အန်ဂရာဒို ဟယ်ရိုအစ်စမိုမြို့

From Wikipedia, the free encyclopedia

အန်ဂရာဒို ဟယ်ရိုအစ်စမိုမြို့
Remove ads

အန်ဂရာဒို ဟယ်ရိုအစ်စမို အား အများအားဖြင့် အက်ဂရာ ဟု အများသိကြပြီး ပေါ်တူဂီနိုင်ငံ အေဇိုးရက်စ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရှိ တာဆေးရာကျွန်းပေါ်တွင် တည်ရှိသော စည်ပင်သာယာနယ်နိမိတ်တစ်ခု ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် ဧရိယာ ၂၃၉ စတုရန်း ကီလိုမီတာ [] တွင် လူရီးရေ ၃၅,၄၀၂ ဦး ရှိသည်။ ထိုဒေသသည် တာဆေးရာ၏ တောင်ဘက်တစ်ခြမ်း ပါဝင်ပြီး မြောက်ဘက်ခြမ်းမှာ ပရိုင်ယာ ဒါ ဗစ်တိုးရီးယား အပိုင် ဖြစ်သည်။ ဆောမီဂယ်ကျွန်းပေါ်ရှိ ပွန်တာဒယ်လ်ဂါဒါမြို့ နှင့် ဖိုင်ရယ်ကျွန်းပေါ်ရှိ ဟော်တာမြို့ တို့ နှင့် အတူ အေဇိုးရက်စ်ဒေသရှိ ဒေသတွင်း မြို့တော် ၃ ခုတွင် တစ်ခု အပါအဝင် ဖြစ်သည်။ မြို့တော်တစ်ခုချင်းစီသည် အစိုးရ၏ အုပ်ချုပ်ရေး အစိတ်အပိုင်း ၃ ခုတွင်းမှ တစ်ခုစီကို တာဝန်ယူ ဆောက်ရွက်သည်။ ထို့အပြင် အေဇိုးရီးယန် ဘစ်ရှော့ ကျောင်းထိုင်ရာ မြို့လည်း ဖြစ်သည်။

အချက်တိုများ အန်ဂရာဒို ဟယ်ရိုအစ်စမို Angra do Heroísmo, နိုင်ငံ ...
အချက်တိုများ အေဇိုးရက်စ်ဒေသရှိ အန်ဂရာဒို ဟယ်ရိုအစ်စမိုမြို့၏ အလယ်ဗဟိုဇုံ*, UNESCO ကမ္ဘာ့အမွေအနှစ်နေရာများ ...

မြို့တော်အား ၁၅ ရာစု၏ အနောက်ပိုင်းတစ်ဝက်တွင် တည်ထောင်ခဲ့သည်။ အန်ဂရာသည် နပိုလီယံစစ်ပွဲများ အတွင် ထင်ရှားသော ကဗျာဆရာ အာမေးဒါး ဂါးရတ် ခိုလှုံခဲ့သော မြို့ဖြစ်သည်။ ထို့ပြင် ပေါ်တူဂီ ဘုရင်မ ဒုတိယမြောက်မာရီယာ၏ ၁၈၃၀ မှ ၁၈၃၃ အတွင်း ခိုလှုံခဲ့ရာ မြို့လည်း ဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်နေရာ အဖြစ် သတ်မှတ်ကြေညာခဲ့သည်။


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads