အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်

From Wikipedia, the free encyclopedia

အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်
Remove ads

အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်များလွှတ်တော် (အင်္ဂလိပ်: The United States House of Representatives) သည် ယူအက်စ်ကွန်ဂရက်ခေါ် အမေရိကန်ပြည်ထောင်စု ဥပဒေပြုလွှတ်တော် (ကွန်ဂရက်) မှ အောက်လွှတ်တော်ဖြစ်၍ အထက်လွှတ်တော်မှာ ဆီးနိတ် (/ဆဲနစ်တ်, ဆဲနာ့တ်/) ဖြစ်သည်။ တိုက်ရိုက်အနက်မှာ "ရွေးကောက်ခံကိုယ်စားလှယ်များ၏ လွှတ်တော်" ဖြစ်လေသည်။ လွှတ်တော်နှစ်ရပ်ဖြင့် ဥပဒေပြုသောစနစ်ကို ကျင့်သုံးသည်။

အချက်တိုများ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် United States House of Representatives, အမျိုးအစား ...

ဤအောက်လွှတ်တော်ကို ဖွဲ့စည်းခြင်းကို အမေရိကန်ပြည်ထောင်စု၏ အခြေခံဥပဒေ အပိုဒ်ခွဲ (၁)က ပြဋ္ဌာန်းပေးထားသည်။ အောက်လွှတ်တော်ကို နိုင်ငံ၏ ပြည်နယ်တစ်ခုခြင်းအလိုက် ခွဲဝေသတ်မှတ်ထားသော ကွန်ဂရက်မဲဆန္ဒနယ်များမှ ရွေးကောက်ခံကိုယ်စားလှယ်များ (representatives) တို့ဖြင့် ဖွဲ့စည်းထား၍ လူဦးရေပေါ်တွင် မဲဆန္ဒနယ်ကို အခြေခံသတ်မှတ်ကြသည်။ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်တစ်ဦးရှိပြီး ပြည်နယ်တစ်ခုတွင် ကိုယ်စားလှယ်တစ်ဦး အနည်းဆုံးရှိနေရမည်။ ၁၇၈၉ လွှတ်တော်စတင်ကျင့်သုံးချိန်ကတည်းက ကိုယ်စားလှယ်အားလုံးကို တိုက်ရိုက်ရွေးကောက်တင်မြှောက်ကြသည်။ လွှတ်တော်တွင် မဲပေးပိုင်ခွင့်ရှိသော ကိုယ်စားလှယ်ကို ဥပဒေအရ ၄၃၅ ဦးဖြင့် ကန့်သတ်ထားသည်။[] DC Admission Act (ထပ်မံဝင်ခွင်ပြု အက်ဥပဒေ) ကိုသာ ထုတ်ပြန်မည်ဆိုလျှင် အရေအတွက်မှာ ၄၃၆ ဦး ဖြစ်လာမည်။[] ထို့အပြင် လက်ရှိ၌ မဲပေးပိုင်ခွင့်မရှိသော ကိုယ်စားလှယ်အမတ် ခြောက်ဦးရှိ၍ စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ်မှာ ၄၄၁ ရှိသည်။[] (သို့) လစ်လပ်နေရာရှိပါက ပို၍ နည်းနိုင်သည်။ ၂၀၁၀ သန်းခေါင်စာရင်းအချက်အလက်အရ ကိုယ်စားလှယ်အများဆုံးရှိသည့် ပြည်နယ်မှာ ကယ်လီဖိုးနီးယားပြည်နယ်ဖြစ်၍ ၅၃ ဦး ရှိလေသည်။ ပြည်နယ်ခုနစ်ခုတွင် ကိုယ်စားလှယ်တစ်ဦးစီသာရှိ၍ ၎င်းတို့မှာ အလက်စကာပြည်နယ်ဒယ်လာဝဲပြည်နယ်မွန်တားနားပြည်နယ်မြောက်ဒါကိုတာပြည်နယ်တောင်ဒါကိုတာပြည်နယ်ဗားမောင့်ပြည်နယ်ဝိုင်းယိုမင်ပြည်နယ်တို့ဖြစ်ကြသည်။[]

အောက်လွှတ်တော်သည် ဖယ်ဒရယ်ဥပဒေပြုခြင်းများကို ကိုင်တွယ်လုပ်ဆောင်ရာ ဥပဒေကြမ်း (bill) များကို ထုတ်ပြန်ပေး၍ ထို့နောက် အထက်လွှတ်တော် ဆီးနိတ်၏ သဘောတူညီမှုဖြင့် သမ္မတဆီသို့ တင်ပြကြသည်။ အောက်လွှတ်တော်တွင် သီးသန့်အခွင့်အာဏာများရှိကြသည်။ ၎င်းတို့မှာ အခွန်ဘဏ္ဍာဥပဒေကြမ်းများကိုညစတင်ခြင်း၊ ပြည်ထောင်စု အရာရှိများကို တာဝန်မှဖယ်ရှားခြင်း၊ ပြည်ထောင်စုကိုယ်စားလှယ်များအဖွဲ့ (Electoral College) တွင် အများစုမဲကို သမ္မတလောင်းနှစ်ဦး၌ မည်သူမျှ မရရှိပါက သမ္မတကို ရွေးကောက်နိုင်သည်။[][] အမေရိကန်ပြည်ထောင်စု ကာပီတယ်လ် အဆောက်အအုံ၏ တောင်ဘက်ဆောင်သည် အောက်လွှတ်တော်၏ တည်နေရာဖြစ်သည်။

လွှတ်တော်နာယကကို လွှတ်တော်ကိုယ်စားလှယ်များက ရွေးကောက်တင်မြှောက်ကြပြီး ပုံမှန်မှာ အများစုအနိုင်ရပါတီ၏ ခေါင်းဆောင်ဖြစ်လေ့ရှိသည်။ ထိုသို့ နာယကနှင့် အခြားဆွေးနွေးပွဲ/အစည်းအဝေး ခေါင်းဆောင်များကို ဒီမိုကရက်တစ်ပါတီ သီးသန့်အဖွဲ့ငယ် (သို့) ရစ်ပါဘလစ်ကန်ပါတီညီလာခံတို့က မည်သည့်ပါတီသည် မဲပေးပိုင်ခွင့်ရှိ ကိုယ်စားလှယ်အရေအတွက် ရရှိမှုအပေါ်မူတည်၍ ရွေးချယ်ကြလေသည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads