အနုပညာပျိုးခင်း

From Wikipedia, the free encyclopedia

Remove ads

အနုပညာပျိုးခင်း သည် မြန်မာနိုင်ငံရှိ အနုပညာအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ နိုဝင်ဘာလ ၁၁ရက်နေ့၊ ၂၀၁၁ခုနှစ်တွင် အကယ်ဒမီ လူမင်းအကယ်ဒမီ ပြေတီဦးအကယ်ဒမီ နေတိုး၊ အကယ်ဒမီ ခန့်စည်သူ၊ မြင့်မြတ်နှင့် ဒါရိုက်တာ ဝိုင်းတို့ သည် အနုပညာပျိုးခင်း ကို စတင်တည်ထောင်ခဲ့သည်။ အနုပညာပျိုးခင်း မိတ်ဆက်ပွဲ အစီအစဉ်ကို ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလ ၁၁ရက်နေ့၊ မနက် ၁၁နာရီတွင် ပါ့ခ် ရွိုင်ရယ် ဟော်တယ်၌ ပြုလုပ်ခဲ့သည်။ မင်းသမီး အသစ် ၃ ဦးကို ပရိသတ်နှင့် မိတ်ဆက်ခဲ့သည်။

အချက်တိုများ ဖွဲ့စည်းခြင်း, တည်ထောင်သူ ...
Remove ads

ရည်မှန်းချက်

ရည်မှန်းချက်မှာ မြန်မာ့ရုပ်ရှင်လောကတွင် အမျိုးသမီးသရုပ်ဆောင်ရှားပါးနေခိုက် မင်းသမီး အသစ်များ မွေးထုတ်ရန်ဖြစ်သည်။ အနုပညာလောကသား ခြောက်ယောက်(မင်းသား ၅ယောက်၊ ဒါရိုက်တာ ၁ယောက်)တို့သည် ကိုယ်ပိုင်ထုတ်လုပ်ရေးများ ဖြင့် မင်းသမီး အသစ်တင်တိုင်း မင်းသားတစ်ယောက်လျှင် ၃ကားစီဖြင့် စုစုပေါင်း ၁၅ကားအား ၂နှစ်အတွင်း ရိုက်ကူးပေးမည်ဖြစ်သည်။ မင်းသမီးသစ်များ အနေဖြင့် တစ်ကားကို အနုပညာကြေးအဖြစ် ၈သိန်းရရှိမည်ဖြစ်သည်။ ၂နှစ်အတွင်း ၁၅ကား မပြီးစီးပါက လျော်ကြေးအဖြစ် တစ်ကားကို ၈သိန်းနှင့် ကျန်ရှိသလောက် အရေအတွက်အလိုက် ရရှိမည် ဖြစ်သည်။ မင်းသမီးသစ်များ၏ အရည်အချင်းအရ နှစ်နှစ် အတွင်း ၁၅ကားထက်ပို၍လည်း ရိုက်ကူးနိုင်မည်။

Remove ads

လက်ရှိတင်ပြီးသော မင်းသမီးသစ် ၃လက်

လက်ရှိ အနုပညာပျိုးခင်းမှ တင်ပြီးသော မင်းသမီးသစ် ၃လက်တို့မှာ ယုသန္တာတင်၊ အိချောပိုနှင့် ရွှေမှုန်ရတီ တို့ဖြစ်ကြသည်။

ယုသန္တာတင်

ယုသန္တာတင်သည် ၁၉၉၁ခုနှစ် မတ်လ ၃ရက်နေ့တွင် ရန်ကုန်မြို့၌မွေးဖွားခဲ့ပြီး ၂၀၀၉ခုနှစ်တွင် အနုပညာလောကအတွင်းသို့ ကြော်ငြာများရိုက်ကူးရာမှ တစ်ဆင့် ဝင်ရောက်ခဲ့သည်။ မစ်လွိုင်ကထုံဆု၊ ၂၀၀၉ မစ်နောင်းဟောင်း ပေါ်ပြူလာ နှင့် မစ်နောင်းဟောင်း ဒုတိယဆု၊ ၂၀၁၀ မစ်ငွေဆောင် ဆုတို့ ရရှိခဲ့ပြီးဖြစ်သည်။ ထို့အပြင် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ရက်တွင် နေပြည်တော်၌ကျင်းပသော မြန်မာ့ ရုပ်ရှင် ထူးချွန်ဆုပေးပွဲ၌ အကယ်ဒမီ ဗန်းကိုင် အဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။

အိချောပို

အိချောပိုသည် BA (Cinema Photography and Drama)ဖြင့် ကျောင်းပြီးခဲ့သည်။ ၂၀၀၇ခုနှစ်တွင် အနုပညာလောကအတွင်းသို့ ဝင်ရောက်ခဲ့သည်။၂၀၀၈မစ် ပီးပဲလ် ပြိုင်ပွဲတွင် မစ် ဆစ်ခ်အန်ရှိုင်း၊ Miss Smoothe E ၊ Miss 7 Day နှင့် မစ် ထရိုင် ဆုများရရှိခဲ့သည်။ 2010 Asean China Youth တွင် မြန်မာနိုင်ငံကိုယ်စားပြု၍ စေလွတ်ခြင်းခံခဲ့ရသည်။ ၂၀၁၂ Miss Asean ပြိုင်ပွဲအတွက်လည်း တရုတ်ပြည်တွင် သွားရောက်ယှဉ်ပြိုင်ရန်ရှိသည်။


ရွှေမှုန်ရတီ

ရွှေမှုန်ရတီသည် ၁၉၉၈ခုနှစ်၊ မေလ ၁၆ရက်နေ့တွင် မွေးဖွားခဲ့ပြီး အသက် ၁၄နှစ်သာ ရှိသေးသည်။ အ.ထ.က (၃) တာမွေ တွင် အဌမတန်း၌ ပညာသင်ကြားနေပြီး အနုပညာလောကအတွင်းသို့ ၂၀၁၁ နှောင်းပိုင်းလောက်မှ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်သည်။ စတားမော်ဒယ်အေဂျင်စီတွင် သင်တန်းများ တက်ခဲ့ဖူးပြီး မော်ဒယ်ရှိုးများ လျှောက်ဖူးသည့် အတွေ့အကြုံရှိသည်။

Remove ads

ကိုးကား

ရွှေအမြုတေ 14 February 2012 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads