အနုမြူနိုင်ငံကြီးများ
From Wikipedia, the free encyclopedia
Remove ads
ကမ္ဘာပေါ်၌ ကြောက်စရာအကောင်းဆုံး အဆိုးဝါးဆုံးသော လူသတ်လက်နက် အနုမြူဗုံးပိုင်ရှင်နိုင်ငံကြီးများမှာ ၂၀ဝ၇-ခုနှစ်အထိ ကိုးနိုင်ငံမျှရှိသည်။
(၁)
အမေရိကန်၊ ၁၉၄၅-ခုနှစ်၊ ဇူလိုင်လ ၁၆-ရက်နေ့ မက်ဆီကိုနယ် အယ်လာမာဂေါ်ဒိုဒေသ၌ ပထမဆုံးအနုမြူဗုံးကို ဖေါက်ခွဲခဲ့သည်။
(၂)
ရုရှား၊ ၁၉၄၉-ခု၊ ဩဂုတ်လမှာ စတင်ဖေါက်ခွဲခဲ့သည်။
(၃)
ယူနိုက်တက်ကင်းဒမ်း၊ ၁၉၅၂-ခု၊ အောက်တိုဘာလ ၃-ရက်နေ့က ဩစတြေးလျတိုက်၏ အနောက်မြောက်ဘက်မိုင် ၅၀-ကွာမွန်တီတလိုကျွန်းစု၌ စတင်ဖေါက်ခွဲခဲ့သည်။
(၄)
ပြင်သစ်၊ ၁၉၆၀-ခု၊ ဖေဖော်ဝါရီလ ၁၃-ရက်နေ့ ဆဟာရသဲကန္တာရ၌ ပလူတိုနီယံအနုမြူဗုံးကို စတင်ဖေါက်ခွဲသည်။
(၅)
တရုတ်၊ ၁၉၆၄-ခု၊ အောက်တိုဘာလ ၁၆-ရက်နေ့ စင်ကျန်ပြည်နယ် ထက်လာမာကန် သဲကန္တာရ၌စတင်ဖေါက်ခွဲသည်။
(၆)
အိန္ဒိယ၊ ပထမဆုံး အနုမြူဗုံးကို ရာဂျပ်စ်သန် သဲကန္တာရ၌ ၁၉၇၄-ခုနှစ် မေလ ၁၇-ရက်နေ့ကစတင်ဖေါက်ခွဲလိုက်သည်။
(၇)
ပါကစ္စတန်၊ ၁၉၉၈-ခု၊
(၈)
မြောက်ကိုရီးယား၊ ၂၀ဝ၆-ခု၊
(၉)
အစ္စရေး၊ ၁၉၇၉-ခု။ အစ္စရေးကကြေညာခြင်း မရှိခဲ့ပါ။
ယခုအခါ နိုင်ငံများစွာမှာ တည်ဆောက်ထုတ်လုပ်နေကြသည်။ မြန်မာနိုင်ငံသည်လည်း နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းနေသည်ဟု သံသယရှိခြင်းခံနေရသည်။

NPT- စာချုပ် ချုပ်ဆိုထားသည့် နိုင်ငံများ(တရုတ်၊ ပြင်သစ်၊ ရုရှား၊ ယူနိုက်တက်ကင်းဒမ်း၊ အမေရိကန်ပြည်ထောင်စု)
NATO နှင့် နျူကလီးယားလက်နက် မျှဝေသုံးစွဲနိုင်သည့် နိုင်ငံများ (ဘယ်လ်ဂျီယမ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ တူရကီ)
နျူကလီးယားလက်နက် ပိုင်ဆိုင်ခဲ့ဖူးသော နိုင်ငံများ (ဘီလာရုဇ်၊ ကာဇက်စတန်၊ ယူကရိန်း၊ တောင်အာဖရိကနိုင်ငံ)
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
