အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်

From Wikipedia, the free encyclopedia

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်
Remove ads

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် (အတိုကောက် တမခ (၅၅))သည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့တွင် တည်ရှိသော ခြေမြန်တပ်မဌာနချုပ် တစ်ခု ဖြစ်သည်။ တမခ များ နှင့် စကခ များသည် ကက(ကြည်း) (စစ်ဆင်ရေး)၏ တိုက်ရိုက်ကွပ်ကဲစီမံသော တိုက်ခိုက်ရေးတပ်ဖွဲ့များဖြစ်ပြီး စစ်နယ်ဝန်းပုံသေမရှိဘဲ ရန်သူ၏ အင်အားအပေါ် မူတည်၍ လိုအပ်သလို စစ်ကစားနိုင်ရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်၏ တပ်မမှူးတာဝန်ထမ်းဆောင်နေသူမှာ ကြည်း ၃၀၁၈၆ ဗိုလ်မှူးကြီး အောင်စိုးမင်း ဖြစ်သည်။

အချက်တိုများ အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်, နိုင်ငံ ...
Remove ads

သမိုင်း

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ်ကို ၁၉၈၀ ပြည့်နှစ် ဧပြီလ (၄)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး၊ ပထမဆုံးတပ်မမှူးမှာ ဗိုလ်မှူးကြီး ဘုန်းမြင့် (ကြည်း - ၆၆၆၂) ဖြစ်သည်။

ဖွဲ့စည်းပုံ

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် အောက်ပါအတိုင်းဖွဲ့စည်းထားသည်။  

အမှတ်(၅၅၁)နည်းဗျူဟာအဖွဲ့

အမှတ်(၅၅၂)နည်းဗျူဟာအဖွဲ့

အမှတ်(၅၅၃)နည်းဗျူဟာအဖွဲ့

ခြေမြန်တပ်ရင်းများ

အမှတ်(၅၅)ခြေမြန်တပ်မဌာနချုပ် ၏ ကွပ်ကဲမှုအောက်တွင် ခြေမြန်တပ်ရင်း (၁၀)ရင်းရှိပြီး အောက်ပါအတိုင်းဖြစ်သည် -

  1. ခြေလျင်တပ်ရင်းအမှတ် (၃) - ကလောမြို့
  2. ခြေလျင်တပ်ရင်းအမှတ် (၇) - ကလောမြို့
  3. ခြေလျင်တပ်ရင်းအမှတ် (၉၄) - ရွှေညောင်မြို့
  4. ခြေမြန်တပ်ရင်းအမှတ် (၁၈) - ဟဲဟိုးမြို့
  5. ခြေမြန်တပ်ရင်းအမှတ် (၁၁၂) - ကလောမြို့
  6. ခြေမြန်တပ်ရင်းအမှတ် (၁၁၇) - ဟဲဟိုးမြို့
  7. ခြေမြန်တပ်ရင်းအမှတ် (၅၀၈) - ဗထူးတပ်မြို့
  8. ခြေမြန်တပ်ရင်းအမှတ် (၅၀၉) - ဗထူးတပ်မြို့
  9. ခြေမြန်တပ်ရင်းအမှတ် (၅၁၁) - တီကျစ်မြို့
  10. ခြေမြန်တပ်ရင်းအမှတ် (၅၁၂) - တီကျစ်မြို့

တို့ဖြစ်သည်။

Remove ads

တပ်မမှူးတာဝန်ထမ်းဆောင်ခဲ့သူများ

  1. ဗိုလ်မှူးကြီး ဘုန်းမြင့် (ကြည်း - ၆၆၆၂) (ဗသက - ၉) (၂၉-၃-၁၉၈၀ မှ ၂၂-၇-၁၉၈၃)
  2. ဗိုလ်မှူးကြီး ထွန်းရွှေ (ကြည်း - ၇၅၀၅) (၂၃-၇-၁၉၈၃ မှ ၄-၁၁-၁၉၈၅)
  3. ဗိုလ်မှူးချုပ် ကျော်မင်း (ကြည်း - ၇၁၂၆) (ဗသက - ၁၄) (၅-၁၁-၁၉၈၅ မှ )
  4. ဗိုလ်မှူးချုပ် လွန်းမောင် (ကြည်း - ၁၀၁၃၃)
  5. ဗိုလ်မှူးချုပ် အောင်ထွေး (ကြည်း - ၉၇၅၂) (ဗသက - ၂၉)
  6. ဗိုလ်မှူးချုပ် သန်းထွန်း
  7. ဗိုလ်မှူးချုပ် စိန်လင်း (ကြည်း - ၁၂၂၉၇) (စတသ - ၁၄)
  8. ဗိုလ်မှူးချုပ် သောင်းထိုက်
  9. ဗိုလ်မှူးချုပ် အေးခိုင် (ကြည်း - ၁၇၁၄၈) (ဗသက - ၆၃)
  10. ဗိုလ်မှူးချုပ် နိုင်နိုင်ဦး (ကြည်း - ၂၅၀၈၉) (စတသ - ၃၅)
  11. ဗိုလ်မှူးချုပ် ဇော်မျိုးဝင်း
  12. ဗိုလ်မှူးကြီး အောင်စိုးမင်း (ကြည်း - ၃၀၁၈၆)

ကိုးကား

နောက်ထပ်ကြည့်ရန်





Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads