်ဆို)
  • တူစုံချစ်ပန်း (ကိုယ်တိုင်ဆို)
  • တောကမောင်ကြီး (ကိုယ်တိုင်ဆို)
  • တောသားမို့လား (ကိုယ်တိုင်ဆို)
  • တောသူလေးမို့ (ကိုယ်တိုင်ဆို)
  • တောင်တန်းဧကရီ (ကိုယ်တိုင်ရေးဆို)
  • တိမ်ဖုံးပါလို့ လမသာ (ကိုယ်တိုင်ဆို)
  • တစ်နေဝင်သော် (ကိုယ်တိုင်ဆို)
  • နန်းဒေဝီ (ကိုယ်တိုင်ဆို)
  • နန်းပွင့်ရွှေကြာ (ကိုယ်တိုင်ရေးဆို)
  • ပိတောက်လက်ဆောင် (ကိုယ်တိုင်ဆို)
  • မဟာနဒီ (ကိုယ်တိုင်ဆို)
  • မိုးလုံးပတ်လည် (ကိုယ်တိုင်ရေးဆို)
  • မွေးရပ်ဌာနီ ဧရာဝတီ (လွမ်းနဒီ) (ကိုယ်တိုင်ရေးဆို)
  • မောင်ကြီး ရွှေ ဂုံ သူ (ကိုယ်တိုင်ရေးဆို)
  • ယာတောသူ (ကိုယ်တိုင်ဆို)
  • ရွှေမြန်မာ (ကိုယ်တိုင်ရေးဆို)
  • ရွှေဝါမြေ (ကိုယ်တိုင်ရေးဆို)
  • ရွှေသောင်ယံအလွမ်းပြေ (ကိုယ်တိုင်ရေးဆို)
  • လူလူချင်းချစ်ကြရာဝယ် (ကိုယ်တိုင်ရေးဆို)
  • သွေးကစကားပြောသည် (ကိုယ်တိုင်ရေးဆို)
  • သျှောင်ပေစူး (ကိုယ်တိုင်ရေးဆို)
  • အချစ်ပျောက်ရှာပုံတော် (ကိုယ်တိုင်ရေးဆို)
  • အချစ်ရှုံးသမား ဒဿဂီရိ (ဆို - လွှမ်းမိုး)
  • အပျော်ဆုံး‌ ‌ နေ့ (ကိုခင်လတ်၊ ကိုမြဦးတို့နှင့်)
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads