ပြည်ထောင်စုစည်သူသင်္ဂဟ
မြန်မာ့ သင်္ဂဟဂုဏ်ထူးဆောင်ဘွဲ့ From Wikipedia, the free encyclopedia
Remove ads
ပြည်ထောင်စုစည်သူသင်္ဂဟ (အင်္ဂလိပ်: Order of the Union of Myanmar, ရောမ: Pyidaungsu Sithu Thingaha) သည် မြန်မာနိုင်ငံမှ ပြည်သူများအားချီးမြှင့်သော အမြင့်ဆုံးဘွဲ့တံဆိပ်တော်များဖြစ်သည်။ ဗြိတိသျှတို့၏ Order of Burma ဘွဲ့ကိုအစားထိုးရန် မြန်မာတို့မှ အသစ်ပြုလုပ်ခဲ့သည်။ [၃]
သင်္ဂဟဂုဏ်ထူးများကို အခြားနိုင်ငံရှိ ဂုဏ်ထူးအဆင့်အတန်းများနှင့် နှိုင်းယှဉ်ထားခြင်းမရှိ။ ပြည်ထောင်စုမြန်မာနိုင်ငံတွင် အကောင်းဆုံး အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများမှာ အခြားမည်သည့် နိုင်ငံများတွင်မဆို အကောင်းဆုံး၊ အမြင့်ဆုံးဟုထားသော ဂုဏ်ထူး၊ ဘွဲ့ထူးများနှင့် တန်းတူသည်ဟု ယူဆသည်။ ဘွဲ့ရသူတို့အား ရွှေ ၃ကျပ်သားထက်မနည်း ပါဝင်သော ရွှေတံဆိပ်များ ချီးမြှင့်သည်။ အဆောင်အယောင်တို့ကို ပြဋ္ဌာန်းထားသည်နှင့်အညီ ဝတ်ဆင်ရပေသည်။ နိုင်ငံခြားစိုးရများက ပေးသော ဘွဲ့၊ ဆု၊ တံဆိပ်များအတွက် ဖဲကြိုးများကို ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရကပေးသော ဘွဲ့တံဆိပ်များအတွက် ဖဲကြိုးများနောက် ပြီးဆုံးမှ တပ်ဆင်ရန် ပြဋ္ဌာန်းထားသည်။[၄][၁]
ဘွဲ့များကို ချီးမြှင့်အပ်နှင်းခြင်းခံရသည့် ပုဂ္ဂိုလ်၏အမည်ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ် အသုံးပြုရသည်။ ရာထူးနှင့်အမည်ကို တွဲခေါ်ရသော ပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ရာထူးနှင့်အမည် ကြားတွင် ဖော်ပြ၍ခေါ်ဝေါ်အသုံးပြုရသည်။ ရာထူးနှင့်အမည်တွဲ၍ မခေါ်ရသောပုဂ္ဂိုလ်များဖြစ်ပါက ဘွဲ့အမည်ကို ဦး၊ ကို၊ ဒေါ်၊ မ ရှေ့တွင်ဖော်ပြ၍ ခေါ်ဝေါ်အသုံးပြုရသည်။[၂]
Remove ads
အဆင့်များ





ပြည်ထောင်စုစည်သူသင်္ဂဟတွင် အဆင့် ၅ ဆင့်ရှိသည် -
ဘွဲ့ရရှိသူများ
အဂ္ဂမဟာသရေစည်သူ
သတိုးမဟာသရေစည်သူ
မဟာသရေစည်သူ
သရေစည်သူ
စည်သူ
Remove ads
အခြားကြည့်ရန်
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads