အဘီစစ် ဝိဇ္ဇာဇီဝ
ထိုင်းနိုင်ငံ၏ ယခင်ဝန်ကြီးချုပ် From Wikipedia, the free encyclopedia
Remove ads
အဘိသိဒ္ဓိ ဝေဇ္ဇာဇီဝ (ထိုင်း: อภิสิทธิ์ เวชชาชีวะ; ထိုင်းအသံထွက်အားဖြင့် “အ ဖိစစ် ဝေ့ချ်ချာချီဝ”; အင်္ဂလိပ်: Abhisit Vejjajiva) သည် ထိုင်းနိုင်ငံ၏ ၂၇ ဦးမြောက် ဝန်ကြီးချုပ် ဖြစ်သည်။ သူသည် ဗုဒ္ဓဘာသာဝင်တယောက်ဖြစ်ပြီး အင်္ဂလန်နိုင်ငံ၊ နယူးကတ်ဆဲလ်တွင် ၁၉၆၄ ခု ဩဂုတ်လ ၃ ရက်နေ့မှာ မွေးဖွားခဲ့သည်။ ထိုင်း-တရုတ်အထက်တန်းလွှာ မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ အစ်မ ၂ ယောက်ရှိသည်။ သူ၏ မိဘ နှစ်ဦးစလုံး ဆေးပညာ ပါရဂူဘွဲ့ရများဖြစ်ကြပြီး ဖခင်သည် ကျန်းမာရေး ဒုတိယဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသည်။ အောက်စ်ဖို့တက္ကသိုလ်မှ စီးပွားရေး၊ နိုင်ငံရေး၊နှင့် ဒဿနိကဗေဒ ဘာသာရပ်တို့ဖြင့် ဘွဲ့ရခဲ့ပြီး၊ စီးပွားရေး ဘာသာဖြင့် မဟာဘွဲ့ကို အောက်စ်ဖို့တက္ကသိုလ်မှပင် ရယူခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ ရမ်ခန်ဟိန်းတက္ကသိုလ် မှ ဥပဒေဘွဲ့ကိုလည်း ရရှိခဲ့သည်။ ဒေါက်တာ Pimpen Sakuntabhai ကို လက်ထပ်ခဲ့ပြီး သားသမီး ၂ယောက် ရှိသည်။
၎င်း၏ အမနှစ်ယောက်အနက် တစ်ဦးမှာ ကလေးဒဿနိကဗေဒဆိုင်ရာ ပါမောက္ခဖြစ်ပြီး အခြားတစ်ဦးမှာ ထိုင်းနိုင်ငံ၏ ကျော်ကြားသော စာရေးဆရာမဖြစ်သည်။ ၎င်း၏ ဇနီးသည် သွားဆရာဝန်ဖြစ်ခဲ့ပြီး ယခုအခါ ချူလာလောင်ကွန်းတက္ကသိုလ်တွင် သင်္ချာကထိကအဖြစ် ပို့ချနေသူ ဖြစ်သည်။
Remove ads
ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရခြင်း
၁၉၉၀ ခုနှစ်တွင် နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ခဲ့ပြီး ဘန်ကောက်မြို့ မဲဆန္ဒနယ်မှ ရွေးချယ်တင်မြောက်ခြင်းခံခဲ့ရသည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလ ကတည်းကစပြီး ဒီမိုကရက်တစ်ပါတီ၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဒီမိုကရက်တစ်ပါတီခေါင်းဆောင် အဘီစစ် သည် စုစုပေါင်း မဲအရေအတွက် ၄၃၁ မဲ အနက် ၂၃၅ မဲရရှိခဲ့ပြီး ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးတက်လာသည်။ သူရာထူးတက်ချိန်တွင် အသက် ၄၄ နှစ်သာ ရှိခဲ့ပြီး ပြီးခဲ့တဲ့ နှစ် ၆၀ အတွင်း ထိုင်းနိုင်ငံ၏ အသက် အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာသည်။ သူ၏ ပြိုင်ဘက် Puea Pandin ပါတီခေါင်းဆောင် ပရာချပရွန်နော့က မဲ ၁၉၈ မဲသာ ရရှိခဲ့သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads