ပူမာ (အမှတ်တံဆိပ်)
ဂျာမန် အားကစားပစ္စည်း ကုမ္ပဏီ From Wikipedia, the free encyclopedia
Remove ads
ပူမာ (အင်္ဂလိပ်: Puma) သည် အားကစားနှင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်သည့် ဖိနပ်များ၊ အဝတ်အထည်များနှင့် ဆက်စပ်ပစ္စည်းများကို ဒီဇိုင်းဖန်တီးခြင်းနှင့် ထုတ်လုပ်ခြင်းများ ပြုလုပ်နေသော ဂျာမန် နိုင်ငံတကာ ကော်ပိုရေးရှင်း တစ်ခုဖြစ်ပြီး ဘာဗေးရီးယားပြည်နယ်၊ ဟာဇိုဂနောဟာမြို့တွင် ရုံးချုပ်တည်ရှိသည်။ ပူမာ သည် အားကစားဝတ်စုံ ထုတ်လုပ်ရေးတွင် ကမ္ဘာ့တတိယအကြီးဆုံး လုပ်ငန်းစု ဖြစ်သည်။[၅] ကုမ္ပဏီကို ရုဒေါ့ဖ် ဒက်စလာ (၁၈၉၈-၁၉၇၄) ဆိုသူမှ ၁၉၄၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။ ၁၉၂၄ ခုနှစ်တွင် ရုဒေါ့ဖ် နှင့် သူ၏ ညီအစ်ကို အဒေါ့ဖ် ဒက်စလာ တို့သည် ('ဒက်စလာ ညီအစ်ကိုများ ဖိနပ်စက်ရုံ') Gebrüder Dassler Schuhfabrik ကုမ္ပဏီကို ပူးတွဲတည်ထောင်ခဲ့သည်။ ညီအစ်ကို နှစ်ဦးကြား ဆက်ဆံရေး အဆင်မပြေဖြစ်မှုသည် ၁၉၄၈ ခုနှစ်တွင် အက်ဒီးဒက်စ် (Adidas) နှင့် ပူမာ (Puma) ဟူ၍ သီးခြားလုပ်ငန်း တစ်ခုစီအဖြစ် ခွဲထွက်တည်ထောင်ခဲ့သည်အထိ ဖြစ်လာခဲ့သည်။
ခွဲထွက်ပြီးနောက် ရုဒေါ့ဖ် သည် အသစ်တည်ထောင်ထားသော ကုမ္ပဏီကို Ruda[မှတ်စု ၁] ဟူသော အမည်ဖြင့် မှတ်ပုံတင်ခဲ့သော်လည်း နောက်ပိုင်းတွင် Puma ဟု အမည်ပြောင်းလဲခဲ့သည်။ ၁၉၄၈ ခုနှစ် Puma ၏ အစောဆုံး လိုဂိုတွင် ကုမ္ပဏီ၏အမည်နှင့်အတူ မှတ်ပုံတင်ထားသည့် D ပုံပေါ်တွင် ခုန်နေသော လေးထောင့်နှင့် သားရဲပုံများ ပါဝင်သည်။ ၁၉၅၈ ခုနှစ်မှစ၍ Puma ၏ ဖိနပ်နှင့် အဝတ်အစား ဒီဇိုင်းများတွင် Puma လိုဂိုနှင့် မိတ်ဆက်ခဲ့သည့် ထူးခြားသော "Formstrip" တို့ ပါရှိသည်။[၆]
ဩစတြေးလျဖလား ဘောလုံးပြိုင်ပွဲတွင် အသုံးပြုသော တရားဝင် ဘောလုံး
ပူမာ ဂိုးသမားလက်အိတ်တစ်စုံ
Remove ads
ဘဏ္ဍာရေး
Remove ads
ပုံများ
- Puma lifestyle ဖိနပ်တစ်ရံ
- Puma Street Yaam အမျိုးအစား ဖိနပ်
- ဟောင်ကောင်ရှိ ပူမာ စတိုး
မှတ်စုများ
- Ruda သည် Rudolf Dassler မှ ဆင်းသက်လာခြင်းဖြစ်ပြီး Adidas သည် Adi Dassler မှ ဆင်းသက်လာခြင်းဖြစ်သည်။
ကိုးကား
ပြင်ပလင့်များ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads