သုဝဏ္ဏဘူမိလေဆိပ်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ နိုင်ငံတကာလေဆိပ် From Wikipedia, the free encyclopedia

သုဝဏ္ဏဘူမိလေဆိပ်
Remove ads

သုဝဏ္ဏဘူမိလေဆိပ်(အင်္ဂလိပ်: Suvarnabhumi Airport; ထိုင်း: ท่าอากาศยานสุวรรณภูมิ) သည် ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်အရှေ့ဘက် ၂၅ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ဘန်ကောက်နှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ကူးသန်းသွားလာကြသည့် လေယာဉ်ခရီးသည်များအား အကျိုးဆောင်လျက်ရှိသည်။ ဘန်ကောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ် ၂ ခု ရှိသည့်အနက် အဓိကလေဆိပ် ဖြစ်သည်။ အခြားအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ဖြစ်သည်။[][] သုဝဏ္ဏဘူမိ လေဆိပ်သည် မြေဧရိယာ ၁၉၈၀ ဟက်ကာ (၇၄၀၀ ဧက) ကျယ်ဝန်းသည်။

အချက်တိုများ သုဝဏ္ဏဘူမိ လေဆိပ်Suvarnabhumi Airport ท่าอากาศยานสุวรรณภูมิ, အချက်အလက်များ ...

သုဝဏ္ဏဘူမိလေဆိပ်အား ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ပြည်တွင်းလေယာဉ် အချို့အတွက် ဖွင့်လှစ်ခဲ့ပြီး ၂၈ ရက်နေ့တွင် ပြည်တွင်းလေယာဉ်အများစုနှင့် အပြည်ပြည်ဆိုင်ရာ လေယာဉ်များအတွက် ဖွင့်လှစ် လည်ပတ်ခဲ့သည်။ [] သုဝဏ္ဏဘူမိလေဆိပ်သည် အပြည်ပြည်ဆိုင်ရာထိုင်း လေကြောင်းလိုင်း၊ ဘန်ကောက် လေကြောင်းလိုင်း၊ အောရီရန့်ထိုင်း လေကြောင်းလိုင်း တို့၏ အခြေစိုက်လေဆိပ်ဖြစ်သည်။

သုဝဏ္ဏဘူမိ (ရွှေရောင်မြေ) ဟူသောနာမည်ကို ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဗလအတုလျတေဇကိုယ်တိုင် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရွှေနိုင်ငံဖြစ်သော ထိုင်းနိုင်ငံကို ရည်ညွှန်းခြင်းဖြစ်သည်။ သုဝဏ္ဏဘူမိ လေဆိပ်သည် ၁နှစ်လျှင် ခရီးသည် ၅၃ သန်း ဝန်းဆောင်မှုပေးနိုင်ကာ ကမ္ဘာပေါ်တွင် အခု (၂၀)မြောက် အလုပ်အများဆုံး လေဆိပ်ဖြစ်သည်။ []

လေဆိပ်ကုဒ် "BKK"ကို ဒွန်မောင်းလေဆိပ်မှ လွှဲပြောင်းရယူခဲ့သည်။

Remove ads

လေကြောင်းလိုင်းနှင့် ပျံသန်းရာမြို့များ

ခရီးသည်

နောက်ထပ် အချက်အလက်များ လေကြောင်းလိုင်းများ, ပျံသန်းရာနေရာ ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads