အင်းတော်ကြီးမြို့

From Wikipedia, the free encyclopedia

Remove ads

အင်းတော်ကြီးမြို့သည် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသော မြို့တစ်မြို့ ဖြစ်သည်။

အချက်တိုများ အင်းတော်ကြီးမြို့, နိုင်ငံအမည် ...

အင်းတော်ကြီးမြို့တွင် ရှမ်းနီ(တိုင်းလျန်)တိုင်းရင်းသားအများစုနေထိုင်ပြီး ဒုတိယအများဆုံးနေထိုင်သူတိုင်းရင်းသားများမှာ ဗမာတိုင်းရင်းသားများ၊ ရှမ်းဗမာသွေးနှော ကပြားများဖြစ်ကြသည်။ ကချင်တိုင်းရင်းသား ဂျိန်းဖောလူမျိုးများလည်း အနည်းအကျဉ်းရှိသည်။

အင်းတော်ကြီးမြို့၌ အင်းတော်ကြီးကန်တည်ရှိသည်။ အင်းတော်ကြီးရေကန်သည် အရှေ့မှ အနောက်သို့ (၁၃) ကီလိုမီတာ (၈.၁ မိုင်) နှင့် မြောက်မှ (၂၄) ကီလိုမီတာ (၁၅ မိုင်) ရှိသည်။ ကန်ပတ်လည်တွင် ရွာပေါင်း (၂၀) ကျော်ရှိသည်။ အင်းအိုင်ပတ်ဝန်းကျင်တွင် နေထိုင်ကြသည့် ထင်ရှားသော တိုင်းရင်းသားလူမျိုးစုများမှာ စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသော တိုင်းလျန်(ရှမ်းနီ) တိုင်းရင်းသားများနှင့် ရှမ်းဗမာကပြားများဖြစ်သည်။ အင်းတော်ကြီးကန် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၏ အဓိကအင်္ဂါရပ်မှာ ရေကန်ဖြစ်သည်။

အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံတွင် အကြီးဆုံးကန်ဖြစ်ပြီး အာဆီယံအမွေအနှစ် ဘေးမဲ့တော ဥယျာဉ်အဖြစ်သတ်မှတ်ထားခြင်းခံရသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads