ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်
မလေးရှားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာလေဆိပ် From Wikipedia, the free encyclopedia
Remove ads
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ် (KLIA) (IATA: KUL, ICAO: WMKK) သည် မလေးရှားနိုင်ငံအတွက်သာမက အရှေ့တောင်အာရှ နိုင်ငံများ၏ အဓိက အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။ ဆောက်လုပ်မှု ကုန်ကျစရိတ်သည် အမေရိကန်ဒေါ်လာ ၃.၅ ဘီလီလျံရှိသည်။[၁] ကွာလာလမ်ပူမြို့လယ်မှ တောင်ဘက် ၄၅ ကီလိုမီတာ (၂၈မိုင်) အကွာတွင် တည်ရှိသည်။
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် မလေးရှားနိုင်ငံ၏ အကြီးဆုံးနှင့် ခရီးသည် အများဆုံး လေဆိပ်ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် ခရီးသည် ၄၈ ၉၃၈ ၄၂၄ ဦးကို ဝန်ဆောင်မှု ပေးနိုင်ခဲ့ပြီး ကုန်တန်ချိန် ၇၂၆ ၂၃၀ တန် ကိုင်တွယ်နိုင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ခရီးသည်အရေအတွက်အားဖြင့် ၂၃ ခု မြောက် အများဆုံး လေဆိပ်တစ်ခုဖြစ်သည်။
လေဆိပ်ကို မလေးရှားလေဆိပ် ကုမ္ပဏီမှ လည်ပတ်လျက်ရှိပြီး မလေးရှား လေကြောင်းလိုင်း၊ အဲအေးရှား လေကြောင်းလိုင်း၊ အဲအေးရှားအိတ်စ် လေကြောင်းလိုင်း၊ မလင်းဒို လေကြောင်းလိုင်း၊ ယူပီအက်စ် လေကြောင်းလိုင်း နှင့် ဂိတ်ဒင်း စရီ လေကြောင်းလိုင်းတို့၏ အဓိက အခြေစိုက် လေဆိပ်ဖြစ်သည်။
Remove ads
သမိုင်း
နောက်ခံအကြောင်းအရာ
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ စတင်တည်ဆောက်ခြင်း အခမ်းအနား ကို ၁၉၉၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။ မဟာသီ မိုဟာမက် ဦးဆောင်သော အစိုးရ အဖွဲ့က လက်ရှိ ကွာလာလမ်ပူ လေဆိပ် (ယခု ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်)သည် ခရီးသည်ဦးရေ တိုးတက်များပြားလာခြင်းနှင့်အတူ လေဆိပ်ကို ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်ခြင်း၊ တို့ကြောင့် လေဆိပ်အသစ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ကွာလာလမ်ပူ လေဆိပ်အသစ် စီမံကိန်းသည် မလေးရှားနိုင်ငံ ဖွံ့ဖြိုးမှုစီမံကိန်း၏ တစ်စိတ်တစ်ဒေသ လည်း ဖြစ်သည်။
ကွာလာလမ်ပူ လေဆိပ်အသစ်တည်ဆောက်ပြီးစီးသော အခါ လေဆိပ် သင်္ကေတဖြစ်သော KUL ကိုလေဆိပ်အသစ်သို့ လွဲပြောင်းပေးခဲ့ရသည်။ လေဆိပ်အဟောင်း ဆူဘန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ်အသေးများနှင့် စစ်လေယာဉ်များ ဆင်းသက်လျက်ရှိပြီး လေဆိပ် သင်္ကေတကို SZB ဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။
လက်ရှိ
စတုရန်း ကီလိုမီတာ ၁၀၀ (၃၉ စတုရန်းမိုင်) ကို လေဆိပ်အဖြစ် အသုံးပြုထားသည်။[၁] အဆိုပါ အကျယ်အဝန်းမှာ ကမ္ဘာလေဆိပ်များအကြား အကြီးဆုံး ဖြစ်သည်။ လေဆိပ်စီမံကိန်း အပြည့်အစုံမှာ အဆင့် (၃) ဆင့်ဖြင့် တည်ဆောက်ရန် ဖြစ်ပြီး လေယာဉ်ပြေးလမ်း (၅) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခု တည်ဆောက်ရန် ဖြစ်သည်။[၂] အဆင့် (၁) တွင် တစ်နှစ်လျှင် ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ် အဆောက်အဦး တစ်ခု နှင့် လေယာဉ်ပြေးလမ်း ၂ ခု တည်ဆောက်ရန် ဖြစ်သည်။ အဆင့် (၂) တွင် တစ်နှစ်လျှင် ခရီးသည် ၃၅ သန်း ထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် အဆင့် (၃) တွင် တစ်နှစ်လျှင် ခရီးသည် သန်း ၁၀၀ အထိ ဝန်ဆောင်မှုပေးနိုင်သည်အထိ တိုးချဲ့ရန် ဖြစ်သည်။
စတင်ဖွင့်လှစ်ခြင်း အခမ်းအနား
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဟောင်ကောင် အပြည်ပြည်ဆိုင်ရာ လေဆိပ်ထက် တစ်ပတ်စော၍ ၁၉၉၈ ခုနှစ် ဇွန်လ ၂၇ ရက်နေ့ ညနေ ၈နာရီ မိနစ် ၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်း လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1263 ဖြစ်ပြီး ခုအာတန် လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ဆိုက်ရောက်လာသော ပြည်တွင်းလေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH188 ဖြစ်ပြီး မော်ဒိုက် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာခြင်း ဖြစ်သည်။ ပထမဆုံး ပြည်တွင်းထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH1432 ဖြစ်ပြီး လန်ကာဝီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။ ပထမဆုံး ပြည်ပ ထွက်ခွာ လေယာဉ်မှာ မလေးရှား လေကြောင်းလိုင်း ခရီးစဉ်အမှတ် MH84 ဖြစ်ပြီး ပေကျင်း မြို့တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထွက်ခွာသွားခြင်း ဖြစ်သည်။
ဖွင့်လှစ်စ အခြေအနေ

လေဆိပ် စတင်ဖွင့်လှစ်သော အခါ ပြဿနာများစွာကို ရင်ဆိုင်ရလေသည်။ လေယာဉ်ရပ်နားရာ ဂိတ်များ ပြဿနာဖြစ်ခြင်း၊ တန်ဆာအိတ်များ ကိုင်တွယ်သည့် စနစ် ချို့ယွင့်ခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထို့ကြောင့် တန်ဆာအိတ် များ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ်ခဲ့သည်။[၃] ပြဿနာ အများစုကို ဖြေရှင်းနိုင်ခဲ့သော်လည်း တန်ဆာအိတ် ကိုင်တွယ်သည့် စနစ်ကိုတော့ ၂၀၀၇ ခုနှစ်တွင် စနစ်တစ်ခုလုံး အစားထိုး လဲလှယ်လိုက်မှသာ ဖြေရှင်းနိုင်ခဲ့သည်။
အရှေ့အာရှ နိုင်ငံများ ဘဏ္ဍာရေးကပ်ဆိုက်မှု၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေး က်ဆိုက်မှုအပါအဝင် အခြားသော ကပ်ဆိုက်မှုတွေကြောင့် ခရီးသည်ဝင်ရောက်မှုများ လျော့ကျခဲ့ရသည်။ ခရီးသွားလာမှု လျော့နည်းခြင်းကြောင့် ၁၉၈၈ ခုနှစ်တွင် အောနီပွန် လေကြောင်းလိုင်း၊ ဗြိတိသျှ လေကြောင်းလိုင်း၊ နော့ဝှက်စ် လေကြောင်းလိုင်း အပါအဝင် အခြားလေကြောင်းလိုင်းများသည် ကွာလာလမ်ပူ ခရီးစဉ်ကို အရှုံးပေါ်သည့်အတွက် ဖျက်သိမ်းခဲ့ကြသည်။ ပထမဆုံးတစ်နှစ်အတွင်း ခရီးသည် ၂၅ သန်း ဝန်ဆောင်မှုပေးနိုင်သော လေဆိပ်အသစ်ကြီးတွင် ခရီးသည် ၁၃.၂ သန်းသာ ရှိသည်။[၄] သို့သော် ခရီးသည်များ တစ်နှစ်ထက်တစ်နှစ် အနည်းငယ် ပိုမိုများပြားလာက ၂၀၀၄ ခုနှစ်တွင် ၂၁.၁ သန်း၊ ၂၀၀၅ ခုနှစ်တွင် ၂၃.၂ သန်းစီ အသီးသီး ရှိခဲ့သည်။ သို့သော် အစိုးရ၏ ခန့်မှန်းချက်ဖြစ်သော ၂၀၀၃ ခုနှစ်တွင် ခရီးသည် ၂၅ သန်း ပြည့်မှီရေးမှာ မပြည့်မြှောက်ခဲ့ပေ။
Remove ads
လေယာဉ်ပြေးလမ်း
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေဆိပ်အဆောက်အဦး (၁) အတွက် ပြေးလမ်း (၁) ခု၊ လေဆိပ်အဆော်ကအဦး (၂) အတွက် ပြေးလမ်း (၁) ခု နှင့် လေဆိပ် အဆောက်အဦး (၂) ခုလံး အသုံးပြုနိုင်သော ပြေးလမ်း (၁) ခု စုစုပေါင်း ပြေးလမ်း (၃) ခု ရှိသည်။[၅] ပြေးလမ်း ၂ ခုသည် လေယာဉ် ၂ စီး တစ်ပြိုင်နက် အတက်အဆင်း ပြုလုပ်နိုင်အောင် ၂ ကီလိုမီတာအကွာ တည်ဆောက်ထားသည်။
အခြေခံအဆောက်အဦး
လေကြောင်းလိုင်းများနှင့် ပျံသန်းရာမြို့များ
ခရီးသည်
ကုန်ပစ္စည်း
Remove ads
ကိန်းဂဏန်းဆိုင်ရာ အချက်အလက်များ
မြေပြင်သယ်ယူပို့ဆောင်ရေး
လေဆိပ် အဆောက်အဦးအကြားပို့ဆောင်ရေး

လေဆိပ် အဓိက အဆောက်အဦး နှင့် ဂြိုဟ်တု လေဆိပ် အဆောက်အဦး ကြားကို ကောင်းကင်ရထားများဖြင့် ချိတ်ဆက်ထားရှိသည်။ ရထားတစ်စီးလျှင် ခရီးသည် ၂၅၀ သယ်ယူပို့ဆောင်နိုင်ပြီး တစ်နာရီလျှင် ခရီးသည် ၃၀၀၀ ကို ၅၆ ကီလိုမီတာ နှုန်းဖြင့် ပို့ဆောင်ပေးနိုင်သည်။ အဆိုပါ မောင်းသူမဲ့ ရထားများသည် မြေအောက်မှ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်ပြီး ၂ မိနစ်ခန့်သာ ကြာမြင့်သည်။ ကောင်းကင်ရထား၏ အမြန်မှုန်း၊ ရပ်တန့်မှု၊ ဘူတာတွင် တံခါးဖွင့်မှု အစရှိသည့် လည်ပတ်မှု စနစ်တစ်ခုလုံးကို ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ထားသည်။
အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ ၂ တို့ကြားမှာတော့ ဘတစ်စ်ကား (KLIA Transit နှင့် KLIAEkspres) ဖြင့်
ပြင်ပချိတ်ဆက်မှု
ရထား
ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရထားဖြင့်လည်း လာရောက်နိုင်သည်။ ကွာလာလမ်ပူ၏ အဓိက ဘူတာ ဖြစ်သော ကေအယ်လ် စင်ထရယ်မှ ၅၇ ကီလိုမီတာ ရှည်လျားသော ရထားလမ်းမှ တဆင့် ရောက်နိုင်သည်။ ကွာလာမ်ပူ လေဆိပ်တွင် အဓိက လေဆိပ်အဆောက်အဦး နှင့် ကေအယ်အိုင်အေ (၂) လေဆိပ်အဆောက်အဦးတို့တွင် ဘူတာများ ရှိကြသည်။
အငှားကား
လေဆိပ်တွင် အငှားကား ကောင်တာများ ရှိကာ အဆိုပါ ကောင်တာများမှ အငှားကားများကို အလွယ်တကူ ငှားရမ်းနိုင်သည်။
ဘတ်စ်
မြောက်မြားစွာသော ဘတ်စ်ကားလိုင်းများမှ ကွာလာလမ်ပူ မြို့နှင့် လေဆိပ်အကြား ပြေးဆွဲလျက်ရှိသည်။
Remove ads
လေဆိပ်တိုးချဲ့မှုများ
စီမံထားရှိမှု

Remove ads
ပြခန်း

- Skybridge from Main Terminal Building to Pan Pacific Hotel (now known as Sama Sama Hotel)
- An Alternative View of the Satellite Terminal
- Baggage Claim Area
- KLIA Air Traffic Control (ATC) Tower
- An Air India Express Boeing 737-800 taxiing out, with China Southern Airlines Airbus A319 in the background
- An Uzbekistan Airways Airbus A310-200 preparing for departure
- An AirAsia Airbus A320-200 is being pushback
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads