အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း

မြန်မာနိုင်ငံ လေကြောင်းလိုင်း From Wikipedia, the free encyclopedia

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း
Remove ads

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (အင်္ဂလိပ်: Myanmar Airways International)သည် ရန်ကုန်မြို့၌ ဌာနချုပ်ထား၍ နိုင်ငံတကာခရီးစဉ်များကို ပြေးဆွဲနေသောလေကြောင်းလိုင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း၏ နိုင်ငံတကာခရီးစဉ်အများစုမှာ အရှေ့တောင်အာရှ ဒေသများဖြစ်သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို အခြေပြု၍ ခရီးစဉ်များ ပျံသန်းလျက်ရှိသည်။

အချက်တိုများ IATA, ICAO ...
Remove ads
Remove ads

ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း

၁၉၄၆ လွတ်လပ်ရေးမရမီကာလက အစိုးရမှ Union of Burma Airways အနေဖြင့် ပြည်တွင်းခရီးစဉ်များ စတင်ပျံသန်းခဲ့သည်။ ၁၉၅၀တွင် နိုင်ငံတကာခရီးစဉ်များ စတင်ခဲ့သည်။ ၁၉၇၂ ဒီဇင်ဘာတွင် Burma Airways ဟုခေါ်ဆိုခဲ့ပြီး ၁၉၈၉ ဧပြီ ၁တွင် ဘားမားမှ မြန်မာသို့ အမည်ပြောင်းပြီးသည့်နောက်တွင် မြန်မာ့လေကြောင်း ဖြစ်လာခဲ့သည်။ ၁၉၉၃တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း တည်ထောင်ခဲ့ပြီး ပြည်ပခရီးစဉ်များ အားလုံးကို ၎င်းအောက်သို့ လွှဲပြောင်းခဲ့သည်။

၁၉၉၃ ဩဂုတ်လတွင် စတင်ပျံသန်းခဲ့သော အမ်အေအိုင်သည် တော်ဝင်ဘရူနိုင်းလေကြောင်း၏ အကူအညီဖြင့် မြန်မာ့လေကြောင်းနှင့် စင်ကာပူအခြေစိုက် Highsonic Enterprises တို့၏ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ မူလတွင် စင်ကာပူအုပ်ချုပ်မှုအဖွဲ့ (စင်ကာပူ လေကြောင်းလိုင်း ဝန်ထမ်းဟောင်းများ)၊ ဘိုးရင်းလေယာဉ်အသစ်များ၊ အတွေ့အကြုံရှိ လေယာဉ်အမှုထမ်းများ၊ လေယာဉ်မောင်မယ်အသစ် သင်တန်းများ၊ အင်္ဂလန်လေကြောင်းအဖွဲ့အစည်း၏ လေယာဉ်ပျံသန်းမှုဆိုင်ရာ လိုအပ်သောအရည်အချင်းများ စသည်တို့ဖြင့် ၀င့်ကြွားခဲ့သည်။ တဖြည်းဖြည်း မူလ အကျိုးတူပူးပေါင်း ဆောင်ရွက်မှုမှာ ရပ်ဆိုင်းခဲ့ပြီး မြန်မာအပြည့်အ၀ပိုင် ဖြစ်လာခဲ့သည်။

၂၀၀၁ ဇန်နဝါရီတွင် အကျိုးတူပူးပေါင်းဆောင်ရွက်မှု အသစ်တစ်ခုပေါ်ပေါက်လာခဲ့ပြီး ထိုသဘောတူညီမှုအရ Region Air Myanmar (HK) Ltd., မှ ၄၉ ရာခိုင်နှုန်း၊ ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးမှ သူ၏ကုမ္ပဏီဖြစ်သော Zan Co.အမည်ဖြင့် ၁၁ ရာခိုင်နှုန်း၊ မြန်မာ့လေကြောင်းမှ ၄၀ ရာခိုင်နှုန်း ထိန်းသိမ်းထားခဲ့သည်။ ၂၀၀၁တွင် လေကြောင်းလိုင်း၏ အမှတ်တံဆိပ်နှင့် လေယာဉ်ဆေးခြယ်သမှု ပုံစံအသစ်များ ထွက်ပေါ်ပေါက်လာခဲ့ပြီး အကြီးစား လေယာဉ်မောင်မယ် အဆင့်မြှင့်တင်မှုသင်တန်းများ ပြီးမြောက်ခဲ့သည်။ ၂၀၀၂ တွင်အမ်အေအိုင်သည် အိုင်အေတီအေ(IATA)မှ ချပေးသော သီးသန့်ကုဒ်ကို ရရှိခဲ့သည်။ ယခင်က မြန်မာ့လေကြောင်း၏ သီးသန့်ကုဒ်ဖြစ်သော UNIONAIR UB ဖြင့်သာ ပျံသန်းနေခြင်း ဖြစ်သည်။ ထို့အပြင် အိုင်အေတီအေ၏ ဘုံအသွားအလာသဘောတူညီမှု (Multilateral Interline Traffic Agreement (MITA)) နှင့် IATA Clearing House တို့တွင်လည်း အဖွဲ့ဝင်ဖြစ်လာခဲ့သည်။ မလေးရှား လေကြောင်းလိုင်း နှင့် တော်ဝင်ဘရူနိုင်း လေကြောင်းလိုင်းတို့တွင် သင်တန်းများတက်ရောက်ရန် ဝန်ထမ်း ၁၂၂ ယောက် စေလွှတ်ခဲ့သည်။ ၂၀၀၃ တွင် ဘန်ကောက် - ရန်ကုန် - ဘန်ကောက် ခရီးစဉ်တွင် အပြည်ပြည်ဆိုင်ရာထိုင်း လေကြောင်းလိုင်းနှင့် ကုဒ်ရှယ်ရာ အစီအစဉ်စတင်ခဲ့သည်။ အမ်အေအိုင်သည် မလေးရှား လေကြောင်းလိုင်းကာတာ လေကြောင်းလိုင်းနှင့် ဂျက်စတားအေးရှား လေကြောင်းလိုင်းတို့နှင့်လည်း ကုဒ်ရှယ်ရာ အစီအစဉ်ရှိခဲ့ဖူးသည်။ ၂၀၀၄ တွင် မြေပြင်ဝန်ထမ်းများအတွက် တူညီဝတ်စုံအသစ်များ မှာယူခဲ့ပြီးလေယာဉ်မောင်မယ် သင်တန်းနည်းပြ ၁၆ဦး ထပ်မံခေါ်ယူခဲ့သည်။

၂၀၀၇ ဖေဖော်ဝါရီတွင် Region Air Myanmar (HK) Ltd., နိုင်ငံခြားအုပ်ချုပ်မှုဌာနမှ အမ်အေအိုင်သို့ အုပ်ချုပ်ရေးတာဝန်များ ပြန်လည်လွှဲပြောင်းခဲ့သည်။

Thumb
အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း ဘိုးရင်း၇၃၇-၈၀၀လေယာဉ်တစ်စီး(၂၀၀၃)၊ ထိုလေယာဉ်ဆေးခြယ်သမှုပုံစံကို ၂၀၀၁မှ၂၀၀၉အထိ အသုံးပြုခဲ့သည်
Thumb
ဟောင်ကောင်သို့ဆင်းသက်နေသော အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း ဘိုးရင်း၇၃၇-၄၀၀လေယာဉ်တစ်စီး(၁၉၉၇)
Thumb
အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း McDonnell Douglas MD-82လေယာဉ်(၂၀၀၄)၊ ထိုလေယာဉ်ဆေးခြယ်သမှုပုံစံကို ၂၀၀၁မှ၂၀၀၉အထိ အသုံးပြုခဲ့သည်
Remove ads

လေကြောင်းလိုင်းချဲ့ထွင်မှုနှင့် အဆင့်မြှင့်တင်မှုများ (၂၀၀၉ မှ ယနေ့အထိ)

၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ အစိုးရမှ အမ်အေအိုင်၏ အစုရှယ်ရာ ၈၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခဲ့သည်။ ၂၀ ရာခိုင်နှုန်းမှာမူ မြန်မာ့လေကြောင်းမှ ဆက်လက်ထိန်းသိမ်းထားသည်။ မြန်မာ့လေကြောင်း လက်အောက်တွင်ရှိစဉ်က အမ်အေအိုင်သည် ကိုယ်ပိုင်လေယာဉ်ဟူ၍ မရှိပဲ အိမ်နီးချင်းနိုင်ငံများမှ လေယာဉ်အသေးစားများဖြင့် ငှားရမ်းပျံသန်းခဲ့သည်။ ၂၀၀၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း အတွက် ပထမဦးဆုံးလေယာဉ် လက်ခံရရှိခဲ့ပြီး နှစ်ကုန်ပိုင်းတွင် ဒုတိယအစီးရောက်ရှိလာခဲ့သည်။ ထိုအချိန်မှစ၍ အမ်အေအိုင်၏ လေယာဉ်အရေအတွက် များပြားလာခဲ့ပြီး ယနေ့တွင် အဲဘတ်စ်A320 လေယာဉ် (၇) စီး၊ အဲဘတ်စ် A319 လေယာဉ် (၁) စီး ရှိလာပြီဖြစ်သည်။ ၂၀၁၀-၂၀၁၁ ဆောင်းရာသီတွင် ဘန်ကောက် - စင်ကာပူ လမ်းကြောင်း၌ အသုံးပြုရန် အဲမက်ဒစ်တရေးနီး (Air Mediterraneein)မှ Airbus A321 လေယာဉ် ငှားရန်းပျံသန်းခဲ့သည်။ အခြေစိုက်ရာဌာန မဟုတ်သည့် မြို့များအကြား ပြေးဆွဲပျံသန်းမှုအဖြစ် ၂၀၁၀တွင် ဘန်ကောက်-စင်ကာပူခရီးစဉ် ကိုလည်းကောင်း၊ ၂၀၁၁တွင် စီရန်ရိ - ဖနွမ်းပင် ခရီးစဉ် ကိုလည်းကောင်း အောင်မြင်စွာပျံသန်းနိုင်ခဲ့သည်။ ၂၀၁၂ အောက်တိုဘာတွင် အမ်အေအိုင်သည် ဘီအိပ်ရှ်အဲ (ဘော်လကန် အားလပ်ရက်များ လေကြောင်းလိုင်း)မှ Airbus A320 လေယာဉ် နှစ်စီး ငှားရမ်းခဲ့ပြီး လက်ရှိခရီးစဉ် အခေါက်ရေ တိုးချဲ့ရာတွင်လည်းကောင်း၊ ခရီးစဉ်အသစ်များပျံသန်းရာတွင်လည်းကောင်း အသုံးပြုလျက်ရှိသည်။

Remove ads

တိမ်လွှာအပြုံးအကျိုးခံစားခွင့်အစီအစဉ်

ဤဖောက်သည် အစီအစဉ်တွင် စိန်နှင့် ပတ္တမြား ဟူ၍ အသင်းဝင် အဆင့်နှစ်မျိုး ရှိသည်။ တစ်နှစ်အတွင်း အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းဖြင့် အသွားအပြန်ခရီး ၃ ခေါက် ပျံသန်းပြီးသူများသည် ပတ္တမြားအသင်းဝင် အဖြစ်လျောက်ထားနိုင်ပြီး နောက်တစ်ဆင့်အတွက် လိုအပ်သော အမှတ်များကို စတင်စုဆောင်း နိုင်ပြီဖြစ်သည်။ ပတ္တမြားအသင်းဝင် အဖြစ်ဖြင့် အနည်းဆုံး အသွားအပြန်ခရီး ၆ ခေါက် ပျံသန်းပြီးပါက အလိုအလျောက် စိန်အဆင့် အသင်းဝင် သို့ တိုးမြင့်သွားမည် ဖြစ်သည်။ တိမ်လွှာအပြုံး အသင်းဝင်များသည် အမ်အေအိုင်ဖြင့် ပျံသန်း၍ရရှိသော အမှတ်များနှင့် ညီမျှသည့် အခမဲ့လေယာဉ်လက်မှတ်များ ထုတ်ယူနိုင်မည်ဖြစ်သည်။

နောက်ထပ် အချက်အလက်များ အဆင့်, အကျိုးခံစားခွင့် ...

တိမ်လွှာအပြုံး ခန်းမဆောင်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ရှိတိမ်လွှာအပြုံး ခန်းမဆောင်သည် စိန်အဆင့် အသင်းဝင်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များအတန်း (business class) ခရီးသည်များ အတွက်ဖြစ်ပြီး အစားအစာများ၊ ဖျော်ဖြေရေးအစီအစဉ်များ နှင့် စီးပွားရေး လုပ်ငန်းရှင်များ အတွက် လိုအပ်သည့် ဝန်ဆောင်မှုများပါဝင်သည်။

ပြေးဆွဲသည့် မြို့ပေါင်း

 တရုတ်
 အိန္ဒိယ
  • ဂယာမြို့ - ဂယာ အပြည်ပြည်ဆိုင်ရာလေဆိပ် [seasonal]
 မလေးရှား
 မြန်မာ
 စင်ကာပူ
 ထိုင်း

[]

Remove ads

လေယာဉ်အရေအတွက်

Thumb
အဲမက်ဒစ်တရေးနီး(Air Mediterraneein)မှ ငှားရမ်းထားသော အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း Airbus A321လေယာဉ်တစ်စီး
Thumb
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်တွေ့ရသောအပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း Airbus A320လေယာဉ်တစ်စီး
နောက်ထပ် အချက်အလက်များ လေယာဉ်အမျိုးအစား, အရည်အတွက် ...

[]



Remove ads

ကိုးကား

Loading content...
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads