အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)
အစိုးရ စက်မှုလက်မှုသိပ္ပံ ဘက်စုံသက်မွေးပညာသင်ဌာန From Wikipedia, the free encyclopedia
Remove ads
အစိုရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်) သည် မော်လမြိုင်မြို့တွင် တည်ရှိပြီး မွန်ပြည်နယ်၏ တစ်ခုတည်းသော စက်မှုလက်မှုသိပ္ပံဖြစ်သည်။ မြန်မာနိုင်ငံ ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ ၂၂ခုတွင် တစ်ခုအပါအဝင်ဖြစ်သည်။ [၁] ထိုသိပ္ပံသည် နည်းပညာဒီပလိုမာကိုသာ ချီးမြှင့်နိုင်သည်။[၂]
Remove ads
သမိုင်းကြောင်း
အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)ကို ၁၉၈၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နောက်ပိုင်းတွင် အစိုးရနည်းပညာကောလိပ်(မော်လမြိုင်)၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်) အဖြစ် အဆင့်ဆင့်ပြောင်းလဲခဲ့သည်။ ထိုအချိန်တည်းက အစိုးရစက်မှုလက်မှုသိပ္ပံအမည်မှာ ကွယ်ပျောက်ခဲ့ပြီး ၂၀၁၅ ဇန်နဝါရီလ ၂၆ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) အဖြစ် အသစ်ပြန်လည်တည်ထောင်ခဲ့သည်။[၃] အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၏ ပထမဆုံးကျောင်းအုပ်ကြီးမှာ ဦးအောင်မိုးဖြစ်သည်။
Remove ads
တည်နေရာ
ဤသိပ္ပံသည် မော်လမြိုင်မြို့ စက်မှုဇုန်တွင် တည်ရှိပြီး ယခင် ကွန်ပျူတာတက္ကသိုလ်(မော်လမြိုင်) နေရာတွင် တည်ဆောက်ထားသည်။[၂]
သင်ကြားရေးဌာနများ
- မြို့ပြအင်ဂျင်နီယာဌာန
- အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးအင်ဂျင်နီယာဌာန
- လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန
- စက်မှုအင်ဂျင်နီယာဌာန
ဘွဲ့ဒီဂရီများ
အသင်းအဖွဲ့များ
ကျောင်းသားများသမဂ္ဂ
အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်) ကျောင်းသားများသမဂ္ဂကို ဇူလိုင်လ (၁၀)ရက်၊ ၂၀၁၈ခုနှစ်တွင် ဖွဲ့စည်းခွင့်ပေးခဲ့ပြီး ဇူလိုင်လ (၁၃)ရက်၊ ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ သမဂ္ဂရွေးကောက်ပွဲကို လျှို့ဝှက်ဆန္ဒမဲစနစ်ဖြင့် တစ်ကျောင်းလုံးမှဆန္ဒပြုခဲ့သည်။ ပထမအကြိမ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌမှာ ကိုမြတ်မိုးသူတာဝန်ထမ်းဆောင်ပြီး ပညာတော်သင်စေလွတ်မှုဖြင့် တရုတ်နိုင်ငံ ယူနန် ကောလိပ်သို့ သွားရောက်ခဲ့သည်။ ထို့နောက် ဒုဥက္ကဋ္ဌ ဖြစ်သူ ကိုစိုင်းစင်လင်းအောင်မှ တာဝန်ယူ ထမ်းဆောင်ခဲ့သည်။ ဒုတိယအကြိမ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲ အရ အမှုဆောင် ဥက္ကဋ္ဌ မှာ ကိုသီဟအောင် တာဝန်ထမ်းဆောင်ခဲ့သည်။ တတိယအကြိမ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲအရ လက်ရှိဥက္ကဋ္ဌ ကိုရဲရင့်အောင် မှ ဆက်လက်တာဝန်ထမ်းဆောင်လျက်ရှိသည်။ [၄]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads