အမူလကသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—ရဟန်းတပါးကို သံဃာဒိသေသ်အာပတ်ဖြင့်စွပ်စွဲမှု။
အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ၊
ဆဗ္ဗဂ္ဂီနှင့် ရဟန်းတပါး
ဆဗ္ဗဂ္ဂီရဟန်းတို့သည် (မိမိတို့ကိုယ်တိုင် သူများကစွပ်စွဲဘွယ် အပြစ်တွေများလှသဖြင့် သူတပါးကို မိမိတို့က စွပ်စွဲထားလျှင် သူတို့ကို အခြားရဟန်းများက မစွပ်စွဲနိုင်ဟု အယူရှိရကား) ရဟန်းတပါးအား သံဃာဒိသေသ်အာပတ် သင့်လောက်သော အမှုတစ်စုံတစ်ရာ ပြုနေသည်ကို မြင်လည်းမမြင်, တဆင့် စကာလည်းမကြား, ပြုနေဟန်တူသည်ဟု ယုံမှားသံသယလည်း မဖြစ်ပါဘဲ (မြင်မှု, ကြားမှု, ယုံမှားမှုတွင် တစုံတခုမျှ အကြောင်းရင်းအခြေခံ မရှိပါဘဲ) သက်သက် “ကိုယ်တော်မှာ သံဃာဒိသေသ် အာပတ်သင့်သည်” ဟု စွပ်စွဲ ပြောဆိုကြလေ၏။ ထိုအကြောင်းကို ဘုရားရှင်သိတော်မူ၍ ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။[၁]
Remove ads
သိက္ခာပုဒ်
ယော ပန ဘိက္ခု ဘိက္ခုံ အမူလကေန သံဃာဒိသေသေန အနုဒ္ဓံသေယျ, ပါစိတ္တိယံ။[၁]
မြန်မာပြန်
အကြင်ရဟန်းသည် ရဟန်းကို အခြေအမြစ် မရှိသော သံဃာဒိသေသ်အာပတ်ဖြင့် စွပ်စွဲအံ့၊ ထိုရဟန်း ပါစိတ်အာပတ် သင့်၏။ [၁]
မှတ်ချက်
ပါရာဇိကဖြင့် စွပ်စွဲလျှင် သံဃာဒိသေသ်အာပတ်ဟု သံဃာဒိသေသ် အခဏ်း၌ပြခဲ့ပြီ၊ ပါစိတ်စသော အောက်အာက်များဖြင့် စွပ်စွဲလျှင် ဒုက္ကဋ်အာပတ်၊ လူနှင့်သာမဏေများကို အပြစ်တစုံတခုဖြင့် စွပ်စွဲလျှင်လည်း ဒုက္ကဋ်အာပတ်ပင်။[၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads