အဂ္ဂမဟာသရေစည်သူ
ပြည်ထောင်စုစည်သူသင်္ဂဟ ပထမတန်းစား From Wikipedia, the free encyclopedia
Remove ads
ပြည်ထောင်စုစည်သူသင်္ဂဟတွင် ပထမတန်းကို အဂ္ဂမဟာသရေစည်သူ၊ ဒုတိယတန်းကို သတိုးမဟာသရေစည်သူ၊ တတိယတန်းကို မဟာသရေစည်သူ၊ စတုတ္ထတန်းကို သရေစည်သူ၊ ပဉ္စမတန်းကို စည်သူ ဟူ၍ အဆင့်အတန်း (၅)မျိုးခွဲခြားထားသည်။
Remove ads
ချီးမြှင့်ခြင်း
အဂ္ဂမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ သတိုးမဟာသရေစည်သူအတွက် ကြယ်ပွင့်နှင့် တံဆိပ်တို့ကိုလည်းကောင်း၊ မဟာသရေစည်သူ၊ သရေစည်သူနှင့် စည်သူအတွက် တံဆိပ်များကိုလည်းကောင်း ပြဋ္ဌာန်းသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။
အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားအစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၁]
Remove ads
အဂ္ဂမဟာသရေစည်သူဘွဲ့ ရရှိခဲ့သူများ
- မြန်မာနိုင်ငံ၏ပထမဆုံး နိုင်ငံတော်သမ္မတ စဝ်ရွှေသိုက်
- ဦးဘဦး
- မန်းဝင်းမောင်
- မြန်မာနိုင်ငံ၏ပထမဆုံးဝန်ကြီးချုပ် ဦးနု[မှတ်စု ၁]
- ဆာဟူးဘတ်ရန့်စ် (ဗြိတိသျှဘုရင်ခံ)
- လော့ဒ်အော့ဂ်မိုး (ဗြိတိသျှသံအမတ်ကြီး)[၂]
- ဖီးမာရှယ်ဆရစ် (ထိုင်းဝန်ကြီးချုပ်)
- နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်
- ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတ လူကာရှန်းကော့
- ဦးနေဝင်း (ဗိုလ်ချုပ်ကြီး)[မှတ်စု ၁]
- ဦးစန်းယု[မှတ်စု ၂]
- ဗိုလ်ချုပ်မှူးကြီး စောမောင်[မှတ်စု ၁]
- ဗိုလ်ချုပ်မှူးကြီး သန်းရွှေ[မှတ်စု ၁]
Remove ads
အခြားကြည့်ရန်
ရှင်းလင်းချက် မှတ်စုများ
- နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းအနေဖြင့် ချီးမြှင့်ခံရခြင်းဖြစ်သည်။[၃]
- နိုင်ငံတော်သမ္မတဟောင်းအနေဖြင့် ချီးမြှင့်ခံရခြင်းဖြစ်သည်။[၃]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads