အထူးစီးပွားရေးဇုန်

From Wikipedia, the free encyclopedia

Remove ads

အထူးစီးပွားရေးဇုန်သည် (Special Economic Zone, SEZ) နိုင်ငံတစ်နိုင်ငံ အတွင်းရှိ သမားရိုးကျ စီးပွားရေး ဥပဒေများထက် ပို၍ လွတ်လပ်သော စီးပွားရေး ဥပဒေများဖြင့် ပြဋ္ဌာန်း သတ်မှတ်ထားသော မြေနေရာ ဖြစ်သည်။ SEZ သည် များပြားသော ဇုန်များ စုပေါင်းထားခြင်း ဖြစ်ပြီး လွတ်လပ်သော ကုန်သွယ်ရေး ဇုန်များ (Free Trade Zones, FTZ)၊ ပို့ကုန်လုပ်ငန်းဇုန်များ (Export Processing Zones, EPZ))၊ စက်မှုဇုန်များ ၊ လွတ်လပ်သော ဆိပ်ကမ်း နယ်မြေများ၊ မြို့ပြဇုန်များ စသည်တို့ ပါဝင်ကြသည်။ အထူးစီးပွားရေးဇုန် တစ်ခုတွင် ၎င်း၏ နယ်မြေအတွင်း အခြား အထူးဇုန်များစွာ ပါဝင် ဖွဲ့စည်းနိုင်သည်။

SEZ တည်ထောင်ခြင်း၏ အဓိက ရည်မှန်းချက်မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရန် ဖြစ်သည်။ အစောဆုံးနှင့် လူသိအများဆုံး အထူးစီးပွားရေးဇုန်မှာ တရုတ်နိုင်ငံမှ စီးပွားရေးဇုန်များဖြစ်ပြီး တရုတ်နိုင်ငံတော် ခေါင်းဆောင် တိန့်ရှောင်ဖိန် (Deng Xiaoping) က ၁၉၈ဝ အစောပိုင်းကတည်းက တည်ထောင်ခဲ့သည်။ တရုတ်နိုင်ငံ၏ အအောင်မြင်ဆုံး အထူးစီးပွားရေးဇုန်မှာ Shenzhen ဖြစ်ပြီး နှစ်ပေါင်း (၂၀) အတွင်း ရွာငယ်လေး တစ်ရွာအဖြစ်မှ လူဦးရေ (၁၀) သန်းကျော် နေထိုင်သည့် မြို့ကြီးအဖြစ်သို့ ပြောင်းလဲအောင် စွမ်းဆောင်နိုင်ခဲ့သည်။ တရုတ်နိုင်ငံ၏ နမူနာကို ယူ၍ ဘရာဇီး၊ အိန္ဒိယ၊ အီရန်၊ ဂျော်ဒန်၊ ကာဇက်စတန်၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ပိုလန်၊ ရုရှ နှင့် ယူကရိန်းတို့ကလည်း SEZ များ တည်ထောင်လာခဲ့ကြသည်။

Remove ads

နိုင်ငံတကာရှိ အထူး စီးပွားရေးဇုန်များ

(၁) တရုတ်နိုင်ငံ

ထင်ရှားသော အထူးစီးပွားရေးဇုန်များမှာ Shenzhen နှင့် Pudong တို့ ဖြစ်ကြသည်။ တရုတ်နိုင်ငံ၏ အထူးစီးပွားရေးဇုန်များ လည်းရှု

(၂) အိန္ဒိယနိုင်ငံ

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပပို့ကုန် တိုးမြှင့်ရေးအတွက် ရည်ရွယ်၍ အိန္ဒိယ အစိုးရသည် ၂၀၀ဝ ပြည့်နှစ် ဧပြီလတွင် အထူးစီးပွားရေးဇုန် မူဝါဒကို ချမှတ်ခဲ့သည်။ ၂၀၀၇ ခုနှစ်အထိ အထူးစီးပွားရေးဇုန်ပေါင်း (၅၅၀) ခန့်ကို အဆိုပြုခဲ့ပြီး ၎င်းတို့အထဲမှ (၂၂၀) ကို တည်ထောင်ခဲ့ပြီး ဖြစ်သည်။ ထင်ရှားသော အထူးစီးပွားရေးဇုန်များမှာ -
  • Sri City (SEZ), Andhra Pradesh (http://www.sricity.in)
  • Visakhapatnam (Andhra Pradesh)
  • Hyderabad (Andhra Pradesh)
  • Polepally (Andhra Pradesh)
  • Ahmedabad, Baroda, Kandla and Surat (Gujarat)
  • Cochin (Kerala)
  • Pithampur (Madhya Pradesh)
  • Nagpur also refer MIHAN, Pune and SEEPZ in Mumbai (Maharashtra)
  • Chennai, Ilandaikulam Madurai, Nanguneri and Tirunelveli (Tamil Nadu)
  • NOIDA, Greater NOIDA (Uttar Pradesh) UP
  • Falta (West Bengal)
  • Bangalore [Karnataka]
  • Kensington [Powai, Mumbai] တို့ ဖြစ်ကြသည်။

(၃) အင်ဒိုနီးရှား

အင်ဒိုနီးရှားနိုင်ငံ၏ အထူးစီးပွားရေးဇုန်များ

(၄) မြန်မာနိုင်ငံ

စီးပွားရေး လုပ်ငန်းကဏ္ဍအသီးအတွက် အခွန်ကင်းလွတ်ခွင့်ပေးမည့် အထူးစီးပွားရေးဇုန်များကို ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်ဖြူမြို့တို့တွင် ကနဦးပိုင်း တည်ဆောက်မှုများ လုပ်ဆောင်နေပြီဖြစ်သည်။ အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများကို အခွန်ကင်းလွတ် ခွင့်ပြုမည်ဖြစ်ရာ ထုတ်လုပ်မှုကဏ္ဍတွင် ပထမ ၅ နှစ်အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပေးမည်ဖြစ်ပြီး အဆင့်မြင့် နည်းပညာကဏ္ဍတွင် ပထမ ၈ နှစ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက် ကဏ္ဍတွင် ပထမ ၂ နှစ်၊ ဘဏ်လုပ်ငန်းဝန်ဆောင်မှု တို့အတွက် ပထမနှစ် စသည်ဖြင့် သတ်မှတ်ထားသည်။[] ကျောက်ဖြူမြို့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုလည်း ဆောက်လုပ်ရန် လျာထားသည်။ ရန်ကုန်တိုင်း သီလဝါဆိပ်ကမ်း၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ကရင်ပြည်နယ် မြဝတီနှင့် ဖားအံမြို့၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် မန္တလေးတိုင်း ပြင်ဦးလွင်မြို့တို့တွင် လွတ်လပ်သော ကုန်သွယ်ရေးဇုန် ၆ ခု တည်ထောင်ရန် စီမံထားသည်။[]
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads